231▪️232▪️233

1.9K 242 5
                                    

အခန်း (၂၃၁) - "မင်းနဲ့ အေးအတူ ပူအမျှ မျှဝေနိုင်တဲ့ အမျိုးသမီးတစ်ယောက် ရှိတော့ ကောင်းတာပေါ့" (1)

အမေနဲ့သား ဘာပြောခဲ့တယ်ဆိုတာ ရှုယန် မသိခဲ့ဘူး။ သိရင်တောင် သူတို့ရဲ့ တုံးအမှုကို ရယ်ပဲ ရယ်လိမ့်မယ်။ သူတို့ ဘယ်လိုလူမျိုးလဲ သိနေတာကို သူမက ဘယ်လိုလုပ် စေတနာပါပါ ကမ်းလှမ်းရမှာလဲ။ သူမက ရူးနေတာမှ မဟုတ်တာ။

နှစ်ကုန်ဖို့ရက် နီးလာတာနဲ့အမျှ လောင်ကျန်းဘက်က နဲ့ ဟူရွေ့ရွှယ်ဘက်က စက်ရုံနှစ်ခုလုံးဟာ နှစ်သစ်ကူးအတွက် အလုပ်သမားတွေကို အိမ်ပြန်ခွင့်ပြုဖို့ ပြင်ကြတယ်။

ရှုယန်က တစ်ခါမှ မပါဝင်ခဲ့ပေမယ့် နှစ်ကုန်မှာတော့ မျက်နှာပြဖို့လိုတယ်။ သူမ လောင်ကျန်းရဲ့နေရာကို အရင်သွားလိုက်တယ်။ သူတို့မှာ မနက်ပိုင်း တွေ့ဆုံပွဲရှိပြီး သူတို့အလုပ်သမားတွေကို လစာပေးကာ နှစ်သစ်ကူး လက်ဆောင်အဖြစ် ဆီနှစ်ပုလင်း၊ ဆန်တစ်အိတ်၊ ဘီစကွတ်ပွကြွပ်တွေလည်း ပေးတယ်။ လက်ရှိမှာ စက်ရုံအများစုက သူတို့ အလုပ်သမားတွေကို လစာတောင် မပေးနိုင်တာကြောင့် တော်တော်ရက်ရောတယ်‌လို့ သူတို့ထင်မှတ်မိကြတယ်။

"ဘာလို့ မင်းကိုလည်း ဝေမပေးရမှာလဲ" လောင်ကျန်းက ရှုယန်ကို နှစ်မျိုးပေးလိုက်တယ်။ အဲ့ဒါ ဘာအဓိပ္ပာယ်မှန်း သူမ မသိဘူး" မလိုပါဘူးရှင် "

"ဘာမှ တွေးမနေနဲ့။ ဒါက နှစ်သစ်ကူးအတွက် ပျော်ပွဲရွှင်ပွဲ တစ်ခုပဲ။ ငါတို့ နောက်နှစ်မှာ တွေ့ကြမယ် ဘော့စ်ရှု" လောင်ကျန်းက ကားထဲ ပစ္စည်းတွေ ထည့်ပြီး ရှုယန်ရဲ့နေရာကို ပို့ခိုင်းလိုက်တယ်။

"နောက်နှစ်မှာ တွေ့မယ်။ ရှင်နဲ့ ရှင့်ဇနီးအတွက် ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေ။ နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘတွေ တိုးပါစေ" ရှုယန် သူ့ရဲ့ လက်ဆောင်ကို ဆက်မငြင်းပယ်တော့ဘူး။

ဒီနှစ် သူတို့ ပိုက်ဆံအများကြီး ရှာနိုင်ခဲ့တယ်။ သူတို့ရဲ့ဝေစုက တစ်ယောက်ကို ၁.၁၅မီလီယံ ဖြစ်တယ်။ ရှုယန်က သူမရဲ့ ၂၀%အစုရှင် ရင်းနှီးငွေကို နှုတ်လိုက်တော့ သူမကို ယွမ်၁မီလီယံပေးဖို့ကျန်သေးတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now