234▪️235▪️236

1.9K 267 3
                                    

အခန်း(၂၃၄)- မင်္ဂလာ နှစ်သစ် (1)

၂၉ ရက်‌နေ့ညမှာ သူတို့သုံးယောက်လုံး ရှုယန်ရဲ့ အိပ်ရာပေါ်မှာ ကြပ်သိပ်နေခဲ့တယ်။ ရှုယန်ရဲ့ အိပ်ရာက နှစ်မီတာ ကျယ်တော့ သူတို့သုံးယောက် သက်တောင့်သက်သာ ရှိရှိနဲ့ အိပ်နိုင်တယ်။

"အမေ၊ အခုကစပြီး သားနဲ့ အိပ်လို့ရမလား"

သူတို့ နေရာသစ်ကို ပြောင်းလိုက်ကတည်းက ရှုယန်က ထျန်းပေါင်နဲ့ မအိပ်ဖြစ်တော့ဘူး။ သူမ သူ့ကို သူ့အခန်းမှာပဲ အိပ်ခိုင်းတယ်။ အခါအားလျော်စွာ သူ မိုးခြိမ်းတာ ကြောက်တဲ့အခါ ရှုယန်နဲ့ အိပ်ဖို့ သူ့ခေါင်းအုံးလေး ယူလာပြီး အိပ်နေဆဲတော့ ဖြစ်တယ်။

"ထျန်းပေါင်က ယောက်ျားတစ်ယောက် ဖြစ်ပြီးသားလေ။ ကိုယ့်ဘာကိုယ် တစ်ယောက်တည်း အိပ်ဖို့လိုတယ်။

"ထျန်းပေါင် ယောက်ျားတစ်ယောက် မဖြစ်ချင်တော့ဘူး" ထျန်းပေါင်က နှုတ်ခမ်းဆူကာ ပြောလိုက်တယ်။

ရှုယန် သူ့နှာခေါင်းလေးကို ညှစ်လိုက်တယ်။ "အဲ့လိုပြောတာ မရှက်ဘူးလား"

သူတို့ နန်မြို့တော်ကို ရောက်ပြီးနောက်ပိုင်း ကလေးနှစ်ယောက်မှာ ပြောင်းလဲမှု လက္ခဏာတွေ ရှိလာတယ်။ ကျင်းကျင်းက ပိုရွှင်ပြလာပြီး ပိုရဲရင့်လာတယ်။ ထျန်းပေါင်က ရောက်ခါစမှာ အလိုမကျ အများကြီး စိတ်ကောက်ပေမယ့် ရှုယန် သူ့ကို သင်ခန်းစာအနည်းငယ် ပေးပြီးနောက်မှာ တစ်ခါကလို သောင်းကျန်းတဲ့ ကလေး မဟုတ်တော့ဘူး ။ သူက ရှုယန်၊ ကျင်းကျင်းတို့နဲ့ ပိုနီးကပ်လာခဲ့တယ်။ ကျင်းကျင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက အရင်ကနဲ့ အများကြီး ပြောင်းလဲသွားတယ်။

ကလေးနှစ်ယောက်ကြားမှာ ရှုယန်နဲ့ မျှဝေမှာ မဟုတ်တဲ့ လျှို့ဝှက်ချက်လေးတွေ ရှိကြတယ်။ ရှုယန်ရဲ့ ပုံစံက မနာလိုပုံ ပေါ်သော်လည်း သူမ အရမ်းကျေနပ်ဝမ်းသာမိတယ်။

ကျင်းကျင်းက သူတို့ရဲ့ အိမ်ဟောင်းကို လည်ပတ်ဖို့ လုံးဝ စိတ်မဝင်စားရုံသာမက သူမ အဘိုးအဘွားနဲ့ အဖေအကြောင်းကိုလည်း စိတ်ရှိလက်ရှိကို ပြောမနေတော့ဘူး။ ထျန်းပေါင်ကတော့ တစ်ခါတစ်ရံ သူ့အဘိုးအဘွားတွေ အကြောင်းကို ပြောတယ်။ ရှုယန် သူတို့ကို မကြိုက်သလောက် ကလေးတွေရှေ့မှာတော့လည်း အပုပ်ချမှာတော့ မဟုတ်ဘူး။ တကယ်တမ်းကျတော့ ထျန်းပေါင်က သူ့ကို တကယ်ချစ်တဲ့ သူ့မိသားစုနဲ့ အဘိုးယဲ့၊အဘွားယဲ့နဲ့ နေခဲ့တာလေ။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now