264▪️265▪️266

1.6K 217 1
                                    


အခန်း (၂၆၄)

ရှုယန် အိမ်ပြန်ရောက်တဲ့အချိန်မှာ နေ့လည်က သူတို့ရဲ့ စကားအကြောင်း တွေးနေတုန်းပဲ။ သူမကို လိုက်ဖို့က အတော်လေး ကြမ်းတမ်းတဲ့လမ်းဖြစ်ပြီး သူတို့ရဲ့ ရှေ့ဆက်လမ်းက ကြမ်းတမ်းလိမ့်မယ်လို့ သူ့မ ဖုန်ကျယ်ယွီကို သိမ်မွေ့နက်နဲစွာ ပြောခဲ့တယ်။ ဒါပေမယ့် သူက တုန့်ဆိုင်းမှု မရှိဘဲ သူမကို တိကျတဲ့ အဖြေတစ်ခု ပေးခဲ့တယ်။ အဲ့ဒါက ရှုယန်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုကို စိတ်သက်သာရာ ရစေတယ်။

" သူဋ္ဌေး ဒီနေ့ လူတစ်ယောက် ဖုန်းခေါ်ထားတယ်။ သူက သူဋ္ဌေးရဲ့ အစ်ကိုသုံးတဲ့ "

ရှုယန်တစ်ယောက် သူမကို ရှုယန် သို့မဟုတ် ရှောင်ယန်လို့ ခေါ်နိုင်တယ်လို့ အဒေါ့်ကို ခဏခဏ ပြောခဲ့ပေမယ့် အဒေါ်ကတော့ သူမကို သူဋ္ဌေးလို့ ခေါ်နေတုန်းပဲ။ ခဏကြာပြီးရင် သူမကို ပြောင်းလဲကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

"အိုး၊ ကောင်းပါပြီ။ ကျွန်မ သူ့ကို ပြန်ခေါ်လိုက်မယ်။" ခုနောက်ပိုင်း ယင်ယင်ကို ဝန်းရံနေတဲ့ ပြဿနာတွေနဲ့ဆိုတော့ ရှယန် သူမ မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ အရာကို လုံးဝမေ့သွားတယ်။

ရှုကျန့်ယန် သူမကို ဘာကြောင့် ဖုန်းခေါ်တာလဲဆိုတာကို သူမ မစဉ်းစားတက်ဘူး။ ရှုယိုဖူ တစ်ခုခုဖြစ်တာများလား။

"မင်္ဂလာပါ။ အစ်ကို ၃ လား။ ကျွန်မပါ "

"အိုး၊ထွေထွေထူးထူးကိစ္စမရှိလို့ ဖုန်းမခေါ်တော့တာ။ ဒုတိယဦးလေး ပြန်ကောင်းလာပြီဆိုတာ မင်းကို အသိပေးမလို့ပါ။ ငါ သူတို့ကို ပိုက်ဆံပေးပြီးပြီ" ရှု ကျန့်ယန် ရိုးရှင်းစွာ ပြောလိုက်တယ်။

"အိုး ကောင်းပါပြီ။ အစ်ကို့ရဲ့ အလုပ်ပိုအတွက် ကျေးဇူးတင်ပါတယ်။" ရှုယန်နည်းနည်းရှက်မိတယ်။

"အဲ့လို မပြောပါနဲ့။ မင်းက ငါ့ညီမပဲ။ ငါ သေချာပေါက် ကူညီသင့်တာပေါ့။ ဒါ့အပြင် ဒါက ကိစ္စကြီးမှ မဟုတ်တာ။ မင်းက ကလေးနှစ်ယောက်ရှိတဲ့ တစ်ကိုယ်တော် အမျိုးသမီး တစ်ယောက်ပဲ။ ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်စမ်းပါ။ ဒီမှာ ငါ မင်းမိသားစုကို ဂရုစိုက်ထားလိုက်မယ်။ " ပြောရရင် သူကသာ ရှုယန်ကို ကျေးဇူးတင်စရာ ရှိတယ်။ သူ အခု အိမ်နဲ့ ကားနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းရှိတာ သူမ ကြောင့်ပဲ။ သူ ငွေတွေ အများကြီးရှာနိုင်ရုံသာမက သူတို့ ဇာတိမြို့ကို ပြန်ချိန်မှာ အမြဲ ဂုဏ်ယူရပြီး သူ့မိဘရဲ့ လူနေမှုအဆင့်အတန်းတောင်မှ မြင့်မားလာတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now