116▪️117▪️118

2.7K 423 5
                                    

အခန်း (၁၁၆) - ပြဿနာတက်ခြင်း (3)

"ရှင် ကျွန်မကို ငွေဖြတ်ပိုင်း အရင်ပြလို့ရမလား။ အဆင်ပြေပါတယ်ရှင်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ရှင့်အတွက် ဒါကို ကျွန်မတို့ ဖြေရှင်းပေးမှာပါ။လာပါ။ ဆိုဖာမှာ ထိုင်ပါအုံး။ ရွှီရွှီရေ… ဒီအမျိုးသမီးအတွက် ရေတစ်ခွက်ထည့်ခဲ့ပါအုံး။ ရှုယန်က အမျိုးသမီးကို ဆိုဖာဆီ ဖိတ်ခေါ်လိုက်ပြီး ညင်သာတဲ့လေသံနဲ့ စကားစမြည် ပြောလိုက်တော့ အမျိုးသမီးက လျှင်လျှင် မြန်မြန်ပဲ ငြိမ်သက်ကျသွားတယ်။

ဒီလှည့်ကွက်ကို အရင်ရက်က အိမ်ရာစီရာခံခွဲရေး မန်နေဂျာဆီက သင်ယူခဲ့တာ။ တစ်စုံတစ်ယောက် ဒေါသထွက်နေရင် မည်သည့်အရာကိုမဆို မြင်ကြည့်ဖို့ ခက်ခဲတယ်။တစ်ယောက်ယောက်သာ သူတို့ကို ညင်သာတဲ့လေသံနဲ့ ပြောလိုက်သ၍ အခြေအနေက အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး လေထုက ပြေလျော့သွားမှာဖြစ်ကာ တခြားရပ်ကြည့်နေသူတွေက ဆင်ခြင်ဉာဏ်ရှိရှိပဲ လှည့်ထွက်သွားမှာ ဖြစ်တယ်။

ရေတစ်ငုံသောက်ပြီးတော့ အမျိုးသမီးရဲ့ အသံက အများကြီး လျော့ကျသွားတယ်။

"မနေ့က ဒီမှာ လူတွေအများကြီး အဝတ်စားဝယ်နေကြတာ ငါမြင်ခဲ့တယ်။ ဒါကြောင့် ငါလည်း ငါ့အတွက် ဂျင်းဘောင်းဘီ ဝယ်ခဲ့တာ။ လူတွေ အများကြီးရှိနေပြီး နင်တို့ကလည်း အရမ်းအလုပ်ရှုပ်နေတော့ ငါလည်း စမ်းမဝတ်ကြည့်ဘဲနဲ့ ဝယ်လိုက်တယ်။ ဒီမနက် ငါစမ်းဝတ်ကြည့်တော့မှ အဲ့အပေါက်ကြီးကို သတိထားမိခဲ့တယ်။ ငါ နင်တို့ကို ညာနေတယ်လို့တော့ မထင်ဘူးမဟုတ်လား။ ဘောင်းဘီအစားပေးဖို့ မလိုပါဘူး" အဲ့လိုပြောရင်း သူမက ယင်ယင်ကို လှမ်းကြည့်လိုက်တယ်။

ရှုယန်လည်း သူမကို ကြည့်လိုက်တယ်။ အမျိုးသမီးကို ပိုပြီး စိတ်အနှောက်အယှက်ဖြစ်အောင် ယင်ယင်က စောစောက တစ်ခုခုကို ပြောခဲ့တာ ဖြစ်ရမယ်။

"သူမက သေချာ မစဉ်းစားတက်ရုံပါပဲ။ အရင်ဆုံး စိတ်လျော့ပါအုံး။ ပြဿနာ ဖြစ်တယ်ဆိုတည်းက ကျွန်မတို့က ပြဿနာကို သေချာပေါက် ဖြေရှင်းပေးမှာပါ။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်မ ရှင့်ကို အစားထိုးတစ်ထည် ပြန်ပေးမယ်လေ။ ဒါ့အပြင် နောက်တစ်ခါလာဝယ်ရင် ၅%လျော့ဈေးရနိုင်မယ့် မန်ဘာဝင်ကဒ်လည်း ပေးမယ်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Donde viven las historias. Descúbrelo ahora