191▪️192▪️193

2.3K 306 5
                                    

အခန်း (၁၉၁) - ရှုယန်ရှက်သွားတယ်။ ဒီလူက သူတို့ စကားဝိုင်းကို နားစွန်နားဖျား ကြားသွားတာလား။ ဒါနဲ့ ဒီလူက ဘယ်သူလဲ (2)

"ဘော့စ်ရှု၊ အဲ့ဒါ ဖြစ်လာခဲ့ပြီ! ဆောင်းဦးဝတ်ဝတ်စုံအတွက်အော်ဒါက ခေါင်ခိုက်ရုံမက ထိုးတက်သွားပြီ ! ငါတို့တော့ ချမ်းသာတော့မယ်" လောင်ကျန်းရဲ့အသံက အရမ်းစိတ်လှုပ်ရှားနေတယ်။

"ဘာကိုဆိုလိုတာလဲ။ အရင်ဆုံး စိတ်ငြိမ်ငြိမ်ထားပြီး ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပါ။"သူ့ဇနီးက ရက်အနည်းလေး အတွင်းမှာပဲ ဟန်မြို့တော်မှာ ဆိုင်ဖွင့်နိုင်တဲ့အထိ စွမ်းအားကြီးတာလား။

" ဝမ့်မြို့တော်က တစ်စုံတစ်ယောက်က အစုံ 20,000 အော်ဒါတင်ထားတယ်။ ပြီးတော့ ဒါက သူတို့ရဲ့ ပထမဆုံး အော်ဒါလေ။ အားလုံး အဆင်ပြေရင် နောက်ထပ်အစုံ ၁၀၀,၀၀၀ အော်ဒါ ထပ်မှာ မယ်တဲ့။ သူတို့က ငွေသားနဲ့တောင်မှ ပေးချေ နိုင်တယ်လို့ ပြောတယ်။"လောင်ကျန်းက သူ့မျက်လုံးထဲ ဘာမှမမြင်နိုင်လောက်အောင် ပြုံးဖြဲဖြဲ ဖြစ်နေတယ်။

သူ ကြီးမားတဲ့ အော်ဒါမျိုးလက်ခံ ရခဲ့ဖူးတာ နှစ်ဘယ်လောက် ကြာခဲ့ပြီလဲ မသိတော့ဘူး။ သူ့စက်ရုံတော့ ဒေဝါလီခံရတော့မယ်လို့ တွေးထားခဲ့ပေမယ့် ပြန်လည်နလန်ထူနိုင်ခဲ့ပြီး အရင်ကထက်တောင် ပိုကောင်းကောင်း လည်ပတ်နေခဲ့တယ်။

"သူက အခု စက်ရုံမှာ ရှိနေတာလား"တစ်ယောက်ယောက်က သူတို့နဲ့ အော်ဒါမှာဖို့ ဝမ့်စီရင်စု ဆီကနေ ရောက်လာလိမ့် ရှုယန် မမျှော်လင့်တားဘူး။"သူ့ဘာသူ ရောက်လာတာလား"

"သူက လောလောဆယ်တော့ ငါတို့ရဲ့ ထုတ်ကုန်တွေကို စစ်ဆေးနေတယ်။ သူက ဟန်မြို့တော်မှာ အရောင်းအဝယ်လုပ်နေတုန်း ငါတို့ရဲ့ ဆောင်းဦးဝတ် ဝတ်စုံတွေကို မြင်ခဲ့တာ။ ငါ့မိန်းမက အဲ့မှာ ရှိနေတာနဲ့ ဒီကိုလာပြီး ငါတို့ရဲ့ထုတ်ကုန်တွေကို စစ်ဆေးကြည့်ဖို့ သူ့ကို တိုက်ရိုက်ခေါ်လာခဲ့တာ။"လောင်ကျန်းက ဂုဏ်ယူစွာ ပြောလိုက်တယ်။

သူမရဲ့ လက်ရှိ မျက်နှာအခြေအနေ အကြောင်း တွေးမိတော့ ရှုယန်နည်းနည်း ချီတုံချတုံဖြစ်သွားတယ်။"အခုလောလောဆယ်က ကျွန်မအတွက် အချိန်ကောင်းမဟုတ်သေးဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now