325▫️326▫️327

1.4K 210 2
                                    

အခန်း (၃၂၅)

ရှုယန်က သူမက ယခု ဖုန်ကျယ်ယွီနဲ့ စုံတွဲတွေဖြစ်တယ်ဆိုတဲ့အကြောင်း ကလေးတွေကို မပြောပေ။ အဲ့ဒါကို ကလေးတွေကို ပြောပြတာက ကသိကအောက် ဖြစ်စေတယ်။ နောက်ပိုင်းကျမှ သူမသူတို့ကို ပြောပြမည်ဖြစ်ပြီး အချိန်ကြာလာရင် သူတို့ဘာသူတို့လည်း သိသွားကောင်း သိသွားနိုင်လိမ့်မယ်။

ဖုန်ကျယ်ယွီက ရေပုံးယူလာကာ အရင်နေ့က ကလေးတွေ စိုက်ထားတဲ့ အပင်ကို ရေလောင်းပြီးနောက် မနက်စာပြင်ဆင်ဖို့ ပြန်သွားလိုက်တယ်။

" မင်းတို့ အခုထိ မနက်စာ မစားရသေးဘူး မဟုတ်လား" ဖုန်ကျယ်ယွီ ကလေးနှစ်ယောက်ကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။

ရှုယန် တံခါးနားမှာ ရပ်နေတဲ့ အဘွားကို လှမ်းကြည့်လိုက်ပြီး အပြုံးနဲ့ ခေါင်းခါလိုက်တယ်။ " မဟုတ်တာ။ အဆင်ပြေပါတယ်။ ကျွန်မတို့ အိမ်မှာ မနက်စာ ပြင်ဆင်ထားခဲ့ပြီးပြီ။ ကျင်းကျင်း၊ ထျန်းပေါင်  အဘွားနဲ့ ဦးလေးဖုန်ကို တာ့တာလို့ပြောလိုက်"

" တာ့တာ အဘွား၊ တာ့တာ ဦးလေးဖုန်။" ကလေး နှစ်ယောက်က လက်ဝှေ့ယမ်းပြလိုက်ပြီး ရှုယန်နဲ့အတူ အိမ်ပြန်သွားကြတယ်။

ရှုယန် ဒီနေ့ ရုံးသွားဖို့ လိုတယ်။ သူမ ရပ်ကွက်ထဲက ထွက်လာလာချင်းပဲ တစ်ဖက်နားမှာ ဖုန်ကျယ်ယွီရဲ့ကား ပါကင်ထိုးထားတာကို သတိထားမိလိုက်တယ်။

" ငါတို့ ဦးတည်ရာ တူနေတာပဲ။ မင်း ငါနဲ့ လိုက်စီးလို့ရတယ်" ဖုန်းကျယ်ယွီ နည်းနည်းတော့ စိတ်ပူနေတယ်။

သူမက မနေ့ကမှ သူ့ရဲ့ ချိန်းတွေ့ဖို့ သဘောတူလိုက်ရုံ ရှိသေးတယ်။ နောက်နေ့မှာ သူ့ကို ငြင်းလိုက်တာက အဓိပ္ပါယ်တော့မရှိဘူး။ သူမရဲ့ ယာဉ်မောင်းကို အသိပေးလိုက်ပြီး ဖုန်ကျယ်ယွီရဲ့ ခရီးသည် ထိုင်ခုံမှာ ထိုင်လိုက်တယ်။

" ရှင်က ကုမ္ပဏီရဲ့ ကားကို နေ့တိုင်းမောင်းလို့ရတာလား။" ရှုယန်ရဲ့ ကုမ္ပဏီမှာ ယခု အရွယ်အစားကြီးလာတာကြောင့် ကုမ္ပဏီကားတချို့ ထပ်ထည့်ထားတယ်။ ပြောရရင် ဝန်ထမ်းတွေက သူတို့ထဲက မည်သည့်ကားကိုမဆို သုံးဖို့ လက်မှတ်ထိုးဖို့လိုမှာ ဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now