12▪️13▪️14▪️15

5.1K 682 36
                                    

Unicode

အခန်း(၁၂)-ပစ္စည်း သက်သေ (1)

"ကျွန်မတို့စကားမပြောခင် ရှင် အင်္ကျီအရင် ဝတ်သင့်တယ်မဟုတ်လား"ထောင့်နားက ယဲ့ကျစ်ချန်းက သူ့ရဲ့ မဖော်အပ်သောအရာကိုအုပ်ပြီး ထိုင်ချလိုက်တယ်။

"အိုး? မင်းက ရှက်ရမှန်း သိသေးတာလား? ဒါဆို ဘာလို့ ဒီလိုလုပ်ခဲ့သေးလဲ?လွန်ခဲ့တဲ့ ဆယ်နှစ်ကသာ ဒီအတိုင်းဖြစ်ခဲ့ရင် မင်း သေဒဏ်ပေးခံရမှာ"ရှုကျန့်ယန်က ကင်မရာကိုင်ဆောင်ထားတဲ့ လူဘက် မလှည့်မီ သူ့တို့ကို စေ့စေ့စပ်စပ် ကြည့်လိုက်တယ်။" သူတို့ကို ဘယ်လိုမြင်လဲ?"

"အရမ်းအံ့ဩစရာကောင်းတယ်၊ ထိပ်တန်းရုပ်ရှင်တောင် ဒီလောက် ကောင်းမှာမဟုတ်ဘူး" ထိုလူက စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

အဲ့စကားကို ကြားတော့ ယဲ့ကျစ်ချန်းနဲ့ လီကျောင်းကျောင်းရဲ့ နှလုံးသားလေးမှာ ကျဆင်းသွားတော့တယ်။ ရှုကျန့်ယန်ပြောခဲ့သလိုပဲ ဒီပုံတွေသာ ပေါက်ကြားသွားခဲ့ရင် လွန်ခဲ့တဲ့ဆယ်နှစ်ကဆို သူတို့ပုံတွေ လမ်းပေါ်မှာ ချိတ်ဆွဲခံရမှာ။ဖြိုခွင်းခြင်း ကာလမှာ သာဆို ချက်ချင်းကို သေဒဏ်စီရင် ခံရလိမ့်မယ်။ယခုဆို နိုင်ငံရေး ပတ်ဝန်းကျင်က နည်းနည်း လျှော့ပေါ့ မှုတွေ ရှိနေသော်လည်း ယေဘုယျအားဖြင့်တော့ ရှေးရိုးဆန်ပဲ ဖြစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ပုံတွေက နေ့အလင်းရောင်ကို မြင်ခွင့်ရမှာ မဟုတ်ဘူး။

လီကျောင်းကျောင်းက ယဲ့ကျစ်ချန်း ထက်တောင်မှ ပိုပြီး ကြောက်လန့်နေခဲ့တယ်။သူမက အကောင်ဆုံးကောလိပ် တက်နေတာ မဟုတ်သော်လည်း ကျောင်းပြီးရင်တော့ ဘွဲ့ရနိုင်သေးဆဲ ဖြစ်တယ်။သူမက ထင်ရှားတဲ့ မိသားစုက မဟုတ်တဲ့အတွက် သိပ်မတိုးတက်တဲ့ အလုပ်ရုံမှာပဲ အလုပ်ခဲ့ရတယ်။သူမ လုပ်ဖော်ကိုင်ဖက် အများစုကတော့ တခြားပို‌ကောင်းတဲ့ကုမ္ပဏီဆီ ပြောင်းရွှေ့ချင်နေကြပြီ။သူမရဲ့လစာကို ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည် ဖြစ်စေ သူမကတော့ အလုပ်ရုံမှာပဲ တစ်ဘဝလုံး မကုန်ဆုံးချင်ဘူး။ဒါကလည်း သူမ ဘာကြောင့် ယဲ့ကျစ်ချန်းနဲ့ အတူရှိနေတာလဲ ဆိုတဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခု ဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now