87▪️88

3K 426 8
                                    

အခန်း (၈၇) - အရောင်းအဝယ်လုပ်ခြင်း (4)

အမျိုးသမီးက သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်တယ်။ "နင်က ငါ့ထက်တောင် ဆိုးနေတာပဲ။ အနည်းဆုံးတော့ ငါ့‌ယောက်ျား‌ဟောင်းက ကြင်နာမှု နည်းနည်းရှိသေးတယ်။ သူက သူငွေနဲ့ အိမ်ကို ငါ့အတွက် ချန်ထားပေးခဲ့လို့ပေါ့။ မဟုတ်ရင် ငါကိုယ်ပိုင်အထည်ဆိုင်တောင်မှ ဖွင့်နိုင်မှာ မဟုတ်တော့ဘူး။ "

ရှုယန် မျက်တောင် တဖျပ်ဖျပ်ခပ်လိုက်တယ်။ မကွာရှင်းခင် သူမယောက်ျားဆီက အရာအားလုံးကို လက်လွှဲပေးဖို့ ဖိအားပေးခဲ့တယ် ဆိုတာကိုတော့ မပြောတော့ပါဘူး။ အထင်အမြင်လွှဲမှားသွားမှာတွေကို ထိန်းသိမ်းထားရမယ်လေ။

"ကျွန်မ ပညာရေးက သိပ်မကောင်းတော့ အလုပ်ကောင်းကောင်း မရနိုင်ဘူးလေ။ ကလေးနှစ်ယောက်ပျိုးထောင်စရိတ်က အရမ်းမြင့်တာဆိုတော့ ကျွန်မလည်း ကိုယ်ပိုင်စီးပွားရေးလေးလုပ်ဖို့ စီစဉ်နေတာ။ ဒါက ကျွန်မ အရောင်းဝယ်လုပ်တာ ပထမဆုံးအကြိမ်လေ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ ရှင့်လို လူကောင်းနဲ့ ဆုံမိတာပဲ။" ဖြည်းဖြည်းချင်း ရှုယန်က သူမအကြောင်းတွေကို ပိုပြီးမျှဝေပြောပြလိုက်တယ်။

"နင်က ဒီကို ပထမဆုံး ရောက်ဖူးတာလား။" အသက်ကြီးကြီး အမျိုးသမီးက ရှုယန်ကို အထက်အောက် စုန်ဆန်ကြည့်လိုက်တယ်။ "အခုက အလုပ်သွားမှာ မဟုတ်ဘူးလေ။ နင် သားရေအိတ်တစ်အိတ်နဲ့ ကတ်ကြေးတစ်လက် ယူလာဖို့လိုတယ်။ အဲ့ပြုံးနေတဲ့ လူတွေဆီကနေ လှည့်စားမခံရစေနဲ့။ ကုန်ပစ္စည်း စလုကြပြီဆိုရင် သူတို့က လူကြမ်းတွေ ဖြစ်သွားလိမ့်မယ်။"

"ကုန်ပစ္စည်းလုတာ?" ရှုယန်က အရိုးခံအတိုင်းပဲ အဲ့ဒါနဲ့ ပတ်သတ်ပြီး မစဉ်းစားမိဘူး။

"နင် ပစ္စည်းကောင်းတွေ လုဖို့လိုတယ်လေ။ ပစ္စည်းကောင်းတွေ လုနိုင်တဲ့သူက ငွေရှာနိုင်လိမ့်မယ်။" အသက်ကြီးကြီး အမျိူသမီးက ရှုယန်ကို တစ်ဖက်ကို ခေါ်သွားပြီး သူမရဲ့ လှည့်ကွက်တွေကို သင်ပေးခဲ့တယ်။ "ဒီလိုလုပ်။ အထဲဝင်တဲ့အချိန်ကျရင် ငါ့နောက်က လိုက်ခဲ့။ ငါက "မြန်မြန်လုပ်" လို့ပြောလိုက်တာနဲ့ နင် ချက်ချင်း ဆွဲယူပေတော့။ နင်ဆွဲယူနိုင်သလောက် များများ ဆွဲယူရမယ်။ ပစ္စည်းတွေ နင့်လက်ထဲရောက်တာနဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား။ တစ်ယောက်ယောက်က နင့်ဆီက လာလုဖို့ကြိုးစားရင် သူတို့ကို နင့် ကတ်ကြေးနဲ့ ထိုးပစ်လိုက်။ဒါပေမယ့် သူများကတ်ကြေးတွေကိုလည်း သတိထားစောင့်ကြည့်ဦး။ နင့်ပစ္စည်းတွေ ဆွဲယူနေတဲ့အချိန်တွင်းမှာလည်း လူတွေက နင့်ကို ကတ်ကြေးနဲ့ထိုးဖို့ ကြိုးစားကြလိမ့်မယ်။ဒီမှာ ငါ့လက်က အမာရွတ်ကိုကြည့်။ တစ်ယောက်ယောက်ထိုးသွားတာလေ။ နင်အထဲရောက်တာနဲ့ အခြေအနေက ပရမ်းပတာ ဖြစ်သွားပြီး နင့်ကို ဘယ်သူထိုးသွားလဲ သိမှာတောင် မဟုတ်တော့ဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ တာဝန်ယူခိုင်းလို့ ရမှာမဟုတ်ဘူး။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now