55▪️56▪️57

4K 585 13
                                    

အခန်း (၅၅) - ကျောင်း စတက်ပြီ(1)

ရှုယန်တစ်ယောက် သူမရဲ့ ယာယီနေရာနဲ့ ပတ်သတ်လို့ အရမ်း ဇီဇာကြောင်မနေပါဘူး။ အိပ်ရာအဆင်သင့်ဖြစ်နေသ၍ သူတို့ ပြောင်းရွှေ့လာလို့ရနိုင်ပြီ။ ရှုယန် နောက်ထပ် သုံးဘီးကို ခေါ်ပြီး ခရီးတစ်ခေါက်တည်းနဲ့ အားလုံးကို ပြောင်းရွှေ့ခဲ့တယ်။ ယဲ့ကျင်းကျင်းက သူမတက်နိုင်သမျှကူညီဖို့ထိ ရင့်ကျက်နေပြီး ယဲ့ထျန်းပေါင်ပေးနိုင်တဲ့ အကြီးမားဆုံးအကူအညီကတော့ သူတို့ကို အတည်ပါက်နဲ့ နောက်နေတာ မဟုတ်ဖို့ပါပဲ။

"အမေ၊ သမီး တနင်္လာနေ့ကျရင် တကယ် ကျောင်းစတက်လို့ရပြီလား" ယဲ့ကျင်းကျင်းတစ်ယောက် နေ့လည်ခင်းက နှစ်ရက်နေရင် သူမကျောင်းစတက်လို့ရပြီကို သိလိုက်ရကတည်း စိတ်လှုပ်ရှားနေခဲ့တယ်။

"ဟုတ်တယ်၊ မကြာခင် သမီးကျောင်းစတက်ရတော့မယ်၊ ပျော်နေလား" ရှုယန် အဝတ်အစားတွေကို ထုတ်ပြီး အိပ်ရာလက်ရန်းမှာ ချိတ်လိုက်ရင်း တုန့်ပြန်ဖြေလိုက်တယ်။ အိမ်ရှင်က တော်တော်လေး ကပ်စေးနှဲတယ်။ အိပ်ရာခင်းနှစ်ခုကလွဲပြီး တကယ့်ကို ဘာမှမရှိဘူး။

အိမ်သစ်တွင် ဗီရိုတစ်လုံးပါးရှိပြီး နောက်တစ်လုံးဝယ်ပါက ဖြုန်းတီးရာရောက်လိမ့်မယ်။ ရုတ်တရက်သူမ ထောင်ပေါင် (online Shop app)ကို အများကြီး လွမ်းမိသွားတယ်။ထောင်ပေါင်က အရာရာတိုင်းကို အိမ်တိုင်ရာရောက် ပို့ပေးလိမ့်မယ်။ ရိုးရှင်းတဲ့ အဝတ်အစား ဗီရိုတစ်ခုကို အနိမ့်ဆုံး ဒေါ်လာ ၁၀၀ ရှိလိမ့်မယ်။ နောက်ပိုင်း လွှတ်ပစ်ရမယ် ဆိုရင်တောင် ကိစ္စရှိမှာ မဟုတ်တော့ဘူး။

ဒါပေမယ့် နောက်လအနည်းငယ်အတွင်းတော့ သူတို့ရဲ့ အဝတ်အစားတွေကို တစ်နည်းနည်းနဲ့ သိမ်းဆည်းထားဖို့လိုတယ်။ ရှုယန် ပစ္စည်းတွေ ဝယ်တဲ့အချိန်က ဆိုင်ရှင်ဆီက ကတ်ထူပုံးနှစ်ပုံး တောင်းထားခဲ့တယ်။ တစ်ပုံးကို သန့်ရှင်းတဲ့အဝတ်အစားတွေအတွက် အိပ်ရာအစွန်မှာထားခဲ့ပြီး တခြားတစ်ခုပေါ်ကို ပိုက်များဖြတ်ပြီး ညစ်ပတ်တဲ့ အဝတ်အစားများအတွက် အိပ်ရာမျက်နှာချင်းဆိုင်မှ ထားလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now