274▪️275▪️276

1.6K 219 4
                                    


အခန်း(၁၇၄)

ရာသီဥတုက နွေးထွေးလာတာနဲ့အမျှ လူတွေက နွေရာသီအဝတ်အစားတွေကို ပြောင်းလဲလာကြတယ်။ သဘာဝကျစွာပဲ လောင်ကျန်းရဲ့ ဆောင်းဦးရာသီဝတ် ဝတ်စုံတွေက ကောင်းကောင်း မရောင်းရတော့ဘူး။ ဟူရွေ့ ရွှယ်ဘက်မှတော့ အဆက်မပြက် တိုးတက်လျက် ရှိတယ်။သူမ စက်ရုံကို အကြိမ်များစွာ တိုးချဲ့ခဲ့ပြီး ဆက်လက်ထုတ်လုပ်ဖို့ကတော့ ရုန်းကန်နေရဆဲဖြစ်တယ်။ အခု လောင်ကျန်းရဲ့ စက်ရုံက အမှာစာ လျှော့ကျနေတာကြောင့် သူ့စက်ရုံကို ကူညီဖို့အတွက် ရှုယန် အမှာစာ တစ်စိတ်တစ်ပိုင်းကို လွှဲပြောင်းပေးလိုက်တယ်။

"ဒါက အရမ်းကို အချိန်ကိုက် ရောက်လာတာပဲ။ မင်းစဉ်းစားမိမှာ မဟုတ်ဘူး။ ငါ အရမ်းစိုးရိမ်ရလွန်းလို့လို့ ပါးစပ်ထဲ အနာတွေတောင် ပေါက်နေပြီ" ပြီးခဲ့တဲ့ ဆောင်းရာသီက ငွေအများကြီးရှာနိုင်ခဲ့တာကြောင့် သူ မိုက်ရူးရဲဆန်ခဲ့ပြီး  ဒီနှစ်အစမှာ အလုပ်သမားတွေ အများကြီးငှားထားခဲ့တယ်။ အခု သူ့မှာ အလုပ်သမားတွေ အများကြီးရှိနေပြီး အလုပ်မရှိရင် သူတို့ အလုပ်ထွက်ရမှာ သေချာတယ်။ ပြီးရင် ဒုတိယနှစ်ဝက်မှာ သူတို့ကို ပြန်အစားထိုးနိုင်မှာမဟုတ်ဘူး။ ကူညီဖို့ သူ့သူငယ်ချင်းတွေကို ဝိုင်း အကူအညီတောင်းခဲ့တယ်။ပိုက်ဆံ လုံးဝ မရှာနိုင်ရင်တောင် သူဂရုမစိုက်ဘူး။ သူ့အလုပ်သမားတွေကိုတော့ ဆက်ထားချင်တယ်။

ကံမကောင်းစွာ ပထမနှစ်ဝက်အတွင်းမှာ မည်သူမဆို အရမ်းပူလောင်နေကြတယ်။ ဘယ်သူ့မှ သူနဲ့ အလုပ် မခွဲဝေနိုင်ကြဘူး။

" ပြဿနာမရှိပါဘူး။ ကျွန်မလည်း ရှယ်ယာဝင် တစ်ယောက်ပဲလေ" ရှုယန် အပြုံးနဲ့ ပြောလိုက်တယ်။

လောင်ကျန်းရဲ့ အကူအညီနဲ့အတူ တခြား စက်ရုံ အနည်းငယ်ရဲ့ အကူအညီနဲ့ ဆိုတော့ ယန်ရွှယ်ဘက်က ထုတ်လုပ်ရေးဖိအားက အများကြီးကို သက်သာ လျော့ပါးသွားတယ်။

"နင့်မှာ မနက်ဖြန် အချိန်ရှိလား" စာချုပ်ကို အဝေးမှာ ထားလိုက်ပြီးနောက် ဟူရွေ့ ရွှယ်မေးလိုက်တယ်။

"ဘာလဲ? ကမ်းခြေထပ်သွားမလို့လား" ရှုယန် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။ " ရာသီဥတုက အေးနေတုန်းပဲ။ ကလေးတွေကို မဖျားစေချင်ဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now