43▪️44▪️45

4.4K 623 12
                                    

Unicode

အခန်း(၄၃)-အိမ်ဝယ်ခြင်း (1)

"မင်္ဂလာပါ မိန်းကလေး၊ ရှင် အိမ်အချို့ကြည့်ဖို့ စိတ်ဝင်စားလို့လား" အရောင်းရုံးမှာ မိန်းကလေးသည် အလွန် ယဉ်ကျေးပြီး ရှုယန်ရဲ့ ပုံပန်းသွင်ပြင်ကို မဝေဖန်ခဲ့ပေ။

တိုင်းပြည်ရဲ့ စီပွားရေးက စပြီး ခုန်တက်လာနေတော့ လူတော်တော်များများ နေ့ချင်းညချင်း ချမ်းသာလာကြတယ်။ အပြင်မှာ ဝတ်စားဆင်ယင်မှု ညံ့ဖျင်းပေမယ့် အရမ်းချမ်းသားတဲ့သူတွေ အများကြီးရှိတယ်။

"ဟုတ်ကဲ့၊ ကျွန်မ အိမ်နည်းနည်းလောက် ကြည့်ချင်လို့ပါ" ရှုယန် အရောင်းမိန်းကလေးကို ပြုံးပြပြီး ပြောလိုက်တယ်။" စိတ်မရှိဘူးဆိုရင် ဒီမှာရှိတဲ့ မတူညီတဲ့ တိုက်ခန်းတွဲ အမျိုးအစားတွေကို မိတ်ဆက်ပေးပါ့လား"

"ဒါပေါ့ရှင်"အရောင်းမိန်းကလေးက အထပ်ဒီဇိုင်းတွေကို ထုတ်ယူရင်း အသေးစိတ် ချက်ကျလက်ကျတွေကို သူမနဲ့ ဖြတ်လျှောက်ရင်း ပြောပြခဲ့တယ်။

ကုမ္ပဏီပိုင်ရှင်က နန်မြို့တော်သားတစ်ယောက်ပေမယ့် တိုက်ခန်းတွဲတွေကို ဒီဇိုင်းဆွဲဖို့ gang မြို့တော်က ဒီဇိုင်းကုမ္ပဏီကို ငှားခဲ့တယ်။ အရောင်းမိန်းကလေးရဲ့ မိတ်ဆက်ပေးချက်အရ ဒီဇိုင်နာက နိုင်ငံတကာဆု အနည်းငယ်တောင်မှ ပိုင်ဆိုင်ထားတာကြောင့် သူမတို့ရဲ့တိုက်ခန်းတွဲတွေဟာ နိုင်ငံတကာ အဆင့်မှီပြီး စတိုင်ကျကျနဲ့ အထက်တန်းလွှာ ဆန်ပါတယ်တဲ့။

အခန်းဖွဲ့စည်းပုံ ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ခြုံငုံ အကဲဖြတ်ကြည့်ရင်တော့ အတော်လေး ကောင်းပါတယ်။ အခုနှစ်နှစ်ဆယ်မှာတောင်မှ နှစ်သက်ဖွယ် ကောင်းနေတုန်းပဲ။ အခု ရှုယန်လုပ်ဖို့လိုတာဆိုလို့ အခန်းပုံကြမ်းတွေက အမှန်တကယ်တွင် ဘာပုံ ပေါ်နေလဲဆိုတာ ကြည့်ဖို့ပဲ။

စုစုပေါင်း အခန်းပုံကြမ်း လေးခုရှိပြီး  ၆၀ စတုရန်းမီတာ၊ ၈၀ စတုရန်းမီတာ၊ ၉၀ စတုရန်းမီတာ နဲ့ ၁၂၀ စတုရန်းမီတာတို့ ရှိကြတယ်။ ပြီးတော့ ၁၂၀ စတုရန်းမီတာ တိုက်ခန်းက ၁၀ ခန်းလောက်ပဲရှိတယ်။

နန်မြို့တော်က အိမ်တွေက အမြဲ တင်းကျပ်ကြတယ်။ ဒေသခံနေတွေနေတဲ့ အိမ်အများစုက ၂၀ စတုရန်းမီတာ သို့မဟုတ် ၃၀-၄၀ စတုရန်းမီတာ အတွင်းလောက်ပဲ။ ဈေးနှုန်းကိုကြည့်ရင်လည်း တစ်စတုရန်းမီတာကို ဒေါ်လာ ၁,၅၀၀ဆို ၁၂၀ စတုရန်းမီတာဆို ဒေါ်လာ ၁၅၀,၀၀၀ ကျတယ်။ နန်မြို့တော်မှာ နေထိုင်သူတွေရဲ့ လစဉ်ဝင်ငွေက ဒေါ်လာ ၄၀၀ နီးနီး ရှိတော့ ဒီဈေးနှုန်းက သံသယဖြစ်စရာမလိုအောင် ကိန်းဂဏန်းကြီးတဲ့ ဈေးနှုန်းပဲ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now