221▪️222▪️223

2K 262 3
                                    

အခန်း(၂၁၁) - ကျေးဇူးတင် ခံရဖို့အတွက် လူတွေကို သူကူညီခဲ့တာ မဟုတ်ပေမယ့် ကျေးဇူးတင်မှုကို လက်ခံရရှိခဲ့ရင် အဲ့ဒါက သေချာပေါက် အရမ်း စိတ်ကြည်နူးရတယ် (1)

ကားက အဆောက်အအုံတစ်ခုရှေ့မှာ ရပ်သွားပြီး ဖုန်ကျယ်ယွီ လေးထပ်သို့ အရင် စကားသွားပြောလိုက်တယ်။ ဓာတ်လှေကား တံခါး ပွင့်လာတာနဲ့ ဟွာအန်း လုံခြုံရေး ကုမ္ပဏီ ဆိုတဲ့ ကြီးမားတဲ့ ဆိုင်းဘုတ်ကြီး ရှိနေတယ်။ 

"ဘော့စ် သောက်ခဲ့တာလား" သူ အထဲဝင်ဝင်ချင်း လုံခြုံရေး ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး သွားဖြီးဖြီးအပြုံးကြီးနဲ့ သူ့ကို မေးလိုက်တယ်။

"ဘော့စ် အရက်သောက်ခဲ့တာ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ ဘော့စ်ရဲ့စွမ်းရည်နဲ့ဆို မမူးဘဲ ဆယ်ပုလင်း သောက်နိုင်တယ်။ " တခြားအမျိုးသားကလည်း ခပ်မြူးမြူးပုံစံနဲ့ သွားကြီးဖြီးနေတယ်။

ဖုန်ကျယ်ယွီ သူတို့ကို လှည့်ကြည့်လိုက်တော့ အမျိုးသားနှစ်ယောက်က သူတို့မျက်နှာပေါ်က အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားပြီး တည်တည်ကြည်ကြည်ဖြင့် ဖြောင့်ဖြောင့်မတ်မတ် ရပ်လိုက်တယ်။

" မနက်က ဖုန်းခေါ်တဲ့ အကြောင်းရင်းက ဘာလဲ"

" တင်ပြပါတယ်။ တချို့ကုမ္ပဏီတွေက ကျွန်တော်တို့နဲ့ အငှားစာချုပ်အသစ်လုပ်လိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖော်ပြလာပါတယ်။ ဘော့စ် ကျွန်တို့ကို စာရွက်စာတမ်းတွေ လက်မှတ်ထိုးပေးဖို့လည်း လိုပါတယ်" စကားပြောတဲ့ တစ်ယောက်က မောင်ဝေ့ဖျင်ဖြစ်ပြီး သေရေးရှင်ရေးအခြေအနေများ၌ ဖုန်ကျယ်ယွီဘေးမှာ ရပ်တည်ပေးခဲ့သူ ဖြစ်တယ်။ ပြင်းထန်‌စွာ ဒဏ်ရာရခဲ့ပြီး တိုက်ပွဲတွင် ခြေထောက်တစ်ဖက် ဆုံးရုံးခဲ့ကာ ယခုတွင်တော့ လုံခြုံရေး ကုမ္ပဏီတွင် စီမံခန့်ခွဲရေးကို ကိုင်တွယ်တယ်။ ကုမ္ပဏီရဲ့ အစုရှင်ငယ် တစ်ယောက်လည်း ဖြစ်တယ်။

ဖုန်ကျယ်ယွီ ထောင်ကထွက်လာတော့ ခဏလောက်တော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ထို့ကြောင့် သူ့ရဲဘော်ဟောင်းတွေကို သွားရှာကြည့်ခဲ့တယ်။ သူတို့အဖွဲ့က နှစ်ယောက်မှာ သေသွားပြီဖြစ်ပြီး နှစ်ယောက်က ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်။ သူတစ်ယောက်ပဲ အနာတရ မဖြစ်ခဲ့တာ ဖြစ်တယ်။ ဖုန်ကျယ်ယွီ သူတို့နဲ့ ဆုံတော့ သူတို့ရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး အသေးအမွှား လစာပေးတဲ့ အစိုးရအလုပ်မှာ တာဝန်ပေးခံလိုက်ရကြောင်း သိလိုက်ရတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||حيث تعيش القصص. اكتشف الآن