85▪️86

3.1K 427 6
                                    

အခန်း(၈၅) - အရောင်းအဝယ်လုပ်ခြင်း (2)

နောက်နေ့က အားလပ်ရက်ဖြစ်တယ်။ ရှုယန် အိမ်သစ်ပြုပြင်မွမ်းမံခြင်းရဲ့  ပြီးစီးမှု အခြေအနေကို စစ်ဆေးဖို့ သွားလိုက်တယ်။ လေသာဆောင်နဲ့ ရေချိုးခန်းတွေက ပြီးစီးသွားပြီ။ ဗီရိုကလည်း ပြီးခါနီးနေပြီ။ လက်ရှိနှုန်းထားအရဆိုရင် နှစ်သစ်ကူးပြီးရင် ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ အလုပ်အသမားခေါင်းဆောင်က ပြောပြလာတယ်။

သူပြောသလို ဖြစ်နိုင်ပေမယ့် ရှုယန်ကတော့ အလျင်စလို ပြောင်းရွှေ့ဖို့ အစီအစဉ်မရှိပါဘူး။ အိမ်တစ်လုံး လေကောင်းလေသန့်ရှိဖို့ အနည်းဆုံး အချိန် သုံးလလိုတယ်။ ခြောက်လလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ သိပ် အလျင်မလိုပါဘူး။ လုံခြုံမှုရှိဖို့က အဓိကပဲ။

"လောင်ပန်နျောင်၊ နံရံကို ဒီလိုထားချင်တာလား၊ ဟုတ်တယ်မလား"

"ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မ အဲ့ပေါ်မှာ ကလေးတွေရဲ့ အရပ်အမြင့်မှတ်ဖို့နဲ့ နံရံကပ်ပုံတွေ ပြင်ဆင်မလို့လေ။ အရင် ဒီဇိုင်းပုံစံကို ဖယ်ရတော့မှာပေါ့"

အိမ်ထဲမှာ အခန်း ၃ ခန်းရှိတယ်။ ရှုယန်ကတော့ ထုံစံအတိုင်း အဓိက အိပ်ခန်းယူမှာပေါ့။ လေသာဆောင်ပါတဲ့ ဒုတိယအိပ်ခန်းက သူမ သမီးအတွက်။ အသေးဆုံးခန်းကတော့ သူမ သားအတွက် ထားမယ်။ မိန်းကလေးတွေက ပစ္စည်းတွေများ တော့ ပိုကြီးတဲ့အခန်းလိုတယ်။ သူမ (ကျင်းကျင်း) ပန်းပင်လေးတွေလည်း စိုက်လို့ရပြီး လေသာဆောင် ပေါ်မှာ အသေးအဖွဲ အရာလေးတွေလည်း ထားလို့ရတာပေါ့။ ယောက်ျားလေးကတော့ အိပ်ဖို့ နေရာတစ်ခုပဲ လိုပါ‌တယ်လေ။

သူမ အိမ်ကို ပြုပြင်မွမ်းမံခြင်းက ဆိုင်ကိုပြင်ဆင်မွမ်းမံခြင်းနဲ့ မတူဘူး။ သူမက ဒီအိမ်မှာ ဆက်လက်နေထိုင်သွားရမှာ။ အကောင်းဆုံးပစ္စည်းတွေကို ရွေးချယ်ဖို့လိုပြီး အားလုံးကို အရမ်း သေးစိတ်ကျကျ ဖြစ်ဖို့လိုတယ်။ ဆိုင်က အငှားဆိုတော့ သာမညောင်ညဆို အဆင်ပြေမှာပါ။ လုပ်ငန်းရဲ့ အရှုပ်ထွေးဆုံး အစိတ်အပိုင်းက မှန်နံရံတွေနဲ့ အဝတ်လဲခန်းပဲ ဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now