144▪️145▪️146

2.6K 369 11
                                    


အခန်း (၁၄၄) - စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (2)

"သား မမှားဘူး။ ထျန်းပေါင်မှာ အဖေမရှိဘူး။ အဲ့ဒါကြောင့် သားအမေက သားကို ပြောပြတာ။ ဟုတ်တယ်မဟုတ်လား အမေ" ယန်ယန်က သူ့အမေကို ရိုက်ချလိုက်တော့တယ်။

"သူ သက်သက်လျှောက် ပြောနေတာ။ ကျွန်မက ဒီလိုအရာမျိုး ဘာကြောင့် ပြောရမှာလဲ။ဒါ့အပြင် ကျွန်မက ရှင့်ကို သိတောင်မသိဘူး။ ရှင့်အကြောင်း ဘာကြောင့် ပြောမှာလဲ။"ယန်ယန်ရဲ့‌အမေက ရှုယန်ကို ရှက်ရွံ့ဖွယ်ပုံစံနဲ့ ကြည့်ရင်း ပြောလိုက်တယ်။

"ဒါပေမယ့် အမေ တကယ် ပြောခဲ့တယ်လေ။ အမေနဲ့အဖွားက ပြောတယ်လေ။ ထျန်းပေါင် ရဲ့ အမေက သူမယောက်ျားဆီကနေ ကန်ထုတ်ခံလိုက်ရတာတဲ့။ ထျန်းပေါင်က အဖေမရှိတဲ့ ကလေးလေးတဲ့။ သားကြားခဲ့တယ်နော်"ယန်ယန်လေးက သူ့အမေကို နောက်တစ်ချက် ထပ်ရိုက်ချလိုက်ပြန်တယ်။

ရှုယန် ယန်ယန့်အမေကို အပြုံးမမည်သော အပြုံး ပြုံးပြလိုက်တယ်။ ဒါက ကလေးနှစ်ယောက် ရန်ဖြစ်တဲ့ ပြဿနာတစ်ခု မဟုတ်တော့ဘူး။ "ကလေးတွေက မလိမ်ဘူး။ ရှင်ပြောခဲ့တယ်လို့ ရှင့်သားက ပြောရင် သူ ရှင့်ဆီက ကြားကို ကြားခဲ့လို့ပဲ။ သူများ နောက်ကွယ်မှာ သူများ အတင်းပြောတာ မကောင်းဘူးနော်။ ပြီးတော့ ကျွန်မသိချင်မိတယ်။ဒီလို အရူးချီးပန်း စကားတွေကို ရှင် ဘယ်က ကြားတာလဲ။"

ယန်ယန်ရဲ့အမေက ရှုယန်ကို အကဲဖြတ်သုံးသပ်လိုက်တယ်။ သူမက ကောလဟလထဲကလို ဆွဲဆောင်မှု မရှိပေမယ့် လုံးဝ ဆွဲဆောင်မှု မရှိတာမျိုးချည်းလည်း မဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် သူမ ရှုယန်ကို သိတယ်။ မူကြိုမီးဖိုချောင်ကိစ္စနဲ့ပတ်သက်ပြီး ရှုယန် အဘွား ဝူနဲ့ စကားပြောတုန်းက သူမက ရှုယန် ဘေးမှာ ရပ်နေခဲ့တာ။ သူမက အရေးအပါဆုံး တစ်ယောက်မဖြစ်ခဲ့ရုံလေးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုယန် ကြောင့်သာမဟုတ်ရင် ယန်ယန်က ဆိုးဆိုးဝါးဝါးတွေ စားနေရလိမ့်မယ်။ခြုံပြောရရင် သူမက ရှုယန်ကို ကျေးဇူးတင်ပါတယ်။

"အရင်ရက်က ကောလဟာလ အချို့ရှိခဲ့တယ်။ ရှင့်ကို ပြောကြတာက...ရှင်က အကျင့်ပျက်တာကြောင့် ကန်ထုတ်ခံလိုက်ရတာတဲ့။ အဲ့ဒါကြောင့် နင်က ကလေးနှစ်ယောက်က ဒီရောက်နေတာတဲ့။ အဲ့ဒါက ကျွန်မ ကလေးရဲ့ အဘွားကို ပြောခဲ့သမျှ အကုန်ပါပဲ။ ကျွန်မ ဘယ်သူ့ကိုမှ ထပ်မပြောဘူးလို့ ကတိပေးပါတယ်။ ကျွန်မသားကတော့ ကြားဖူးပြီးသားထင်တယ်။ ယန်ယန်.. သွား..ထျန်းပေါင်ကို တောင်းပန်လိုက်" ယန်ယန်ရဲ့အမေက အနေရခက်မှု ကို လျှော့ချရန် (အကြောင်းအရာ )ပြောင်းလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now