52▪️53▪️54

4.3K 595 9
                                    

     
အခန်း (52) - ပြောင်းရွှေ့ခြင်း (1)

တခြားအသုံးစရိတ်တွေပါ တစ်ပါတည်း အိမ်ကို ဝယ်ယူထားတာက ဒေါ်လာ ၄၈၅,၀၀၀ကျသင့်တယ်။ နေ့လည်တုန်းက ဒေါ်လာ၁၅၀ သုံးစွဲခဲ့တယ်။ ဒါ့အပြင် အိမ်ငှားခနဲ့ ပွဲစားခ စတာတွေက ဒေါ်လာ ၄၃၀ ဖြစ်သွားတယ်။ ပြင်ဆင်မွမ်းမံခြင်းအတွက် မနက်ဖြန်ကြရင် မန်နေဂျာဝမ်ကို ဒေါ်လာ ၁၀,၀၀၀ပေးဖို့လိုတယ်။ သူမ စုစုပေါင်း ဒေါ်လာ ၅၀၀,၀၀၀နီးပါး သုံးပြီးခဲ့ပြီ။

အိမ်ငါးလုံးကို ဒေါ်လာ ၉၁,၀၀၀နဲ့ ရောင်းထွက်ခဲ့တယ်။ယဲ့ကျစ်ချန်းရဲ့ ကုမ္ပဏီကနေ ဒေါ်လာ ၁.၅ မီလီယံ ရလာခဲ့တယ်။ အဲ့ဒါအပြင် အရင်စုထားတာက ဒေါ်လာ၁၀,၀၀၀ဆိုတော့ ဒေါ်လာ ၂.၄၂မီလီယံ ရှိတယ်။ အခု သူမမှာ ဒေါ်လာ ၁.၉၂ မီလီယံပဲ ရှိတော့တယ်။

ကလေးနှစ်ယောက်အတွက် ကျောင်းလခနဲ့ ကျောင်း ပြင်ပ အတန်းအပြင် တခြားနေထိုင်စရိတ်တွေလည်းရှိလိမ့်မယ်။ ဟုတ်တာပေါ့။ သူမကိုယ်တိုင်ပါ သုံးစွဲမယ့် တချို့အသုံးစရိတ်လေးတွေလည်း ရှိလိမ့်မယ်။ အားလုံးသာ ပြောဆိုပြီး လုပ်ပြီးရင် ဒေါ်လာ ၁.၉၂ မီလီယံဆိုတာကတောင် ငွေအများကြီးလို့တောင် မထင်ရတော့ဘူး။

အဲ့ဒါက အလုပ်မဖြစ်ဘူး။ သူမ ဝင်ငွေရဖို့ နည်းလမ်းအချို့ရှာဖို့လိုတယ်။ အလုပ်ရဖို့ဆိုတာ လက်တွေကျတဲ့ ရွှေးချယ်မှုတစ်ခုတော့ မဟုတ်ဘူးပေါ့။ မူလပိုင်ရှင်က အတန်းကျောင်းလောက်ပဲ တက်ခဲ့တာလေ။ သင့်တင့်လျှောက်ပတ်သော အလုပ်ရနိုင်ဖို့ဆိုတာ ဝေးစွပဲ။ စက်ရုံသွားပြီးလည်း အလုပ်မလုပ်ချင်ဘူး။ သူမမှာ ဂရုစိုက်ဖို့ကလေးနှစ်ယောက်ရှိတာကိုအသာထား။ သူမရဲ့အချိန်စာရင်းကိုလည်း လိုက်လျောညီထွေ ရှိဖို့လိုလိမ့်မယ်။ သူမရဲ့ အကောင်းဆုံး ရွေးချယ်မှုကတော့ ကိုယ်ပိုင်စီးပွားရေးကို စတင်ဖို့ပါပဲ။ ၉၀ ခုနှစ်တွေမှာ အမြဲ ပြောကြတာ ရှိတယ်။ ကြမ်းပြင်အနှံ့ ရွှေတွေရှိတယ်တဲ့။ ဒါပေမယ့် အဲ့ရွှေတွေကို ကောက်ယူဖို့ဆို စွမ်းရည်ရှိဖို့လဲ လိုပါသေးတယ်။

ရှုယန်ရဲ့ မိဘတွေက သူမနဲ့ သူမအစ်ကိုတွေကို သစ်သီးဆိုင်ဖွင့်ပြီး ပျိုးထောင်ခဲ့တာ။ သစ်သီးဆိုင်တစ်ဆိုင်ဆိုတာ အများကြီး မထင်ရပေမယ့် အဲ့ရဲ့ အမြတ်ကတော့ အရမ်းမြင့်တယ်။ ပုပ်သွားတဲ့ ကုန်ပစ္စည်းတွေ ရွေးထုတ်ပြီးရင်တောင်မှ 50% အမြတ်ကျန်တုန်းပဲ။ ဒါပေမယ့် သစ်သီးဆိုင်က လူတစ်ယောက်ပဲ ဆိုရင်တော့ အလုပ်အရမ်းများတယ်။ ရှုယန် အဲ့ဒါကို ကိုင်တွယ်နိုင်လိမ်မယ်လို့ မထင်မိဘူး။ ဖိနပ်ဆိုင်ရှိတဲ့ သူမဝမ်းကွဲတစ်ယောက်လည်း ရှိတယ်။အဲ့ဒါကလည်း အကျိုးအမြတ်ရှိတဲ့ လုပ်ငန်းပဲ။ ရှယန် ဖိနပ်နဲ့ အဝတ်အစားတွေဆီ လှည့်ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now