432▫️433▫️434

1.2K 175 1
                                    


အခန်း (၄၃၂)

ဖုန်ကျယ်ယွီမှာ ကုမ္ပဏီ တစ်ခုရှိပြီး ငွေအမြောက်အများရှိနေကြောင်း သိလိုက်ရတော့ ဝမ်ဇီကျီ တစ်ယောက် အိမ်က ပန်းကန်တွေ ရိုက်ခွဲပစ်လိုက်တယ်။
" မင်း မှားကြားခဲ့တာများလား။ မင်း သူ့ကို ကားနဲ့ မြင်ခဲ့တာ သေချာလား။ သူ ရှိုးပြဖို့ တစ်ယောက်ယောက်ဆီက ငှားထားခဲ့တာဖြစ်နိုင်တာပဲ။ အဲ့ကားက ငှားထားတာ ဖြစ်မှာပေါ့။"ဝမ်ဇီကျီက ဖုန်ကျယ်ယွီရဲ့ မိထွေးဖြစ်တယ်။ သူမစိတ်ထဲမှာ ထောင်ကျဖူးတဲ့ မည်သူမဆို သေလူပဲ။ သူက ဘယ်လိုလုပ် ကုမ္ပဏီထောင်နိုင်ရတာလဲ။

" တကယ်ပါ။ အဲ့ဒါကို လူအများကြီး မြင်ခဲ့တယ်။ နန်ဖူ အိမ်ရာဝင်းရဲ့ လုံခြုံရေးခေါင်းဆောင် တောင်မှ သူ့ကို ဘော့စ်ဖုန်လို့ခေါ်တာ။ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းထားပြီးပြီ။ လုံခြုံရေးကုမ္ပဏီက ကျန်း နန် အဆောက်အဦးမှာ ရှိပြီး သူတို့ ဘော့စ်က ဖုန်ကျယ်ယွီတဲ့။ ကုမ္ပဏီကြီးတစ်စုဖြစ်ပြီး တစ်နှစ်ကို ယွမ်သန်းချီ ရှာနိုင်တယ်ပြောတယ်" ဖုန်ကျယ်ဟောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ "အမေ၊သူ အခု အရမ်းချမ်းသာနေတာပဲ။ ကျွန်တော်တို့ သူ့ကို သွားရှာရင်ကော....."

သူတို့အတွက် နေ့ရက်တွေက ကြမ်းတမ်းခဲ့တယ်။ ဝမ်ဇီကျီက အနားယူခဲ့တာကြာပြီ။ အရင်က သူတို့တွေ အဘိုးဖုန်နဲ့ အဘွားဖုန်ရဲ့ ပင်စင်လစာကြောင့် အပိုဆောင်းကြေး ရှိခဲ့တယ်။ ဒါပေမယ့် သူတို့ ဆုံးပြီးကတည်း ဖုန်ကျန်းဟွာက တစ်ဦးတည်းသော အိမ်ထောင်ဦးစီး ဖြစ်ခဲ့တယ်။ ခုနောက်ပိုင်း စက်ရုံက ကောင်းကောင်းမလည်ပတ်နိုင်တော့ သူ့ရဲ့ အခြေခံလုပ်ခလစာပဲ ပေးတယ်။ အဲ့ဝင်ငွေနဲ့ဆို မိသားစုက စားရရုံပဲ ရှိတယ်။

"သူ့မှာကုမ္ပဏီရှိတာ မင်းနဲ့ ဘာဆိုင်လဲ။" ဖုန်ကျန်းဟွာ ဖုန်ကျယ်ဟောင်ကို စိုက်ကြည့်လိုက်တယ်။ဟိုးအရင် အချိန်တွေတည်းက သူက ငါတို့နဲ့ ဘာမှ မပတ်သက်တော့ဘူး။ အလုပ်သွားရှာပြီး ကိုယ့်ငွေပဲ ကိုယ်ရှာစမ်းပါ။"

အဲ့စကားကို ဝမ်ဇီကျီက မကျေမနပ်ဖြစ်သွားတယ်။"ရှင် စိတ်မပျော်တာနဲ့ပဲ ရှောင်ဟောင် ကို လာမမဲနဲ့။ သူ့အကြံက အဆင်မပြေ ဖြစ်မလား။ လူဘယ်လောက်များများ အလုပ်လက်မဲ့ဖြစ်နေကြလဲ သိရဖို့ ဘာလို့ အပြင်ထွက်မကြည့်တာလဲ။ သူအဲ့လိုဖြစ်နေတာ သူ့အဖေရဲ့ အပြစ်ပဲပေါ့။ လောင်ကော်ရဲ့ သားကို ကြည့်စမ်း။ သူ့အဖေရဲ့ စကားတစ်ခွန်းနဲ့ သူက ရဲစခန်းကို ဝင်ခွင့်ရသွားတယ်။ ကျွန်မတို့သားက ကျောင်းမှာ သူ့ထက်တောင် အဆင့် ပိုကောင်းတာကို။ စက်ရုံမှာ အလုပ်လေး တစ်ခုတောင် မရနိုင်ဘူး။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now