83▪️84

3.2K 445 10
                                    

အခန်း (၈၃) - အတင်းအဖျင်း (3)

ရှုယန်က နေရာကို ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်လိုက်ပြီး ဘော့စ် ကျန်းနဲ့ သူ့အဖွဲ့ မရောက်လာခင် ရိုးရှင်းတဲ့ နေ့လည်စာ စားလိုက်တယ်။ ချန်ဖေးလည်း အဲ့မှာရှိနေတယ်။ သူက တစ်ခုခုကို ရှာနေဟန် ဆိုင်အတွင်းအပြင်ကို လျှောက်သွားခဲ့တယ်။

" ဟုတ်ပြီ? တစ်ခုခုဖြစ်လို့လား" ရှုယန်ကတော့ ဆွေးနွေးချက် အသေးစိတ်အားလုံးကို ခြုံငုံမိပြီလို့ထင်တယ်။ ကိစ္စတစ်စုံတစ်ရာ ရှိမယ်လို့တော့ ရှုယန် မထင်ပါဘူး။

"အိုး၊ မဟုတ်ပါဘူး ကျွန်တော်က အသေးစိတ်အချက်အလက်တချို့ သေချာစစ်ဆေးဖို့ သူတို့နဲ့ လိုက်လာခဲ့ရုံပါပဲ။ အဲ့လိုပါ" ချန်းဖေးက အမြင်အားဖြင့ ပုံမှန်မဟုတ်သော ပြောဆိုပုံနဲ့ မေးလာတယ်။ " လောင်ပန်နျောင် ဒီမနက်က ကျွန်တော်နဲ့ ဆုံမိတဲ့ အလုပ်အင်တာဗျူးအတွက် ရောက်လာတဲ့ သူကလေ…?"

"ဟုတ်တယ်။ သူမက ကျွန်မသမီး အတန်းဖော်ရဲ့ အဒေါ်ပဲ" ရှုယန်မျက်လုံးလှိမ့်ပြီး ပြုံးလိုက်တယ်။"သူမအလုပ်လုပ်နေတဲ့ စက်ရုံက သိပ်ကောင်းကောင်းမလည်ပတ်တော့ဘူးလေ။ ဒါကြောင့် သူမက အလုပ်ထွက်ပြီး အပြင်မှာ အလုပ်ရဖို့ စီစဉ်နေတာ။ ကျွန်မ ၀န်ထမ်း ငှားနေတယ်ဆိုတာ သိလို့ သူမက လာကြည့်တာ။ သူမက ကျွန်မထက် နှစ်နှစ်ကြီးပေမယ့် ဆယ်နှစ်လောက်ငယ်ပုံပေါ်နေတယ်နော်။ ဒါက တစ်ကိုယ်သမား အမျိုးသမီးနဲ့ အိမ်ထောင်ရှင်အမျိုးသမီးကြား ကွာခြားချက်ပဲ။ "

ကျန်းဟွာရွှီက သူမထက် နှစ်နှစ်လောက်ငယ်တယ်လို့ ရှုယန် ပြောတဲ့အချိန်မှာ ချန်ဖေးဟာ စိတ်ပျက်လက်ပျက် ဖြစ်သွားပုံပေါ်ပေမယ့် သူမက တစ်ယောက်တည်း ဖြစ်နေသေးတယ်ဆိုတဲ့ အပိုင်းကိုလည်း ကြားရော သူ့မျက်လုံးတွေ တဖန် တောက်ပသွားပြန်တယ်။"သူမက တစ်ယောက်တည်း ဖြစ်နေသေးတယ်"

"ဟုတ်တယ်လေ။ သူမက လူမှန်ကို ရှာမတွေ့ခဲ့ဖူးဘူး။ အဲ့ဒါက ကြည့်ဖို့နည်းလမ်းကောင်းတစ်ခု ထင်ပါတယ်။ အိမ်ထောင်ပြုတာက ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူးလေ။ ရှင်က မှန်ကန်တဲ့ အသက်ရွယ်ရောက်တာကြောင့်မို့နဲ့ လက်ထပ်လိုက်ရုံပဲ မဟုတ်ဘူး။ " ရှုယန် ချန်ဖေးကို လှည့်ကြည့်ပြီး မေးလိုက်တယ်။ "ဒီဇိုင်နာ ချန်လည်း တစ်ယောက်တည်းပဲနော်။အင်း.. ရှင်ရွှီရွှီကို စိတ်ဝင်စားနေတာလား?" (🍂ဒီနားမှာ ပြောတဲ့ ဒီဇိုင်နာက ဗိသုကာဒီဇိုင်းဆွဲသူကို ပြောတာပါနော်။)

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now