95▪️96

3K 425 7
                                    

အခန်း (၉၅) - တိရစ္ဆာန်ဥယာဉ် (2)

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ မနက်ဖြန် ဒီလိုအချိန်ပါပဲ။ အားလုံး စိတ်ကျေနပ်စေမယ့် အဖြေကို ဖြေပေးပါ့မယ်" အိမ်ရာစီမံခန့်ခွဲရေး မန်နေဂျာက စိုးရိမ်သွားတယ်။သူတို့ကလေးတွေအတွက်ဆို မိဘတွေက ရူးသွပ်တဲ့အရာအားလုံး လုပ်လိမ့်မယ်လို့ သူမသေချာပေါက်ယုံတယ်။

"အခု ငါတို့ ဒီပဲ ရောက်နေပြီ။ ကျောင်းပြင်ပကျူတိုရီရယ်ကိစ္စကိုရော ဘာကြောင့် စာရင်း မရှင်းရမှာလဲ"မိဘတစ်ယောက်က ပြောလိုက်တယ်။

ရှုယန် အပါအဝင် လူတိုင်းက သူမကို လှည့်ကြည့်ကြတော့တယ်။

အစကတော့ ကျူတိုရီရယ်စင်တာက ကလေးအရွယ်ဟာ ဘာသာစကား စတင်သင်ယူဖို့ အကောင်းဆုံးအချိန်ပဲ ဆိုတဲ့ မူကြိုကျောင်းအုပ်ကြီးနဲ့ ဆရာမတွေ ပြောတဲ့အတိုင်း နိုင်ငံခြားသား ဆရာတွေနဲ့အတူ ဝန် ထမ်း အင်အားကို ကြွားလုံး ထုတ်ခဲ့တယ်။အဓိကကတော့ စာရင်းမသွင်းခဲ့ရင် ကလေးတွေ ဖယ်ကြဉ်ခံရမှာ ဒါမှမဟုတ် ပြဿနာဖြစ်မှာ၊ ဆရာမတွေက သူတို့ကို ခွဲခြားဆက်ဆံခံရမှာကို စိုးရိမ်ပြီး စာရင်းသွင်းခဲ့ကြတဲ့ မိဘမျိုးများ တွေ့ဖူးကြတယ်။ တစ်လဒေါ်လာ တစ်ရာက ဈေးမချိုလှဘူး။ ဒါပေမယ့် မိဘများဟာ အံတင်းတင်းကြိတ်ပြီး သူတို့ကလေးတွေအတွက် ငွေထုတ်ကြတယ်။

ပထမအပတ်ကတော့ တကယ်ကို နိုင်ငံခြားသား ဆရာတွေ သင်ကြားပေးတာပါပဲ။ တစ်ပတ်ကြာပြီးနောက်မှာတော့ နိုင်ငံခြားသား ဆရာတွေရဲ့ အချိန်တွေ တဖြည်းဖြည်း နည်းလာတာကို မိဘတွေ သတိထားမိလိုက်တယ်။ မူကြိုကျောင်းက ဆရာမတွေကပဲ သူတို့ကလေးတွေကို သင်ပေးနေတယ်။ မိဘတွေက ဒီအကြောင်းနဲ့ပတ်သတ်ပြီး အရင်က ပြောခဲ့ဖူးပေမယ့် ဆရာမတွေ ကလေးတွေကို နှိပ်စက်မှာကို စိုးရိမ်ပြီး တိတ်တိတ်နေဖို့ ရွေးချယ်ခဲ့ကြတယ်။

" ကျူတိုရီရယ် စင်တာက သိသိသာသာ ကို ဈေးချပေးပြီး အမြတ်ကြီးစားတဲ့ စီမံကိန်းပဲ။ ကျူတိုရီရယ် စင်တာကို လုံးဝဖျက်သိမ်းဖို့ အကြံပြုပါတယ်။ မူကြိုကျောင်းသင်နေတဲ့ ဆရာမတွေပဲ သင်နေမှာတော့ ငါတို့ကလေးကို စောင့်ရှောက်ပေးမယ့်ဆရာမတွေကို ငါတို့ ဘာငါတို့ ဆုံးဖြတ်ရုံပဲပေါ့။ ငါတို့ သူတို့ အချိန် အတွေအတွက် ခဏ ကြေးငွေတိုက်ရိုက်ပေးလိုက်မယ်။ အားလပ်ရပ်အတွက်လည်း အတူတူပဲ။ ဘယ်သူက ကလေးတွေကို သူတို့ ဘာသူတို့ အိမ်မှာမထိန်းနိုင်လို့လဲ။ အိမ်မှာ ဂရုမစိုက်အားတဲ့သူတွေက ကျောင်းမှာ လာထားပြီး ထိုက်သင့်သလောက် ပေးပေါ့။ ဒေါ်လာ ၁၀၀ ဆိုတာကတော့ နည်းနည်းမြင့်တယ်လေ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now