46▪️47▪️48

4.2K 603 10
                                    

Unicode

အခန်း-(၄၆)- အခြေချနေထိုင်ခြင်း(1)

အရောင်းရုံးကို ပြန်ရောက်လာတော့ ရှုယန် အနောက်ဘက်အခန်းကို ဖိတ်ခေါ်ခံလိုက်ရတယ်။ ဝတ်စုံပြည့်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က လက်ဖက်ရည်နဲ့ အမျိုးမျိုးသော မုန့်တွေ ယူလာပေးခဲ့တယ်။ သက်လတ်ပိုင်း လူတစ်ယောက်နောက်က လျှောက်လာနေတဲ့ အရောင်းမိန်းကလေးကို ပြန်မမြင်ရခင် ရှုယန် ကြုံရာမုန့်တစ်ခုယူပြီး ပါးစပ်ထဲ ကောက်ထည့်လိုက်တယ်။

"မင်္ဂလာနေ့လည်ခင်းပါ မိန်းကလေး၊ ရှောင်လီက ခင်ဗျားရဲ့ တောင်းဆိုချက်အကြောင်း ကျွန်တော့်ကို ပြောပါတယ်။ ဒီကိစ္စနှစ်ခုလုံးက နည်းနည်းတော့ ခဲရာခဲဆစ်နိုင်တယ်"

ရှုယန် ထိုလူပေါ်က နာမည်ကဒ်ကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။ "မန်နေဂျာ ဝမ်၊ ကျွန်မက ပျာပျာသလဲလူ ဖြစ်နေတာပါ၊ ကျွန်မရဲ့တောင်းဆိုချက်တွေက အရမ်းမလျော်ကန်ဖြစ်နေတယ်လို့ ကျွန်မတော့ မထင်မိပါဘူး။ တစ်စတုရန်းမီတာကို ဒေါ်လာ‌၄,၀၀၀ နဲ့ ရှီမြို့တော် အတန်းဝင်ခွင့်ပါပဲ။ ရှင် ကျွန်မအတွက် အဲ့ဒါလေး လုပ်ပေးနိုင်ရင် ကျွန်မ ချက်ချင်း စာချုပ်ချုပ်နိုင်ပါတယ်"

နန်ဖူစံအိမ်သည် ယခုရောင်းရန်ရှိသော အဆင့်မြင့်စီရင်စုများထဲမှ တစ်ခုဖြစ်ပြီး နှစ်လိုဖွယ်ကောင်းသော ပတ်ဝန်းကျင်နှင့် သာယာအဆင်ပြေမှု ပေးစွမ်းနိုင်သောကြောင့် တစ်ခြားအိမ်များထက် နှိုင်းစာလျှင် ဈေးနှုန်းပိုမြင့်မားပါတယ်။ ၆၀စတုရန်းမီတာ အိမ်များအားလုံးနီးပါး ရောင်းထွက်သွားကြပေမယ့် ၁၂၀ စတုရန်းမီတာ အိမ်တွေကတော့ သိပ်အများကြီး မရှိပါ။ ထို့ကြောင့် ဈေးနှုန်းကိစ္စက သိပ်ပြဿနာ မရှိ။ကျောင်းဝင်ခွင့် ကိစ္စကတော့...

"ဈေးနှုန်းကို ကျွန်တော် လက်ခံနိုင်ပါတယ်။ ကျောင်းဝင်ခွင့်ကိစ္စက သိပ်ပြဿမရှိပေမယ့် ဒီနှစ် ကျောင်‌းတွေက စတက်နေကြပြီလေ၊ သူတို့က မင်းကလေးကို နှစ်ဝက်ကနေ စတက်ခွင့် မပေးနိုင်လောက်ဖူး။ မင်းကလေးက အသက်ဘယ်လောက်ရှိပြီလဲ" သူတို့အရင်က ကျောင်းအနည်းငယ်နဲ့ အဆက်အသွယ်လုပ်ခဲ့ဖူးတယ်။ ရှီမြို့တော်က ကျောင်းတွေအားလုံးထဲမှာ အခက်ခဲဆုံး ကျောင်းတွေထဲက တစ်ကျောင်းပဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now