386▫️387▫️388▫️389

924 117 0
                                    


အခန်း (၃၈၆)

ရှုယန် သိပ်မတွေးခဲ့ပေမယ့် ချန်ဖေး ဖုန်းခေါ်လာခဲ့တယ်။ ခပ်သွက်သွက်ဖုန်းကိုင်လိုက်တဲ့ အချိန်မှာ စိတ်လှုပ်ရှားနေတဲ့ အသံတစ်ခုက သူမကို ပြောပြလာတယ်။" ရွှီရွှီမွေးပြီ။ ကျွန်တော်တို့ရဲ့ မင်းသမီးလေးက မနေ့က ည ၇ နာရီမှာ မွေးတာ။ ၇ ပေါင်ခွဲ ရှိတယ်။ အဲ့အချိန်ကတော့ အရမ်းရင်တထိတ်ထိတ် ဖြစ်ရပေမယ့် နောက်ဆုံးတော့ ဒီမနက် မင်းကို ဖုန်းခေါ်လိုက်တာ။"

"မွေးရက်က နိုဝင်ဘာလမှလို့ ထင်ထားတာ။ ဘယ်လိုလုပ် ဒီလောက် စောစောမွေးတာလဲ။" ကျန်းဟွာရွှီက ရက်နှစ်ဆယ်လောက် စောမွေးခဲ့ပုံပေါ်တယ်။ လမစေ့ဘဲ မွေးတဲ့ ကလေးလို့ ဆုံးဖြတ်မလား မသေချာဘူး။

"ရွှီရွှီက အမြဲ ကျန်းမာရေးကောင်းပါတယ်။ မကြာသေးခင် သူမအရမ်းအလုပ်များနေလို့ ကလေးစောစောမွေးဖို့ ဖြစ်သွားတာ နေမယ်။ ဒေါက်တာက ပြောတယ်။ ကိုယ်ဝန်ဆောင် တာ ၃၇ ပတ်ရှိပြီတဲ့။ လမစေ့ဘဲ မွေးတဲ့ကလေးလို့ ဆုံးဖြတ်မှာ မဟုတ်လို့ မစောင့်နဲ့တော့တဲ့။" ချန်ဖေး အူမြူးတဲ့လေသံနဲ့ ပြောလိုက်တယ်။

ရှုယန်ကိုယ်တိုင်က ဘယ်တုန်းကမှ ကလေးမမွေးဖူးဘူး။ မူလပိုင်ရှင်က ကိုယ်ဝန်ဆောင်ဖူးတယ် ဆိုရင်တောင် ကိုယ်ဝန်ရက်စွဲတွေ၊ ကိုယ်ဝန်ဆောင်စဉ် စောင့်ရှောက်မှုတွေ မရှိဘူး။ မွေးခါနီးမှာ သူတို့ရွာက လက်သည်ဆီပဲ သွားလိုက်ကြတယ်။ ရှုယန်က ကလေးမွေးတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။

"သူမ မွေးချိန်စေ့သ၍ပေါ့။ ၇ပေါင်ခွဲဆိုတော့ ကလေးသေးသေးလေး မဟုတ်ဘူးပဲ။ နင်တို့ ဘယ်ဆေးရုံမှာလဲ"ဘယ်လိုပဲဖြစ်ဖြစ် သူမ အလည်သွားချင်တယ်။

"ပြည်သူ့ဆေးရုံမှာ။ မင်း လာစရာ မလိုပါဘူး။ ကျွန်တော်တို့ မကြာခင် ဆေးရုံဆင်းတော့မှာ။"

"ဒါဆိုလည်း ကောင်းပြီလေ။ ရွှီရွှီနဲ့ ကလေးဆီ အလည်လာဖို့ ညနေကျမှ နင့်အိမ်လှည့်ဝင်ခဲ့ အုံးမယ်။

နန်မြို့တော်မှာ မွေးကင်းစကလေးတွေအတွက် ဘာပေးကြလဲ မသိပေမယ့် ရှုယန် ဖန်တီးကြံဆရလိမ့်မယ်။ သူမ ဆောင်းရာသီဝတ်စုံ နှစ်စုံ၊ ကလေးသုံးပုဝါ၊ ရေချိုးခန်းသဘတ် နှစ်ထည်၊ ဦးထုတ်လေးနှစ်လုံးနဲ့ ချည်သားခြေစွပ်နှစ်စုံ ယူသွားတယ်။ ခိုငါးကောင်လည်း ယူသွားတယ်။  ခိုက အဟာရ ပြန်လည်ဖြည့်တင်းခြင်းအတွက် ကောင်းတယ်လို့ သူမကြားဖူးတယ်။ ခိုသားစားဖို့ ပြင်ဆင်သွားလိုက်တယ်။ ကျန်းဟွာရွှီအိမ်မှာ ရေခဲသေတ္တာ ရှိတာမို့လို့ ပြဿနာရှိမှာမဟုတ်ဘူး။ ရှုယန် အနီရောင် စာအိတ်လည်း ပြင်ဆင်ထားတယ်။ ယွမ် ၈၀၀ က အများကြီးမဟုတ်ပေမယ့် ကံကောင်းစေမယ့် ပမာဏဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Tahanan ng mga kuwento. Tumuklas ngayon