407▫️408▫️409

1.2K 176 2
                                    


အခန်း (၄၀၇)

သူမက သေချာပေါက် ကူညီမှာ ဆိုပေမယ့် အဆုံးမှာတော့ ရှုလီ ကိုယ်တိုင် ရပ်တည်နိုင်ရမှာ ဖြစ်တယ်။

ရှုယန် သူမရဲ့ ဒုတိယအစ်မရဲ့ ပင်ကိုစရိုက် ကို သေချာပြန်စဉ်းစားကြည့်လိုက်တယ်။ သူမရဲ့ စရိုက်က မူလပိုင်ရှင်ထက် ပိုသန်မာပေမယ့် သိပ်အများကြီးလည်း မဟုတ်ဘူး။ မဟုတ်ရင် သူမ ယောက္ခမတွေ သူမကို ဆိုးဆိုးဝါးဝါး ဆက်ဆံတာကို ခွင့်ပြုထားမှာ မဟုတ်ဘူး။ ရှုယန် သူမကို ကူညီမယ် ဆိုရင် ရှုယန်ရဲ့ အတွေးကတော့ မိသားစုကို စွန့်ခွာခိုင်းဖို့ ဖြစ်တယ်။ အစ်မ(၂) က စွန့်ခွာဖို့ ဆန္ဒမရှိမှာပဲ စိုးတယ်။

"အစ်မ (၂)၊ အစ်မ (၂) အဲ့မိသားစုနဲ့ ဆက်နေမယ်ဆိုရင် ဒီတစ်ကြိမ် ကျွန်မကူညီနိုင်တယ်ဆိုရင်တောင် နောက်တစ်ကြိမ် ထပ်ဖြစ်အုံးမှာပဲ။" အဲ့စကားကို ပြောပြီးမှ သူမ မေးလိုက်တယ်။" ကျွန်မကို ဘာလုပ်စေချင်လဲ "

အစ်မ (၂)က ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ရှုယန်ကို ကြည့်လိုက်တယ်။ "ကွာရှင်းမယ်။ ငါနင့်လိုမျိုး ဖြစ်ချင်တယ်။ ငါ ကွာရှင်းချင်တယ်။ ကလေးကို ငါ့ဘာ ငါ ပျိုးထောင်မယ်ဟာ။ ငါတို့ ဘေးအိမ်မှာ နေတဲ့ အမျိုးသမီးဆို ယန်မြို့တော်မှာ အလုပ်လုပ်တာ တစ်လ ယွမ် ၄၀၀-၅၀၀ ရတယ်တဲ့။ ငါအလုပ်ကြိုးစားလိုသ၍ ငါ့ကိုယ်ငါနဲ့ ငါ့ကလေးကို ထောက်ပံ့နိုင်မှာပါ။"

သူမရဲ့ တုန့်ပြန်မှုက ရှုယန်ကို လန့်သွားစေတယ်။ သူမ အစ်မဆီက အဲ့စကားထွက်လာမယ်လို့ မမျှော်လင့်ထားဘူး။

ရှုယန် လန့်သွားတာကို မြင်တော့ ရှုလီ ခါးသက်သက် ပြုံးပြီး ပြောလိုက်တယ်။" ဒီအတိုင်းသာဆို ငါနဲ့ငါ့ကလေး သေရလိမ့်မယ်။ ငါ့အတွက် မဟုတ်ရင်တောင် သူတို့အတွက် ဒါကို လုပ်ကို လုပ်ရမယ်"

ဖျင်အန်းကို ကုသဖို့ မိသားစုက ငွေတွေ အများကြီး သုံးပြီးပြီ ဖြစ်တယ်။ သူ့အဘွား မပြောနဲ့။ ဖျင်အန်းကို မြင်ရင် သူ့အဖေတောင် စပြီး စိတ်ပျက်လာပြီဖြစ်ပြီး သူ့အစ်မရဲ့ အကြံပြုချက်ကို ဘယ်သူ့မှ မကန့်ကွက်ကြတော့ဘူး။ သူ့ ဒါကို သဘောတူလိုက်ချိန်မှာပဲ ဖျင်အန်းကို စွန့်လွှတ်ပြီးသား ဖြစ်နေပြီ ဖြစ်တယ်။ မကုသရင် ဖျင်အန်း သေလိမ့်မယ်။ ဝင်ငွေလမ်းမရှိဘဲ အိမ်မှာနေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ ရှုလီအနေနဲ့ အိမ်မှာ အာဏာ မရှိဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now