413▫️414▫️415

1.1K 161 1
                                    


အခန်း (၄၁၃)

သူတို့တွေ အိမ်ရှင်နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုလိုက်တယ်။ အိမ်ရှင် တစ်နှစ်စာ ငှားခကို တစ်နှစ်တစ်ကြိမ်ပေးစေလိုတယ်။ ရှုယန်ရဲ့ အစီအစဉ်က ပထမနှစ်အတွက် ငှားခကို ကူပေးပေးဖို့ ဖြစ်တယ်။ အဲ့လိုဆို သူမအပေါ် ဖိအားတွေ နည်းသွားလိမ့်မယ်။ ရှုလီက အဲ့ စီအစဉ်ကို လက်ခံဖို့ တွင်တွင် ငြင်းဆိုလိုက်တယ်။ သုံးလပတ် တစ်ကြိမ် ပေးခွင့်ရဖို့ အိမ်ရှင်နဲ့  အချိန်ယူပြီး ညှိနှိုင်းခဲ့ရတယ်။ ကြိုတင်ငွေ ယွမ် ၅ဝဝ အပါအဝင် ယွမ် ၂,၃၀၀ ကျသင့်လိမ့်မယ်။

"ငါ လောင်ဟူကို တစ်ခုခုပေးဖို့ လိုသေးလား။ စီးကရက် တစ်ဘူးဆို ရလား" လောင်ဟူက သူ့ရဲ့ အလုပ်အတွက် ပွဲစားခ ယူတယ်ဆိုတာကို ရှုလီ မသိဘူး။

"အဲ့အတွက် စိတ်မပူပါနဲ့။ ငါတို့က မိတ်ဆွေတွေ။ နောက်မှ ငါ သူ့ကို တစ်ဝိုင်းလိုက်ကျွေးလိုက်မယ်" ရှုယန်က အဲ့အကြောင်း သူမကို မပြောဖို့ ဆုံးဖြတ်လိုက်တယ်။ သူမအတွက် အဲ့ဒါကို ဖုံးထားရမယ်။

ဒီမျက်နှာသာဆိုင်က အရင်က ခေါက်ဆွဲဆိုင်ဖြစ်ပြီး စီးပွားရေးက သာမန်မျှ ဖြစ်တယ်။ မူလပိုင်ရှင် ဘာတွေ တွေးနေမှန်း ရှုယန် မစဉ်းစားတက်ဘူး။ ကျောင်းဘေးမှာ ခေါက်ဆွဲဆိုင်ဖွင့်ပြီး စီးပွားရေး ဘယ်လောက် မျှော်မှန်းထားပါလိမ့်။ နံရံတွေက နည်းနည်းညစ်ပတ်နေပြီး ဆေးသစ် သုတ်ဖို့လိုတယ်။

" ပြုပြင်မွမ်းမံခြင်းလုပ်ငန်း လုပ်တဲ့သူကို ငါသိတယ်။  ခဏနေကျရင် သူ့ကို လွှတ်လိုက်မယ်။ နင်က သုတ်ဆေးနဲ့ စင်ဆောက်ဖို့ လက်သမား နည်းနည်းလောက် ရှိရမယ်။ အဆင်သင့်ပြင်ထားလိုက်ပါ။" နေရာကို လှည့်ပတ်ကြည့်ပြီးနောက် ရှုယန် အကြံပြုလိုက်တယ်။

နောက်ဘက်မှာ မီးဖိုချောင် ရှိတယ်။ ရှုလီက အဲ့ဒါကို အသုံးမပြုမှာ သေချာတယ်။ အခန်းကို သစ်သားပြားနဲ့ ပိုင်းခြားထားနိုင်ပြီး အနောက်ဘက်ခြမ်းမှာ ချက်ပြုတ်လို့ ရလိမ့်မယ်။ တခြားတစ်ခြမ်းကိုတော့ သိုလှောင်ခန်းအဖြစ် သုံးနိုင်တယ်။

ချန်ဖေးက ဖုန်းခေါ်ပြီး မကြာခင်မှာပဲ ကူညီမယ်လို့ ချက်ချင်း ကတိပေးခဲ့တယ်။ ချန်ဖေးရဲ့ အကူအညီနဲ့ ဆို သူတို့ ချက်ချင်း စနိုင်ပြီး အလုပ်သမားများအတွက် လုပ်အားခနဲ့ ပစ္စည်းဖို့သာ ပေးချေရလိမ့်မယ်။ အဲ့ဒါက မကုန်သလောက် နီးနီး ပြစ်တယ်။ ရှုယန်မှာ မသုံးဖြစ်ပဲ စတိုခန်းထဲမှာ ရှိနေတဲ့ သူမအတွင်းခံဆိုင်ဟောင်းတုန်းက ငွေဖြတ်စက်ရှိတယ်။ အဲ့ဒါကို တစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Où les histoires vivent. Découvrez maintenant