99▪️100

3K 423 5
                                    

အခန်း(၉၉) - ဦးဆုံး ဖောက်သည်(2)

ချန်ဖေးက စကားမပြောခင် တစိမ့်စိမ့် တွေးချင့်လိုက်တယ်။ " ကျွန်တော့်မိသားစုအခြေအနေက နည်းနည်းတော့ ရှုပ်ထွေးတယ်။ ကျွန်တော့်အမေက ကျွန်တော်ငယ်ငယ်တည်းက ဆုံးသွားတာ။ ကျွန်တော်ကတော့ အဖေ နောက်အိမ်ထောင်ပြုပြီးကတည်းက ကျွန်တော့်အဘိုးအဘွားတွေနဲ့ နေခဲ့ရတာပေါ့။ လွန်ခဲ့တဲ့ နှစ်နှစ်က ကျွန်တော့်အဘိုးအဘွားတွေလည်း ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတယ်။ ကျွန်တော့်ဇာတိမြို့နဲ့ အနှောင်အဖွဲ့သိပ်မရှိဘူး။ သုံးနှစ်တစ်ကြိမ်တောင် ပြန်မရောက်ဘူး။ ကျွန်တော်က နန်မြို့တော်မှာ အခြေချဖို့ စီစဉ်နေတာ။ အိမ်တစ်လုံးဝယ်ဖို့လည်း ငွေလုံလုံလောက်လောက်စုပြီးသွားပြီ။ ဘယ်မှာဝယ်မလဲ သေချာ မဆုံးဖြတ်ရသေးရုံပဲ။ကျွန်တော်ရဲ့ အနာဂတ်ဇနီးကို ဆုံးဖြတ်ခွင့်ပေးမယ်လို့ စဉ်းစားထားတယ်။ သူမလိုချင်တဲ့နေရာ ကျွန်တော်တို့ ဝယ်မယ်။"

"ဒီဇိုင်နာချန်က အရမ်းတော်တာပဲ။ဇနီးကလွဲပြီး အားလုံး အဆင်သင့်ရှိနေတဲ့ လေသံနဲ့။ ရှင့် အရည်အချင်းနဲ့ ဘယ်လိုဖြစ်လို့ အခုထိ ချစ်သူမရှိသေးတာလဲ"

"ကျွန်တော်နန်မြို့တော်ကို ရောက်ကတည်းက အချိန်အများဆုံးကို လေ့လာသင်ကြားရင်း ကုန်ဆုံးခဲ့လေ။ ဒီနှစ်တွေအတွင်းလည်း ကျွန်တော့်အလုပ်တွေနဲ့ပဲ လုံးလည်ချာလည်လိုက်နေတာ။ ကျွန်တော်က မိန်းကလေးတွေ ကြိုက်တဲ့ ပုံစံမျိုးမဟုတ်ပဲ ပျင်းစရာကောင်းတဲ့သူမျိုး ဆိုတာ ကျွန်တော် ခန့်မှန်းမိပါတယ်။"ချန်ဖေးက ကျန်းဟွာရွှီကို ထပ်ကြည့်ရင်း ပြောလိုက်တယ်။

" မဟုတ်ပါဘူး။ အဲ့ဒါက ကောင်းတယ်လို့ ကျွန်မထင်တယ်။ အမျိုးသားတွေက အပြောအဆို မွှတ်နေဖို့မလိုဘူး။ လက်ထပ်ဖို့ တာဝန်ယူမယ့် ယောက်ျားမျိုးရှာ သင့်တယ်။ ဒီဇိုင်နာချန်မှာ အခုထိ ချစ်သူမရှိဘူးဆိုတည်းက ကျွန်မ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရင်ရော ဘယ်လိုလဲ " ရှုယန်က ကျန်းဟွာရွှီကို တမင်သက်သက် လှမ်းကြည့်လိုက်ပြီး သူမ အဓိပ္ပာယ်ကတော့ သိသာထင်ရှားနေပါတယ်။

"လောင်ပန်နျောင် (သူဋ္ဌေးမ)"ကျန်းဟွာရွှီက ရုတ်ခြည်း မတ်တပ်ထရပ်ပြီး ပြောလိုက်တယ်။"ကျွန်မ အနောက်ခန်းထဲက အဝတ်တွေစီလို့ မပြီးသေးဘူး။ ကျွန်မ…ကျွန်မ အလုပ်ပြန်သွားလုပ်တော့မယ်။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now