380▫️381▫️382

1.1K 160 0
                                    


အခန်း (၃၈၀)

ဟူရွေ့ယန်နဲ့ ဖုန်ကျယ်ယွီရဲ့ လူတွေက ဟူရွေ့ ရွှယ်နဲ့ ပတ်သက်တဲ့ ဘာသတင်းအချက်မှ မရှိဘဲနဲ့ ပတ်ဝန်းကျင်မှာ ရှာဖွေနေကြတယ်။

" ရွေ့ရွှယ်က ကိုယ်တိုင် ကားမောင်းတယ်။ အခု သူမကားက ပျောက်သွားပြီ။ လူတစ်ယောက်ကို ရှာရတာ ခက်ပေမယ့် ကားတစ်စီးရှာရတာက ပိုလွယ်တယ်။" နေရာအနှံ့ စောင့်ကြည့်ကင်မရာတွေရှိတဲ့ အနာဂတ်နဲ့မတူပဲ တစ်စုံတစ်ယောက်ကို ရှာဖို့ ခက်ခဲတယ်။ ဒါပေမယ့် လူတစ်ယောက်ကိုရှာတာထက် ကားတစ်စီးကို ရှာတာက ပိုလွယ်ကူနေဆဲ ဖြစ်လိမ့်မယ်။

"ခုနောက်ပိုင်း သူမ တစ်ယောက်ယောက်ကို အမှားလုပ်မိခဲ့လား။ သူမ မင်းကို ဘာမှ မပြောခဲ့ဘူးလား။"ဟူရွေ့ယန်က နားထင်ကို ပွတ်သပ်ရင်း စိုးရိမ်သောကနဲ့ မေးလိုက်တယ်။

ရှုယန် သူမခေါင်းကို ဖက်ကနဲရိုက်လိုက်ပြီး လျှင်မြန်စွာ ပြောလိုက်တယ်။ "ကျွန်မ ဟိုတလောက စွမ်ချင်နဲ့ဆုံတော့ ကျီဖန်ရှန်းကို သတိထားဖို့ ဟူရွေ့ရွှယ်ကို ပြောခိုင်းသေးတယ်။ သူများ ဖြစ်နိုင်မလား။" ဟူရွေ့ယန်က ရှုံ့မဲ့တဲ့မျက်နှာ လေးနက်တဲ့အသံနဲ့ ပြောလိုက်တယ်။

"ငါ ခုချက်ချင်း သူ့အကြောင်းစုံစမ်းခိုင်းလိုက်မယ်။

အရင်တစ်ခါက ပေးခဲ့တဲ့ စွမ်ချင်ရဲ့ နံပါတ်ကို စဉ်းစားလိုက်ပြီး သူမကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်။ ရှုယန် စွမ်ချင်ကို လက်ရှိအခြေအနေကို ပြောပြလိုက်တယ်။ ခဏတိတ်နေပြီးနောက် စွမ်ချင်က ပြောလိုက်တယ်။ "ကျွန်မ ပြောပါတယ်။ ကျီဖန်ရှန်းကို သတိထားပါလို့။ ကျီဖန်ရှန်းက အရူး။ သူမကို ခေါ်သွားတာ သူဆိုတာ သေချာတယ်။"

ရှုယန်က စိတ်ပူနေရပြီးပြီ။ စွမ်ချင်က အခုမှ အဲ့ဒါကို ပြောရလား။ ကျီဖန်ရှန်းက တစ်ခုခုမှားနေပြီး အန္တရာယ်ရှိတယ်ဆိုရင် စောစော ပြောပါတော့လား။

"ကျီဖန်ရှန်း ဘယ်မှာရှိနိုင်လဲ ဆိုတာ ရှင်သိလား။ "ရှုယန် သည်းထိပ်ရင်ဖို ရုပ်ရှင်ထဲက မြင်ကွင်းတွေကို တွေးမိသွားတယ်။ ဟူရွေ့ရွှယ် ကြောက်မက်ဖွယ်ရာ တစ်ခုခု ဖြစ်မှာကို စိုးရိမ်မိတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now