404▫️405▫️406

1K 159 0
                                    


အခန်း (၄၀၄)

လေထုက ခဏလောက်အေးခဲ့သွားခဲ့ပြီး ရှု ကျန့်ယန် ပါးစပ်ဖွင့်လိုက်တယ်။ "မင်းသိသွားပြီလား။"

" အရင်က မသေချာပေမယ့် အခု သေချာသွားပြီ" ရှုယန် စိတ်မဆိုးပါဘူး။ ရှုကျန့်ယန် လီကျောင်းကျောင်းကို သဘောကျရင်တောင် ရှုယန် စိတ်ဆိုးမှာ မဟုတ်ဘူး။ သူ ဘယ်သူ့သဘောကျကျ ရှုကျန့်ယန်ရဲ့ အခွင့်အရေးဖြစ်တယ်။ သူတို့အချင်းချင်း စကားပြော နည်းသွားကြရုံပေါ့။

" မြောင်မြောင်က လီကျောင်းကျောင်းရဲ့ ဝမ်းကွဲဆိုပေမယ့် အရမ်းကွာပါတယ်။" ရှုကျန့်ယန်က ရှင်းပြဖို့ ကြိုးစားရင်း ထစ်ငေါ့သွားတယ်။" ငါတို့ တွေ့တဲ့ အချိန်က...သူမက လီကျောင်းကျောင်းရဲ့ ပတ်သက်တယ်ဆိုတာ ငါ တကယ်မသိဘူး.... ငါတို့ စချိန်းတွေ့ပြီး တစ်ယောက်နဲ့ တစ်ယောက် ကောင်းကောင်း သိလာမှ...သူမက လီကျောင်းကျောင်းရဲ့ ဝမ်းကွဲဆိုတာ ငါသိခဲ့တာ"

လီမြောင်မြောင်က လီကျောင်းကျောင်းရဲ့ ဝမ်းကွဲဆိုတာ ရှုကျန့်ယန် တကယ် မသိဘူး။ သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ စိတ်နေသဘောထားတွေက အရမ်းကွဲပြားတယ်။

လီမြောင်းမြောင် အကြောင်းပြောရရင် သူမအဖေအကြောင်း ပြောရမယ်။ သူမအဖေနဲ့ လီကျောင်းကျောင်းရဲ့ အဖေက ညီအစ်ကိုတွေ ဖြစ်တယ်။ လီကျောင်းကျောင်းရဲ့ အဖေက အကြီးဆုံး ဖြစ်ပြီး အားလုံးက အကြီးဆုံးလီအဖြစ် သူ့ကို ရည်ညွှန်းကြတယ်။ လီမြောင်မြောင်အဖေက ဒုတိယကလေးဖြစ်ပြီး သူကို ဒုတိယလီအဖြစ် ရည်ညွှန်းတယ်။ ဒုတိယလီက အကြီးဆုံးလီထက် ပိုထက်မြက်တယ်။ သူက သာမန်ကျောင်းတစ်ကျောင်းကို ဝင်ခွင့်ရခဲ့ပြီး မြို့တော်မှာ ဆရာတစ်ယောက် ဖြစ်လာ၍ မြို့က ဇနီးကို လက်ထပ်ခဲ့ပြီး အခြေအနေက ခုန်တက်သွားခဲ့တယ်။

ထိုအချိန်တုန်းက ကျောင်းသားတစ်ယောက်ကို ထောက်ပံ့ဖို့ဆိုတာ ရွာက မိသားစုတွေအတွက် မလွယ်ကူလှဘူး။ ဒုတိယလီကို ကျောင်းထားရန်အလို့ငှာ အကြီးဆုံးလီက အသက် ၂၆ ထိ လက်မထပ်နိုင်ခဲ့ဘူး။ အဲ့အရွယ်က ရွာမှာဆို အသက်အရမ်းကြီးနေပြီ ဖြစ်တယ်။ ဒါကြောင့် ဒုတိယလီ အလုပ်စလုပ်တဲ့ အချိန်မှာ သူ့အစ်ကိုကြီးအတွက် အများကြီး အနစ်နာခံပြီး ကူညီပေးခဲ့တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Unde poveștirile trăiesc. Descoperă acum