185▪️186▪️187

2.3K 307 3
                                    

အခန်း (၁၈၅) - "မေမေ၊ ဒီနေ့ အဲ့ဦးလေးအတွက် ညစာချက်နေတာလား" (2)

"ဘော့စ်၊ ညက ကျွန်မ အကြာကြီး တွေးပြီးသွားပြီ။ ဒီတစ်ခါက ကျွန်မအမှားပါ" ရှုယန် မနေ့က သူမကို                            ဝေဖန်ပြစ်တန်တုန်း ကျန်းဟွာရွှီ အရမ်း မတရားသလို ခံစားခဲ့ရတယ်။ သူမစိတ်ထဲမှာ သူမလုပ်ခဲ့တဲ့ တာက ဆိုင်ရဲ့စိတ်ဝင်စားမှုအကောင်းဆုံးအရာနဲ့ ရှုယန်ရဲ့ ငွေတွေကို စုမိအောင် လုပ်ခဲ့တာပဲလို့ ဖြစ်တယ်။ ရှုယန်က သူမကို မချီးမွမ်းရင်တောင် အနည်းဆုံးတော့ သူမကို ဝေဖန်ပြစ်တင်တာမျိုး မလုပ်ရဘူးလေ။ ရှုယန်ထွက်သွားပြီးနောက် သူမ ချက်ချင်း ငိုချလိုက်တယ်။ မနေ့က နေ့ခင်းနဲ့ တစ်ညနေလုံး သူမ စိတ်ရှုပ်ထွေးနေခဲ့တယ်။ညရောက်တဲ့အထိ သူမ အိပ်ရာထဲ လှိမ့်ရင်း ဒါကို အချိန်ပေးပြီး အလေးအနက် တွေးနေခဲ့တယ်။သူမ တကယ် ဘောင်ကျော်သွားခဲ့တာပဲ။

သူမပြောတာကို ကြားတော့ ရှုယန် ပြုံးလိုက်တယ်။"ငါလည်း နင့်ကို ပြောတာ လွန်သွားခဲ့တယ်။ မနေ့ မထင်မှတ်ထားတဲ့ ပြင်းထန်တဲ့ ပြဿနာ ကြုံခဲ့လို့ ဖြစ်မယ်"

ကျန်းဟွာရွှီ ခေါင်းခါလိုက်တယ်။"ကျွန်မက စည်း ကျော်သွားခဲ့တာပါ။ အဲ့ဒါတွေကို ရောင်းလို့မကုန်ရင် ကျွန်မ လစာထဲကပဲ ဖြတ်လိုက်ပါ။"

ရှုယန် သူမ အပြောသက်သက် ပြောနေ မဟုတ်ပဲ အမှန်တွေပြောနေတာလားဆိုတာ သေချာစေဖို့ သူမကို ကြည့်လိုက်တယ်။ သူမ ခပ်ဖျော့ဖျော့ ပြုံးလိုက်တယ်။"မလိုပါဘူး။ နှစ်ကုန်ပရိုမိုးရှင်းကြရင် အဲ့ဒါတွေကို ရှင်းထုတ်လို့ရလိမ့်မယ်။ငါပြောတဲ့အချိန်က နင့်ကို ဆိုင်မန်နေဂျာ လုပ်ခိုင်းဖို့ ဆုံးဖြတ်ပြီးသွားပြီလို့ ဆိုလိုတာပဲ။ ဒါပေမယ့် ဆိုင်မန်နေဂျာတစ်ယောက်က အဝတ်အစား ရောင်းတာထက် ပိုလုပ်ဖို့လိုတယ်။ဆိုင်မန် နေဂျာတစ်ယောက် ဖြစ်လာရင် အရေးကြီးတဲ့အရာတွေ ပိုများကတယ်။ ပြီးတော့ ဆိုင်တစ်ခု စီမံခန့်ခွဲခြင်းမှာ လှည့်ကွက်တွေ အများရှိတယ်။ ငါလည်းပဲ သွားရင်းလာရင်းနဲ့ ကိစ္စတွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားနေတယ်။ နင်လည်း ဒီခေါင်းစဉ် ပါဝင်တဲ့ စာအုပ်တချို့ ဖတ်ကြည့်လို့ရတယ်။ ဒါပေမယ့် ငါ အစတည်းက ဒါကို ရှင်းရှင်းလင်းလင်းလုပ်ထားရမယ်။ နင်က မန်နေဂျာရာထူးကို မကိုင်တွယ်နိုင်ရင် ငါက နင်ကို ဆိုင်မန်နေဂျာဖြစ်စေမှာ မဟုတ်ဘူး။"

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now