58▪️59

3.9K 559 6
                                    

အခန်း(၅၈)-ဝိတ်ချ (1)

အဆုံးမှာ‌တော့ ဒါက အပြိုင်ကမ္ဘာတစ်ခုပဲလေ။ ဒီကမ္ဘာနဲ့ ရှုယန်ရဲ့ကမ္ဘာကြားမှာ သိသာမြင်သာတဲ့ ခြားနားချက်တွေရှိတယ်။ ဥပမာအနေနဲ့ ရှုယန်ရဲ့ကမ္ဘာမှာ အခုထိ မဖွံ့ဖြိုးသေးတဲ့နေရာတချို့က ဖွံ့ဖြိုးနေပြီ။ သူမကမ္ဘာမှာ ဖွံ့ဖြိုးပြီးတဲ့တခြားနေရာတွေက ဖွံ့ဖြိုးတိုးတက်မယ့် လက္ခဏာရှိမနေဘူး။ သူမ တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းရမယ်။ နန်မြို့တော်က နိုင်ငံထဲမှာ အကြီးဆုံးမြို့ထဲက တစ်မြို့ပဲ။ အနာဂတ်ကျရင် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာမှာပဲ မဟုတ်လား။ ကုမ္ပဏီတွေအတွက် မြေလုံလောက်မှုမရှိကြဘူးလေ။ တစ်ချိန်ချိန်တော့ ဖွံ့ဖြိုးတိုးတက်လာမှာ သေချာပါတယ်။

ဘယ်သူမှ မတုံးအကြဘူး။ နိုင်ငံက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပြီး နန်မြို့တော်ကလည်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုတယ်။ နယ်ခံတွေအားလုံးက ရင်းနှီးမြှုပ်နှံသူတွေ သူတို့မြေတွေကို ဝယ်ယူပြီး အချိန်တိုအတွင်း ချမ်းသာလာမှာကို စောင့်နေကြတာ။ လူတိုင်းက သူတို့အိမ်တွေကို တွယ်ကပ်ထားပြီး ချက်ချင်းတော့ ဘယ်သူ့မှရောင်းကြမှာ မဟုတ်ဘူး။

၁၉၉၁နောက်ပိုင်းမှာ အဝယ်ခံရဖို့စောင့်နေတဲ့ ဘယ်သူမှမနေတဲ့ အိမ်အချို့ကို ဝယ်တာက ‌အကောင်းဆုံးပဲ။ ဒါဆို တကယ့်ကို အချိန်တိုအတွင်း ချမ်းသာလာလိမ့်မယ်။

မနက်ခင်းမှာ ပတ်ဝန်းကျင်တစ်ဝိုက် လမ်းပတ်လျှောက်ပြီးနောက် ရှုယန်တစ်ယောက် ပတ်ဝန်းကျင်က နယ်မြေတွေနဲ့ ပတ်သတ်ပြီး စိတ်ကူးကောင်းတွေ ပိုရလာတယ်။ သူမ ဒီနေ့တော့ နည်းနည်းအဝေးထိ ခရီးပေါက်နိုင်မှာ မဟုတ်ဘူး။ အိမ်ပြန်ပြီး ကလေးတွေအတွက် ချက်ပြုတ်ရမယ့်အချိန်ပဲ။

ယဲ့ထျန်းပေါင်ရဲ့ သူငယ်တန်းက နေ့လည်စာ စီစဉ်ပေးလိမ့်မယ်။ ဒါပေမယ့် ယဲ့ကျင်းကျင်းရဲ့ ကျောင်းမှာတော့ ကိုယ်တိုင်ယူစနစ်နဲ့ စားသောက်ဆိုင် မရှိဘူး။ မိဘအများစုက သူတို့နဲ့အတူ ကျောင်းကို ယူသွားဖို့ ကလေးအတွက် အပူခံဘူးထဲမှာ အစားအစာတွေကို ကြိုထည့်ထည့်ထားပြီး အချိန်စောလျက် ပြင်ဆင်ထားကြလိမ့်မယ်။ အဲ့နည်းနဲ့ဆို ပူပြင်းတဲ့နွေရာသီကြီးမှာ သူမလည်း သွားသွားပြန်ပြန် လုပ်ဖို့လိုမှာမ‌ဟုတ်တော့ဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Tempat cerita menjadi hidup. Temukan sekarang