410▫️411▫️412

1.1K 161 0
                                    


အခန်း (၄၁၀)

အစ်မ(၂) ကွာရှင်းပြီးပြီးခြင်းပဲ ရှုယိုဖူ သတင်းရသွားတယ်။ မြို့က ဆွေမျိုးတွေက သူ့ကို ပြောလိုက်တာ ဖြစ်ရမယ်။ သူက ဇာတိကို ကြာကြာမပြန်လိုက်ရဘဲ မြို့ကို တဖန် ခပ်မြန်မြန် ပြန်ရောင်လာခဲ့တယ်။

"နင် ဘာတွေ ပြဿနာရှာနေတာလဲ။ မကွာရှင်းခင် ငါတို့ကိုတောင် မပြောခဲ့ဘူး။" လင်းဇီရှန်း ရှုလီကို လက်ညိုးငေါက်ငေါက်ထိုးလိုက်တယ်။ သူမ ရှုယန်ကို လှည့်ကြည့်လိုက်ပြီး ဒီကိစ္စအားလုံး နောက်ကွယ်မှာ ရှုယန်ရှိတယ်လို့ သံသယဖြစ်မိလိုက်တယ်။

ရှုယန်က ကိုယ်တိုင်အတွက် ထိုင်စရာနေရာ ရှာလိုက်တယ်။ဘာကြောင့် လူတိုင်းက ဒီကိစ္စကို သူမတိုက်တွန်းတယ်လို့ တွေးနေတာလဲ။ ယုန်တောင်မှ ချောင်ပိတ်ခံရရင် ပြန်ခံကိုက်မှာပဲ။မိသားစုက အသက်တစ်ချောင်းကို စွန့်လွှတ်ဖို့ လျှို့ဝှက်ကြံစည်နေတာကို အမေတစ်ယောက် ဖြစ်တဲ့ ရှုလီအနေနဲ့ ပြန်တိုက်ခိုက်တာ ပုံမှန်ပဲ ဖြစ်တယ်။

"အမေတို့ကို ဘာကိစ္စ ပြောရမှာလဲ။ အမေနဲ့ အဖေက သည်းခံဖို့ပဲ ပြောမှာကို။ ကျွန်မ ထပ်သည်းမခံနိုင်တော့ဘူး။" ရှုလီက မျက်ရည်အဝိုင်းသားနဲ့ ပြောလိုက်တယ်။ " အမေတို့ စိတ်မပူပါနဲ့။ ကလေးတွေကို အမေတို့ဆီ ပြန်ခေါ်မလာပါဘူး။ အမေတို့ ကျွန်မကို ကူညီဖို့လည်း မမျှော်လင့်ထားဘူး။ ကျွန်မ အလုပ်လုပ်ပြီး ကျွန်မကလေးနဲ့ ကိုယ့်ကိုယ်ကို ထောက်ပံ့မယ်။"

ရှုလီရဲ့ စကားလုံးတွေကို ကြားတော့ လင်းဇီရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်တယ်။ ရှုလီနဲ့ ရှုယန်က မတူဘူး။ ရှုယန်က ငွေတွေ အများကြီးရ သွားပြီး သူမကလေးတွေကလည်း ကျန်းမာတယ်။ သူမသာ အိမ်ကို ပြန်ပြောင်းလာချင်ရင် သူတို့ သိပ်ထောက်ပံ့ပေးရမှာ မဟုတ်ဘူး။ ရှုလီက ပိုက်ဆံအချို့ ရခဲ့ပေမယ့် အဲ့ငွေပမာဏက ဘာမှ ကာမိနိုင်မှာ မဟုတ်ဘူး။ ဖျင်အန်း ဆေးရုံတစ်ခေါက်နှစ်ခေါက်လောက် သွားပြီးရင် အားလုံး ကုန်သွားလိမ့်မယ်။ ဒါကြောင့် ငွေတွေ အားလုံး ကုန်ပြီးရင် ကလေးက ဆေးရုံမှာ လဲနေရလိမ့်မယ်။ရှုလီက ရွာကို ပြန်လာပြီး ငိုမယ်။ အဘိုးအဘွားတွေ အနေနဲ့ သူတို့က ငွေထည့်ရမှာပဲ။ သူမသား သုံးယောက်တောင် တစ်ချို့တစ်လေ ကူညီဖြည့်ဆည်းပေးရလိမ့်မယ်။ မဟုတ်ရင် ရွာမှာ အဲ့ကိစ္စ (အတင်း)ကို အဆုံးမရှိ ကြားရလိမ့်မယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||On viuen les histories. Descobreix ara