24▪️25▪️26

4.6K 649 11
                                    

unicode

အခန်း(၂၄) - သူမအတွက် နမူနာပြပေးခြင်း

မနက် ၉ နာရီ။ ယဲ့ကျစ်ချန်း လူနှစ်ယောက်ပဲ ခေါ်လာပြီး လက်ဖက်ရည်ဆိုင်ကို ရောက်လာတယ်။ရှုယန့်ရဲ့ ဘက်မှာတော့ သူမ ၊ ရှုကျန့်ယန်နဲ့ တခြား နှစ်ယောက် ရှိတယ်။

ဒီနေ့ ညှိနှိုင်းဆွေးနွေးခြင်းရဲ့ရည်ရွယ်ချက်က တိုက်ခိုက်ဖို့မဟုတ်ဘူး။

"ယန့်ယန့်၊ အဆုံးတော့လည်း ငါတို့က လက်ထပ်ထားခဲ့တဲ့ လင်မယားတွေပဲလေ။ ပြီးတော့ ငါတို့မှာ ကလေးနှစ်ယောက်လည်းရှိတယ်။ ဒါက တကယ်လိုအပ်လို့လား"ရှုယန့် ရေးထားတဲ့ ဘာမှမယူပဲ ထွက်သွားရမယ်ဆိုတဲ့ ကွာရှင်းစာရွက်ကို ကြည့်ရင်း ယဲ့ကျစ်ချန်း ပြောလိုက်တယ်။

" ယဲ့ကျစ်ချန်း..ရှင်က လက်ထပ်ထားခဲ့တဲ့ လင်မယားဆိုတာနဲ့ ပတ်သတ်ပြီး ပြောချင်သေးတာလား။ ကျွန်မကို ကွာရှင်းခွင့်ရဖို့ ဖိအားပေးတဲ့အချိန်တုန်းကတော့ ဘာလို့ မပြောခဲ့တာလဲ?ပြီးတော့ မနေ့က ကျွန်မဆီ တစ်ယောက်ယောက် စေလွှတ်ခဲ့တယ်မဟုတ်လား။ ကျွန်မသာ သတိ လုံလုံလောက်လောက်မရှိရှင် .. ဒီနေ့ ဒီနေရာမှာ ထိုင်နေနိုင်အုံးပါ့မလား။ရှင့်မှာ ဒီစကားပြောဖို့ ဘာအခွင့်အရေး ရှိလဲ" ။ ရှုယန့်သက်ပြင်းမှုတ်ထုတ်လိုက်တယ်။ အရမ်း ဒေါသထွက်လာပြီ။ "ကောင်းပြီ။ ဒီမှာ ဘာလို့ ရှိနေတာလဲ ကျွန်မတို့အားလုံးသိတယ်။ ဟန်ဆောင်နေတာ ရပ်လိုက်တော့။ အဓိပ္ပာယ်မရှိတဲ့စကားတွေရပ်ပြီး ကျွန်မရဲ့ သတ်မှတ်ချက်ကို သဘောတူလား၊ မတူလားပဲ ပြောမယ်။ ရှင်အဆင်ပြေရင် စာရွက်မှာ လက်မှတ်ထိုးလိုက်၊ ကျွန်မတို့ ကွာရှင်းကြမယ်။ အဆင်မပြေရင်လည်း တရားရုံးမှာ တွေ့ကြတာပေါ့။တရားရုံးကို ဆုံးဖြတ်ခိုင်းလိုက်မယ်"။

အခုက 90 ခုနှစ် အစောပိုင်းဆိုတော့ လူမှုအသိုင်းအဝိုင်းမှာ လူတစ်ယောက်ရဲ့ လုပ်ပုံကိုင်ပုံက အရမ်းအရေးကြီးတယ်။ရှုယန့်မှာ လိုအပ်တဲ့ သက်သေ အားလုံးရှိတာပဲလေ။ သူတို့သာ တရားရုံးကိုသွားရင် သူမသေချာပေါက်ကို အမှုနိုင်လိမ့်မယ်။

"တရားရုံးသွားချင်တာ သေချာရဲ့လား။ တရားရုံးသာသွားရင် ဓာတ်ပုံတွေ အားလုံးက တရားရုံးက လူတိုင်းအတွက် သက်သေတွေ ဖြစ်လာမှာ။ဓာတ်ပုံတွေက ကျွန်မအတွက် ရှက်စရာမရှိတော့ ဘယ်နည်းလမ်းဖြစ်ဖြစ် ကျွန်မ တကယ် ဂရုမစိုက်ဘူး"ရှုယန့် အမှုမထားသလို ပြောလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now