438▫️439▫️440

1K 144 0
                                    


အခန်း (၄၃၈)

တစ်လ ကျန်သေးပေမယ့်လည်း အစစအရာရာ ပြင်ဆင်ဖို့ လိုတာကို အချိန်က အဆောတလျင် ဖြစ်နေသေးတယ်။

ကံကောင်းထောက်မစွာ ဟူရွေ့ ရွှယ်က အဓိက အပိုင်းဖြစ်တဲ့ ခန်းမနေရာ၊ စားသောက်ဧည့်ခံပွဲကိစ္စကို ကူညီပေးခဲ့တယ်။

ထို့နောက် ပို့ဆောင်ရေး ဖြစ်တယ်။ ရှုယန်က သူမ ဇာတိက လူဘယ်လောက်များများလာမလဲ မသိတာမို့လို့ ဘက်စ်ကားတစ်စီးငှားဖို့ စဉ်းစားထားတယ်။

"ဘာကြောင့် လူဘယ်လောက်များများလာမလာဆိုတာ အရင် မတွေးတာလဲ။ မင်း ဆွေမျိုးတွေကို ဖိတ်ချင်လို့လား" ဖုန်ကျယ်ယွီ ဖိတ်စာ ထုတ်လိုက်ပြီး ရေးဖို့ပြင် လိုက်တယ်။

ရှုယန် လက်ချောင်းချိုးပြီး ရေတွက်လိုက်တယ်။"ကျွန်မမိဘတွေနဲ့ ကျွန်မ အဘိုးအဘွားတွေကတော့ လာမှာ သေချာတယ်။ ကျွန်မ အစ်ကိုသုံးယောက်ကတော့ မသိဘူး။ အစ်ကို (၃) ကိုလည်း လာမယ်။ ကျွန်မ အဖေဘက်က ဝမ်းကွဲတွေကိုလည်း ဖိတ်သင့်တယ်။ လာ၊မလာ ကတော့ သူတို့ ဆုံးဖြတ်ပေါ့။ ကျွန်မအဖေရဲ့ အစ်ကိုတွေရယ်။ ကျွန်မအမေရဲ့ အစ်မ နှစ်ယောက်ရယ်။ ကျွန်မ အဖေရဲ့ အစ်မနှစ်ယောက်ရယ်။ ကျွန်မအမေဘက်က ဝမ်းကွဲတွေကတော့ မဖိတ်တော့ဘူး။ သူတို့နဲ့က ဘာအဆက်အဆံမှ မရှိဘူးလေ။ မမျှော်လင့်ထားဘဲ သူတို့ကို ဖိတ်ရင် ကျွန်မက သူတို့ဆီက စာအိတ်နီ ရဖို့ ကြိုးစားနေတယ်လို့ တွေးလိမ့်မယ်။ "

သူမ သူတို့ကို ဖိတ်ဖို့ မလိုပေမယ့် သူမ မင်္ဂလာပွဲကို သူတို့ကို မဖိတ်ခြင်းက သူတို့နဲ့ ဆက်ဆံရေး ဖြတ်တောက်သလိုမျိုး ဖြစ်လိမ့်တယ်။

သူတို့က တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်တာ ကြာပြီဖြစ်သလို သူတို့ကလည်း အတိတ်က မူလပိုင်ရှင်ပေါ် မကောင်းကြဘူး။

ဆွေမျိုးတွေကို ဖိတ်ဖို့က အရေးမကြီးဘူးလို့ တွေးပေမယ့် သူတို့ကို မင်္ဂလာပွဲ ဖိတ်ချင်တယ်လို့ ရှုယန် ရင်ထဲမှာ အသံတစ်ခု ဖြစ်ပေါ်နေတယ်။

ဖုန်ကျယ်ယွီ ဖိတ်စာရေးနေစဉ်အတွင်း ရှုယန် သူမ ရင်ဘက်ပေါ် လက်တင်လိုက်တယ်။ မူလပိုင်ရှင် ထွက်သွားပြီဆိုတာ အတော်လေး သေချာပါတယ်။ ဒါဆို ဘာကြောင့် သူမမှာ ခိုင်မာတဲ့ ခံစားချက် ရှိနေသေးတာလဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Wo Geschichten leben. Entdecke jetzt