299▫️300▫️301

1.6K 208 5
                                    


အခန်း (၂၉၉)

"ငါတကယ် တောင်းပန်ပါတယ်။ ငါမင်းကို ညွှန်းပေးတဲ့ အိမ်ရှင် နှစ်ယောက်လုံးက ဒီလိုနည်းနဲ့ပဲ အဆုံးသတ်ကုန်တယ်။" ဒါက သေချာပေါက် သူ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် အစွန်းအထင်း တစ်ခုလို့ လောင်ဟူခံစားရတယ်။ အရင်တစ်ခါကတော့ နေပါစေတော့။ ဒီတစ်ခါတော့ အိမ်ရှင်နဲ့ ချိန်းဆိုမှု လုပ်ရမယ်။

" ဒါက ရှင်နဲ့ ဘာဆိုင်လို့လဲ။ အားလုံးက ကျွန်မအရမ်းကံမကောင်းဘဲ သူတို့လို အိမ်ရှင်မျိုး တစ်ယောက်ပြီး တစ်ယောက်နဲ့ ဆုံမိတယ်လို့ပဲ ပြောရမှာပဲ" ရှုယန် ပြုံးလိုက်တယ်။ သူတို့လို အိမ်ရှင်တွေအများကြီးရှိတယ်။ အရင်က သူတို့အကြောင်း အများကြီး ကြားဖူးတယ်။သူတို့လို အိမ်ရှင်မျိုးနဲ့ ဆုံမယ်လို့ မတွေးမိရုံပဲ။

" ဒါဆို ဆိုင်ရဲ့ စီးပွားရေးက အရမ်းကောင်းတယ်လို့ တစ်ယောက်ယောက်ကို အိမ်ရှင်ရဲ့ သမီးဆီ ပြောခွင့်ပြုထားတဲ့ မင်းရဲ့ အစီအစဉ်က ဘာလဲ " လက်ဗလာနဲ့ ပြန်လာတဲ့ အစိုးရဆီက အရာရှိတွေက အိမ်ရှင်အတွက် သင်ခန်းစာကောင်းတစ်ခု ဖြစ်ပြီး ခဏလောက်တော့ သူတို့ ဘာမှလုပ်ဖို့ ကြိုးစားတော့မှာ မဟုတ်ဘူးလို့ ရှုယန် ခံစားရတယ်။

" ဒီလိုဆို သူတို့ဆိုင်ကို သေချာပေါက်ကို ပြန်ယူတော့မှာလေ။" ရှုယန်နှုတ်ခမ်း အပေါ်ဘက် နည်းနည်း ကွေးတက်သွားပေမယ့် အသေးစိတ်တော့ မပြောခဲ့ဘူး။" ကျွန်မ ရှင့်ကို ထည့်တွက်ထားတယ်နော်"

" သေချာတာပေါ့။ ငါ အဲ့ကိစ္စကို ကောင်းကောင်းကို ဂရုစိုက်ပေးမယ်လို့ အာမခံပါတယ်။ " လောင်ဟူက ရှည်ရှည်ဝေးဝေး မမေးတော့ဘဲ ချက်ချင်း သဘောတူလိုက်တယ်။ ဒီအလုပ်မျိုးက သူ့ရဲ့ မဟာမိတ်ဖြစ်တယ်။

အဲ့နေမှာ အိမ်ရှင်ရဲ့ သမီး ယန်ယန်က သူမသူငယ်ချင်းနဲ့ တွေးဆုံဖို့ သွားတဲ့ လမ်းမှာ ကားစောင့်နေတုန်း အသက်သုံးဆယ်အရွယ် အမျိုးသမီးနှစ်ယောက်လည်း ဘက်စ်ကားမှတ်တိုင်တစ်ခုတည်းကို တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာတယ်။သူတို့နှစ်ယောက်ရဲ့ လက်ထဲမှာ အမျိုးမျိုးသော အိတ်တွေနဲ့ ဈေးဝယ်ထွက်ပြီး ပြန်လာမှန်း သိသာနေတယ်။ သူမ သူတို့ကို လှည့်ကြည့်လိုက်တော့ အိတ်ပေါ်မှာ "ယန်နီ" ဆိုတဲ့ စာတန်းကို မြင်လိုက်ရတယ်။ ဒီတော့ ဒီအမျိုးသမီးတွေက ရှုယန်ရဲ့ ဆိုင်က ပြန်လာတာလား။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now