167▪️168▪️169

2.3K 362 1
                                    

အခန်း (၁၆၇) - ပြန်ပေးဆွဲသူ (3)

"ကျွန်မ မနေ့က ဆိုင် ၁၀ ဆိုင်ကို သွားခဲ့တာ သူတို့အားလုံးက ဒီဝတ်စုံတွေကို စမ်းရောင်းကြည့်ဖို့ ဆန္ဒ ရှိတယ်တဲ့။ ကျွန်မတော့ ဒီဆောင်းဦးဝတ်အင်္ကျီနဲ့ ဘောင်းဘီက အရမ်း နာမည်ကြီးလာမယ်လို့ ခံစားနေရတယ်။ "ယဲ့ရှုချင် စာရင်း စာအုပ်ကို မြင်တဲ့အချိန်မှာ စကားပြောပြီး သွားပြီ။"ဒါက ဘာလဲ "

" ဟန်မြို့တော်မှာ ဘော့စ်ရှုလက်ခံခဲ့တဲ့ အော်ဒါတွေ။ ရှုချင်၊ ကိုယ်တို့ စက်ရုံကို ဆက်ဖွင့်ထားနိုင်တော့မယ်" လောင်ကျန်းက အရမ်းစိတ်လှုပ်ရှားနေပြီး သူ့ရုံးခန်းကို ဝိုင်းပတ်လျှောက်နေတယ်။

ရှုယန်က မနေ့က လောင်ကျန်း ပို့ပေးလိုက်တဲ့ ကုန်ပစ္စည်းတွေကို သွားယူလိုက်တယ်။ အရောင်ကွဲ
နဲ့ ပုံစံကွဲ ဆယ်စုံစီပဲ ရှိပြီး ဆိုင်တွေကြား ခွဲပေးဖို့ မလုံလောက်ဘူး။ ရှုယန် လျိုကျဲကိုပဲ အားလုံးပေးလိုက်တယ်။ မနက်ဖြန်တော့ တခြား ဆိုင်တွေကို ရောင်းရလိမ့်မယ်။

အစကတော့ လျိုကျဲအပါအဝင် လက်ကားရောင်းသူတွေက ရှုယန်ကို မျက်နှာသာပေးရုံသက်သက်ပဲ။ဒါ့အပြင် သူတို့က ကုန်ပစ္စည်းအတွက် စရန်ငွေပေးဖို့လည်း မလိုအပ်ဘူးလေ။အခုတော့ အမြတ်အစွန်း ပေါ်လာတာ တွေ့တော့ သူတို့က ပစ္စည်းတွေမှာယူဖို့ ပိုစိတ်အားထက်သန်လာကြတယ်။သူတို့ရဲ့ အကူအညီနဲ့ ပစ္စည်းတွေကို သေချာပေါက် ပိုမိုမြန်ဆန်စွာ ရွေ့ပြောင်းနိုင်ခဲ့တယ်။ ရှုယန်သိသလောက် ပြောရရင် ဖုန်းသွားခေါ်သည့် ဖြစ်စဉ်မှာ ခဏသာကြာခဲ့တယ်။ သူမပြန်ရောက်သောအခါ လက်ကားရောင်းသူတွေက အော်ဒါတွေထပ်တင်ထားပြီး လျိုကျဲက နောက်ထပ် အစုံ ၅ဝဝ အော်ဒါ ထပ်တင်ခဲ့တယ်။

ရှုယန် အော်ဒါအားလုံးကို လက်ခံလိုက်တယ်။ ကတိ လွန်ဖို့ ဖြစ်လာခဲ့ရင် သူမ တခြားစက်ရုံကို ကူထုတ်ခိုင်းလုနီးပါး ဖြစ်နိုင်တယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် အမှာစာတွေကို ဖြည့်ည့်ရလိမ့်မယ်။

ရှုယန် လောင်ကျန်းကို ဖုန်းခေါ်ပြီး ဆွေးနွေးလိုက်တယ်။ ဟန်မြို့တော်က ဈေးကွက်ကြီးတစ်ခုလို့ သူမခံစားရပြီး လက်လွှတ်သွားရင်တော့ ရှက်စရာကြီး။ ဖုန်းခေါ်ပြီးနောက် သူတို့ ယဲ့ရှုချင်ကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now