188▪️189▪️190

2.2K 311 5
                                    

အခန်း (၁၈၈) - "အမေ၊ ဆိုးတာတစ်ခုခု လုပ်ခဲ့တာလား" (2)

"ရတယ်။ အခုက ဆောင်းရာသီဆိုတော့ အစက်အပြောက် ဖယ်ဖို့အတွက် အကောင်းဆုံး ရာသီပဲ။ မင်း ဒီနေ့ ဖယ်ချင်ရင် ငါတို့ ဆက်လုပ်လို့ရတယ်။ ပြီးရင်တော့ မင်း နေရောင်အောက် ၇ ရက် သွားလို့ မရဘူး။ ဖြစ်နိုင်ရင် တစ်လလောက် နေရောင်အောက် မသွားနဲ့ " ဒေါက်တာက လုပ်ထုံးလုပ်နည်းကို လိုက်နာကာ ကြိုတင်ကာကွယ်မှုအားလုံးကို ဂရုတစိုက် နားထောင်ခိုင်းတယ်။

"ကျွန်မက အိမ်မှာ တစ်ချိန်လုံး နေရမှာလား"

"မဟုတ်ဘူး။ မင်း အပြင်ထွက်တဲ့အချိန် မင်းကိုယ်မင်း နေရောင်ကာဖို့ လိုတယ်လို့ ဆိုလိုရုံပဲ။ ဖြစ်နိုင်ရင် မျက်နှာဖုံး၊ နေကာ နဲ့ ဦးထုပ် ဒါမှမဟုတ် ထီးတစ်ချောင်းနဲ့ ဖြစ်ဖြစ်ပေါ့။ နေရောင်က မင်းကို ပိုမဲ လာစေပြီး မင်းရဲ့ အခြေအနေကို ပိုဆိုးရွားစေလိမ့်မယ်" ဒေါက်တာ ဖြစ်နိုင်ချေရှိတဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းပြဖို့ ကြိုးစားလိုက်တယ်။

"နောက်ပိုင်းကျရင် ဘယ်လို ဘေးထွက်ဆိုးကျိုးမျိုး ရှိလာလောက်လဲ" အဲ့ဒါက ရှုယန်ရဲ့ အကြီးမားဆုံး ပူပန်ရခြင်းကြီးပဲ။ နေရောက်အောက်ကို တစ်ပတ်အကြာ ဒါမှမဟုတ် တစ်လအကြာ ရှောင်ရှားတာက အဆင်ပြေပါတယ်။ သူ့မ လက်ကျန်ဘဝ တစ်လျှောက်လုံးတော့ နေရောင်ကို မရှောင်ရှားနိုင်ဘူး။

" လူတွေက အသားရည် နည်းနည်း ကွာခြားတာဆိုတော့ သူတို့ရဲ့ ပြဿနာတွေကလည်း အနည်းငယ်ကွာခြားမှုရှိလိမ့်မယ်။ လူတချို့က ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘူး။ တခြားသူတွေကျတော့ နည်းနည်းပိုပြီး အထိခိုက်မခံဖြစ်နိုင်တယ်။ သူတို့ထဲက ဘယ်သူ့မှတော့ ပြဿနာကြီးမားမား မရှိဘူး။ရေပုံမှန်သောက်ဖို့ လိုရုံပဲ။ ပြီးတော့ နေရောင်အောက် လုံးဝ ထွက်လို့မရဘူးလိုတော့ ငါမပြောပါဘူး။ ကာလရှည်တစ်ခုအကြာလောက် နေရောင်အောက် တိုက်ရိုက် မဖော်ပြဖို့ပဲ။ ပုံမှန်လူတစ်ယောက် ဆိုရင်တောင် နေရောင်နဲ့တိုက်ရိုက်ထိတွေ့လိုက်ရင် အသားရောင်ရဲလာပြီး အထိမခံနိုင်ဖြစ်လိမ့်မယ်။အစက်အပြောက်တွေလည်း ဖြစ်လာလိမ့်မယ်။ ငါမင်းကို နားလည်စေချင်တဲ့ အရာက.. လေဆာ ခွဲစိတ်ကုသမှုက အနာဂတ်မှာ အစက်အပြောက် ထွက်လာတာကနေ ကာကွယ်ပေးမှာ မဟုတ်ဘူးနော်။ အဲ့ဒါက အံ့ဖွယ်သရဲ မဟုတ်ဘူး။ နောက်လည်း အားစိုက် ထိန်းသိမ်းဖို့ လိုလိမ့်မယ်။" ဒေါက်တာက ရှုယန် ပူပန်မှုကို စိတ်ရှည်လက်ရှည်နဲ့ ဖြေကြားပေးတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now