467▫️468▫️469▫️470

1K 128 0
                                    


အခန်း (၄၆၇)

နှစ်သစ်ရဲ့ နောက်ထပ်ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြစ်ပါတယ်။ မိဘတွေဟာ ကျောင်းဝင်ပေါက်မှာ စိုးရိမ်ပူပန်စွာ စောင့်နေကြပြီး သူတို့ထဲမှာ ရှုယန်နဲ့ ဖုန်ကျယ်ယွီလည်း ပါတယ်။

"စိတ်မပူပါနဲ့။ ထျန်းပေါင်ရဲ့ အဆင့်တွေက ကောင်းပါတယ်။ နန်မြို့တော်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ ပြဿနာမရှိလောက်ပါဘူး။" ဖုန်ကျယ်ယွီက ရှုယန်ကို နှစ်သိမ့်ဖို့ ပြောလိုက်တယ်။

"မကြာသေးခင်က သူ အဆင့်တွေ အများကြီး ကျသွားတယ်။ သူ့ရဲ့ ပုံမှန် စွမ်းဆောင်မှုကို ထိန်းသိမ်းနိုင်ပါ့မလား မပြောတက်ဘူး။" ဂျူနီယာ အထက်တန်း ဒုတိယနှစ်ကတည်းက သူ့မှာ ကောင်မလေးရှိနေပြီး သူမနဲ့ တစ်တန်းတည်းတက်ဖို့ စာကြိုးကြိုးစားစား လုပ်ခဲ့တာကို သူမ မသိဘူးလို့ သူထင်နေတယ်။

နန်ရှန်းက သာမန် အထက်တန်းကျောင်းတစ်ခု မဟုတ်ဘဲ ကျောင်းသားတွေက ချမ်းသာရင် ချမ်းသာ မဟုတ်ရင် ဂုဏ်သတင်းကြီးတဲ့ မိသားစုက လာကြတာ ဖြစ်တယ်။

စီနီယာ ပညာသင်နှစ် ပြီးနောက် အများစုက နိုင်ငံခြား ပညာတော်သင် သွားကြတယ်။ ထျန်းပေါင်ရဲ့ ကောင်မလေးမိသားစု ချမ်းသာလာတာ ကြာပြီ ဖြစ်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် သူမကို နိုင်ငံခြားပို့လိုက်တယ်။ ထျန်းပေါင်က အချိန်အတော်ကြာ သူ့ကိုယ်သူ ပျောက်ဆုံးနေပြီး သဘာဝကျစွာပဲ သူ့အဆင့်တွေ ထိခိုက်ခဲ့တယ်။

"တကယ်လို့ ဝင်ခွင့်မရလည်း နိုင်ငံခြားကို ပို့နိုင်တာပဲ။ ကောင်မလေးသွားတဲ့ နိုင်ငံကိုသွားပေါ့။ " ဒါက ပြဿနာကြီးလို့ ဖုန်ကျယ်ယွီ မထင်ဘူး။ ထျန်းပေါင်က အချိန်မရွေး နိုင်ငံခြား ပညာတော်သင် သွားနိုင်တယ်။

ရှုယန် သူ့ကို ပြုံးပြပြီး ပြောလိုက်တယ်။" ဘယ်လို ဖြစ်သွားကြည့်ရမယ်။ ဒါမှ ထျန်းပေါင်ရဲ့ အတွေးကို ကျွန်မတို့ သိနိုင်မှာ "

သူမက တစ်ဦးတည်းသောသူ မဟုတ်ပေမယ့် သူ သူမကို သဘောကျတယ်ဆိုရင် သူမနောက် လိုက်နိုင်ဆဲဖြစ်တယ်။ ဘဝမှာ နောက်မှ နောက်မှ နောင်တမရဖို့ မစွန့်စားစရာ အကြောင်းမရှိဘူး။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now