416▫️417▫️418

1K 159 0
                                    


အခန်း(၄၁၆)

"ရှင့် အမေက ဒါကို လုပ်ပေးနိုင်မှာလား " လီကျောင်းကျောင်း လက်ချင်းလိမ်ယှက်ကာ မသေချာမရေရာစွာ ပြောလိုက်တယ်။

သူတို့မှာသာ ကလေးရှိရင် ဘယ်သူကရော တခြားသူ ကလေးကို လိုချင်ပါ့မလဲ။ ကံမကောင်းစွာ အရင် တစ်ခါ ကိုယ်ဝန်ပျက်ကျမှုက သူမကို ဒဏ်ရာပြင်းထန်သွားစေတယ်။ သူမကိုယ်ဝန်ထပ်ဆောင်ဖို့ ခက်ခဲတယ်လို့ ဆရာဝန်က ပြောလိုက်တယ်။ အစကတော့ ယဲ့ကျစ်ချန်းက သူမကို နှစ်သိမ့်ဆဲဆိုပေမယ့် အချိန်ကြာလာတာနဲ့ သူမကို သည်းမခံနိုင်ဖြစ်လာတော့တယ်။

လီကျောင်းကျောင်း ယဲ့ကျစ်ချန်းကို ကောင်းကောင်း သိတယ်။ သူက အရင်တုန်းက သူ့ဇနီးအပေါ် ဖောက်ပြန်နိုင်တယ်ဆိုရင် သူ့ကလေးကို ကိုယ်ဝန်ဆောင်ဖို့ ပိုပြီး ငယ်ရွယ်လှပတဲ့ တစ်ယောက်ကို ရှာဖို့ဆိုတာ လွယ်လွယ်လေး။ နှိုင်းယှဉ်ရလျှင် သူ့ဇနီးဟောင်းရဲ့သားကို ရွေးချယ်တာက ပိုကောင်းတယ်။ သူက နှစ်အနည်းငယ်အတွင်း သူမ လက်ထဲမှာ ကြီးပြင်းလာလိမ့်မယ်။

"ငါတို့ သတင်းရတာ နည်းနည်း နောက်ကျသွားတယ်။ ရှုယန်က ရှီမြို့တော်ကနေ ထွက်သွားပြီ။ ရှု ကျန်ယန်က ဘာမှ ထုတ်မပြောမှာ သေချာတယ်။" ယဲ့ကျစ်ချန်း ဆေးလိပ်ဖွာရင်း ပြောလိုက်တယ်။ " တွေ့ခွင့်မပြုရင် ရဲခေါ်မယ်။ ငါတို့ ကွာရှင်းပြီးရင်တောင် ထျန်းပေါင်ကတော့ ငါ့သားပဲ။ ငါ့သားကို တွေ့ချင်တာက ဥပဒေနဲ့ ဆန့်ကျင်မနေဘူး။"

ရှုယန်က တုံးတော့ သူမကလေးတွေကလည်း သူမလိုပဲ တုံးအပြီး ရုပ်ဆိုးလိမ့်မယ်လို့ သူတွေးခဲ့တယ်။ ကျောင်းကျောင်းရဲ့ ကလေးကမှ ပိုကောင်းလိမ့်မယ်။ ရှုယန်ဘက်က ထိန်းသိမ်းစောင့်ရှောက်ခွင့် တောင်းလာတဲ့အချိန်မှာ သူ ဝန်စည်စလွယ်နှစ်ခုကို လျှော့ချဖို့ မစောင့်နိုင်ခဲ့ဘူး။ကျောင်းကျောင်းက ကိုယ်ဝန်ပျက်ကျသွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားမယ်လို့ ဘယ်သူသိမှာလဲ။ ဒါကြောင့်မို့လို့ သူ ရှုယန်ဆီ ထျန်းပေါင်ကို မပေးနိုင်တော့ဘူး။

"ဒါပေမယ့် ရှုယန်မှာ ကျွန်မတို့ ပုံတွေ ရှိနေတုန်းပဲ။" လီကျောင်းကျောင်း တုန့်ဆိုင်းဆိုင်း ပြောလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now