113▪️114▪️115

3K 417 4
                                    

အခန်း(၁၁၃)-ကံစမ်းမဲ(3)

မဲပေါက်တဲ့လူက ပန်ကာနဲ့အတူ ပျော်ရွှင်စွာ ပြန်သွားတော့တယ်။ အဝတ်ဝယ်တဲ့ အချိန်က TV ရရမယ်လို့ တွေးထားရင်တောင် အခွင့်ရေးနည်းပါးတယ်ဆိုတာတော့ သိနေခဲ့ပါတယ်။ လျှပ်စစ်ပန်ကာပေါက်လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူးပေါ့။ နောက်ပိုင်းမှာ ရာသီဥတုက အရမ်းပူလာတာမို့ လျှပ်စစ်ပန်ကာ တစ်လုံးလောက် လိုတယ်လို့ သူ့မိန်းမက ငြီးတွားနေခဲ့တာ။ အခု သူမဲပေါက်ပြီဆိုတော့ သူမ ဒါကို မြင်ရင် ပျော်နေတော့မှာပဲ။

တစ်ယောက်ယောက်က လျှပ်စစ်ပန်ကာ ကိုင်ပြီး ထွက်သွားတာကို မြင်တော့ ပွဲကြည့်နေသူတွေက ပိုပြီး စိတ်လှုပ်ရှားလာကြတယ်။ သူတို့အားလုံးက အဝတ်စားဝယ်ဖို့ ဒီလမ်းကို ရောက်လာကြတာ ဖြစ်တယ်။ ဘယ်ဆိုင်ဝယ်ဝယ် ကိစ္စမရှိပါဘူး။ ပြီးတော့ သူတို့သာ ဒီဆိုင်မှာ ဝယ်မယ်ဆိုရင် ဝင်ရောက် ကံစမ်းလို့လည်း ရနိုင်မယ်။

လက်ကမ်း ကြော်ငြာကမ်းပေးသူတစ်ယောက်မှ ဆိုင် ပြင် မထွက်ဘဲ ကူညီပေးနေကြတယ်။ ဒီလိုဆိုရင်တောင် ရှုယန်ကတော့ လူအင်အားနည်းနေသေးတယ်လို့ ခံစားနေရတုန်းပဲ။

"ဒါက 112 ဒေါ်လာပါ။ ရှင်က ဒေါ်လာ 120 ပေးထားတော့ ဒါက ရှင့်ရဲ့ ပြန်အန်းငွေ 8 ဒေါ်လာပါ" ရှုယန်က ငွေယူ၊ ငွေအန်းခြင်းနဲ့ အလုပ်ရှုပ်နေတယ်။ သူမမှာ ရောင်းပေးဖို့အတွက် အချိန်လုံးဝမရှိဘူး။

နောက်ဆုံး လူကျဲသွားတဲ့အချိန်မှာတော့ မွန်းတည့်နေပြီ ဖြစ်တယ်။ ရှုယန်က နားချိန်ရောက်ခါနီးမှာ ကျန်းဟွာရွှီကို နေ့လည်စာ သွားဝယ်ဖို့ အိတ်ထဲကနေ ပိုက်ဆံအချို့ ယူပေးလိုက်တယ်။

" ဘော့စ် အရင် နေ့လည်စာ မစားချင်ဘူးလား။" ငွေကို ကိုင်ထားတဲ့ ကျန်းဟွာရွှီက မေးလိုက်တယ်။

" မဟုတ်ဘူး။ ငါစားဖို့ မဟုတ်ဘူး။ ငါက ကုန်ပစ္စည်းယူဖို့ စက်ရုံကို သွားရမှာ။ အထည်တွေ တန်းမှာ ပြန်ဖြည့်ဖို့ ဆိုင်ကို နည်းနည်းလောက် ရှင်းထားလိုက်ဦး။ ပြီးရင် နားလိုက်တော့ " ဆိုင်တံခါးဝသို့ ရောက်တဲ့အခါ ရှုယန်လှည့်ပတ်ကြည့်ရင်း ထည့်ပေါင်း ပြောလိုက်တယ်။" လူတိုင်းက အလုပ်ကြိုးစားနေကြတယ်။ ဟင်းပွဲတွေ ပိုယူခဲ့ပါ။ ငါ့ငွေကို ကုန်မှာကို စိတ်ပူမနေနဲ့ "

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now