435▫️436▫️437

1K 137 5
                                    


အခန်း (၄၃၅)

ဖုန်ကျယ်ယွီ အိမ်ပြန်လာပြီးတော့ တစ်နေ့လုံး တစ်ညလုံး အိပ်ခဲ့တယ်။ရှုယန် အိမ်မှာနေပြီး သူ့ကို ဂရုစိုက်ပေးခဲ့တယ်။ သူနိုးလာပြီးတော့ သူမ ဘာမှ အကြောင်းမှ မမေးဘဲ ပုံမှန်လေသံနဲ့ မေးလိုက်တယ်။" ဗိုက်ဆာလား "

"အင်း။ ကိုယ် မင်းချက်တဲ့ ခေါက်ဆွဲစားချင်တယ်။"အပြောင်းအလဲကြောင့် ဖုန်ကျယ်ယွီ အသံက ကလူ၏မြှူ၏ ဖြစ်နေတယ်။

သူပြောတာကြားတော့ ရှုယန် ပြုံးလိုက်တယ်။" ကောင်းပြီ။ ခဏလောက် စောင့်ပါ။"

"သူနိုးပြီလား" အဒေါ်က ရှုယန်ကို မေးလိုက်တယ်။"ငါ ဆန်ပြုတ် သွားပြုတ်လိုက်မယ်။"

"နေပါ" ရှုယန် အဒေါ်ကို တားလိုက်တယ်။" သူက ကျွန်မချက်တဲ့ခေါက်ဆွဲစားချင်တယ်ပြောတယ်။ ကျွန်မ သူ့အတွက် ချက်ပေးလိုက်မယ်။

အဒေါ်က ခေါင်းညိတ်လိုက်ကာ အေပရွန်ကို ချွတ်လိုက်ပြီး စျေးခြင်းဆွဲကာ ပြောလိုက်တယ်။"ရေခဲသေတ္တာထဲမှာ အသီးအရွက် သိပ်မရှိတော့ဘူး။ ငါ သွားထပ်ဝယ်လိုက်ဦးမယ်"

ဖုန်ကျယ်ယွီ အိပ်ရာထကာ သန့်ရှင်းရေးလုပ်ပြီးနောက် ပွင့်နေတဲ့ မီးဖိုချောင်ကို မှီပြီး ရှုယန် သူ့အတွက် အလုပ်ရှုပ်နေတာကို ကြည့်နေလိုက်တယ်။"ကိုယ် အိမ်မက်ရှည် မက်ခဲ့တယ်။ ကိုယ့်အဘိုးအဘွားတွေအကြောင်း မက်ခဲ့တာ။ သူတို့က သူတို့ရောက်တဲ့နေရာမှာ ကောင်းကောင်းနေနေ ပြီး သူတို့အတွက် စိတ်မပူဖို့ ပြောတယ်။ နောက်တော့ မင်းကို အိမ်မက်မက်တယ်။ မင်းက ကိုယ့်ကို ခေါ်လိုက်တော့ ကိုယ်နိုးသွားရော။"

သူက ကိစ္စတွေကို အတွေးလွန်ခဲ့တယ်။သူ့အဘိုးအဘွားတွေက သူ့ကို သဘောမကျခဲ့ရင် သူတို့ သူ့ကို နန်မြို့တော်မှာထားမှာ မဟုတ်သလို အိမ်နဲ့ မိသားစု အမွေအနှစ်တွေကို လက်ဆင့်ကမ်း ပေးခဲ့မှာ မဟုတ်ဘူး။

သူတို့က သူ့ကို သူတို့ရဲ့မြေးဦးအဖြစ် တကယ်တွေးခဲ့တာ ဖြစ်တယ်။ ဒါကြောင်  သူ့အဖေ၊သူ့အမေ ဘယ်လိုဖြစ်ဖြစ် ကိစ္စမရှိခဲ့ဘူး။ သူက သူ့အဘိုးအဘွားတွေကိုပဲ လိုအပ်ခဲ့တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now