97▪️98

2.9K 438 9
                                    

အခန်း(၉၇) - တိရစ္ဆာန်ဥယာဉ် (4)

"ကြည့်ကြည့်၊ အမေ၊ ကျားကြီး " ‌လှောင်အိမ်ထဲက ကျားကိုကြည့်ရင်း သူ ကုန်းအော်နေတယ်။ "ကျားကြီး အကြီးကြီးပဲနော်။ သူက လူသားစားလား။ "

"စားတာပေါ့။ အထူးသဖြင့် ကလေးဆိုးလေးတွေကို စားတာ" ရှုယန် သူ့နှာခေါင်းထိပ်လေးကို တို့ရင်း ပြောလိုက်တယ်။

"မင်္ဂလာပါ အဆွေ။ မင်းတို့ ဓာတ်ပုံရိုက်ချင်လား" သူတို့ဆီကို ချဥ်းကပ်လာတဲ့ တိရစ္ဆာန်ဥယာဉ်ဝန်ထမ်းက မေးလာတယ်။

ထျန်းပေါင်က ဓာတ်ပုံရိုက်တယ်ဆိုတာဘာမှန်း အခုထိ မသိသေးဘူး။ တစ်ဖက်မှာတော့ ယဲ့ကျင်းကျင်းက ဝမ်ယိထုန်မှာရှိတဲ့ ပုံတွေကို မြင်ပြီးသွားပြီ။ သူမက မျက်နှာရဲလာပြီး နောပ်ဆုံးမှာတော့ ပြောလိုက်တယ်။ "အမေ၊ သမီ ဓာတ်ပုံ‌တစ်ပုံလောက် ရိုက်ချင်တယ်။

ဒါက ကျင်းကျင်း တစ်ခုခုကိုတောင်းဆိုတဲ့ ပထမဆုံးအကြိမ်ပဲ။ ရင်ထဲထိသွားတဲ့ ရှုယန်က သူမခေါင်းလေးကို လှမ်းပုတ်လိုက်တယ်။

"တစ်ပုံဘယ်လောက်လဲ"

"၁၀ ဒေါ်လာပါ။ အခုရိုက်ထားမယ်ဆိုရင် အိမ်ပြန်တဲ့အချိန်ဆို ရွေးလို့ရပြီ" အလုပ်သမားက သူ့အောက်ခံပြားကိုထုတ်ပြီး ငွေလက်ခံဖြတ်ပိုင်း ရေးဖို့ပြင် လိုက်တယ်။

၁၀ ဒေါ်လာက စျေးမချိုပေမယ့် အထူး အချိန်အခါ လေးမို့ ရိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့သုံးယောက် ကျားနဲ့ ဓာတ်ပုံရိုက်ခဲ့ပြီး အဲ့ပုံက သူတို့သုံးယောက်ရဲ့ ပထမဆုံး ပုံဖြစ်တယ်။

"အမေ သား ခြင်္သေ့နဲ့ ဓာတ်ပုံရိုက်ချင်တယ် !" အခုမှ ပုံဆိုတာ ဘာမှန်း သိသွားတဲ့ ယဲ့ထျန်းပေါင်က ခြင်္သေ့ကို လက်ညိုးထိုးပြပြီး အော်ပြောလိုက်တယ်။

"ကောင်းပြီ" ရှုယန် ချက်ချင်း ခေါင်းညိတ်လိုက်တယ်။ သူမ ကျင်းကျင်းကို လှည့်ကြည့်ပြီး ပြောလိုက်တယ်။"သမီးလည်း သမီးကြိုက်တဲ့ တိရစ္ဆာန်နဲ့ ဓာတ်ပုံရိုက်ဖို့ တစ်ကောင် ရွေးလို့ရတယ်။"

"ဒါဆို ပန်ဒါကို ရွေးလို့ရမလား"ယဲ့ကျင်းကျင်းက တလတ်လတ် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ မေးလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now