အခန်း (၃၂၀)အဒေါ်က ကလေးနှစ်ယောက်ကို ကျောင်းသွားပို့ပြီး ရှုယန်နဲ့ ဖုန်ကျယ်ယွီပဲ အခန်းထဲမှာ ကျန်ခဲ့တယ်။
နှစ်ယောက်သား ထိုင်ပြီး စကားမပြောဖြစ်တာ ကြာပြီ ဖြစ်တယ်။ ရှုယန် ဖုန်ကျယ်ယွီကို ကြည့်လိုက်ပြီး စကားပြောဖို့ အကြောင်းအရာ ခေါင်းစဉ် ရှာလိုက်တယ်။ " အဲ့မိန်းကလေးက သတိမပေး ဘာမပေးနဲ့ ဘယ်လိုလုပ် ရောက်လာတာလဲ"
သူမက သူမကိုယ်ပိုင် အသိစိတ်နဲ့ တောင်းပန်ဖို့ ထွက်လာလိမ့်မယ်လို့ ရှုယန် မယုံကြည်ဘူး။ အဲ့ဒါက အရမ်း ဒရမ်မာဆန်လွန်းတယ်။
"ငါ့သူငယ်ချင်း တစ်ယောက်က သူမကို ရှာခဲ့တာ"
ဖုန်ကျယ်ယွီလည်းပဲ အဲ့အကြောင်းကို တွေးကြည့်ခဲ့တယ်။မောင်ဝေ့ဖျင်က သူမကိုရှာကာ သူမက ဖုန်းကျယ်ယွီကို လူမြင်ကွင်းမှာ တောင်းပန်ပြီး အခြေအနေ ပိုကြီး ပိုကောင်းခဲ့ရင် ငွေအများကြီးပေးမယ်လို့ ကမ်းလှမ်းခဲ့တာကို ဖုန်ကျယ်ယွီ နောက်မှ သိလိုက်ရတယ်။ ခွန်အားမရှိတော့သော အခြေအနေမှာ ရောက်နေတဲ့ ယင်ရွှယ်ချင်က သူ့ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်။ တောင်းပန်ခြင်းက သူမရဲ့ အပြစ်တွေကို သက်သာစေနိုင်ပြီး ငွေလည်း ရှာနိုင်တယ်။ သူမ ငြင်းစရာအကြောင်း မရှိဘူး။
ပြီးတော့ သူမ အဲ့အလုပ်ကို ကောင်းကောင်းလုပ်ခဲ့တယ် _ဒူးထောက်ပြီး ကျပ်လောင်စွာ ငိုကျွေးပြီး သူမအမေကို တောင်မှ ဆွဲသွင်းခဲ့တယ်။ပြီးတော့ စိတ်တိမ်းညွတ်လာအောင် ဆွဲဆောင်သလိုမျိုး လုပ်ခဲ့တယ်။ ၁၀မိုင် နဲ့ ရွာ ၈ ရွာအတွင်းရှိ မည်သူမဆို ဖုန်ကျယ်ယွီကို အပုပ်မချတော့ဘူး။ အခုတော့ လူတိုင်းရဲ့ အာရုံစိုက်မှုက ဖုန်ကျယ်ယွီရဲ့မိထွေးဆီ ပြောင်းသွားကြပြီ။
ယင်ရွှယ်ချင်အနေနဲ့ မောင်ဝေ့ဖျင် သူမကို ပေးတဲ့ငွေနှင့်အတူ သူမအမေနဲ့အတူ ထွက်သွားလို့ရပြီ။ သူမရဲ့ ရုပ်ရည်နဲ့ အရည်အချင်းနဲ့ဆို နည်းနည်းဝေးလံတဲ့ မြို့တစ်ခု၊ ပြည်နယ်တစ်ခုကို ပြောင်းဖို့ပဲလိုတယ်။ သူမ သင့်တင့်တဲ့ အလုပ်တစ်ခုရနိုင်ပြီး လူကောင်းတစ်ယောက်နဲ့ လက်ထပ်နိုင်လိမ့်မယ်။
STAI LEGGENDO
သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||
Storie d'amoreTitle ➪ Transmitgated into a parvenu's Ex-wife in the '90s(TPE) Author(s)➪ Xue Ye English Translator(s)➪Fringe Capybara Status in COO ➪148(completed) ★It's not mine. ★Credit to original author and english translator. ✩✩✩✩✩