111▪️112

2.7K 418 5
                                    

အခန်း(၁၁၁)-ကံစမ်းမဲ(1)

ရှုယန်ဆိုင်ကိုရောက်တော့ ကျန်းဟွာရွှီနဲ့ ယင်ယင်က  ရောက်နှင့်နေပြီ။ သူတို့နှစ်ယောက်က တကယ်ကို အလုပ် ကြိုးစားကြတယ်။ သူတို့ အလုပ်က မနက် ၉ နာရီမှ စတာပေမယ့် သူတို့က ၈ နာရီ ပုံမှန်ရောက်တယ်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းကဆိုရင် အဝတ်တွေ ကူစီဖို့အတွက် မနက်7နာရီတောင်မှ ရောက်လာခဲ့ကြတယ်။ နောက်လ လစာပေးချိန်ရောက်ရင်တော့ သူတို့ကို ဘော့နပ်စ် ပေးရမယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာက အမြဲ အပြန်အလှန်ဆိုတာ ရှိတယ်။ ရှုယန်က အရင်က အလုပ်သမား တစ်ယောက် ဖြစ်ခဲ့တော့ အသိအမှတ်မပြုခံရခြင်းနှင့် ပတ်သတ်တဲ့ ဆက်စပ်သော ဝမ်းနည်းမှုကို နားလည်တယ်။ အခု သူမကိုယ်တိုင် အလုပ်ရှင်တစ်ယောက် ဖြစ်လာပြီဆိုတော့ လျော်ကြေးက အရည်အချင်း၏ အခြေခံဖြစ်သင့်ပြီး အလုပ်သမားကောင်းတွေကို လိုအပ်သလို ချီးမွမ်းသင့်တယ်လို့ သူမခံစားရတယ်။

"ရွှီရွှီ၊ စတိုခန်းထဲမှာ လေကာအင်္ကျီ ဘယ်လောက် ကျန်သေးလဲ ကြည့်ပြီး ဘယ်ပုံစံ၊ ဘယ်အရောင်၊ ဘယ်ဆိုဒ်က အရောင်းရဆုံးလဲဆိုတာ သွားစစ်ကြည့်ပါ။" ရှုယန်က သူမရဲ့အိတ်ကို ချလိုက်ပြီး မနေ့က စားသောက်ဆိုင်ကို စာရင်းမသွင်းခဲ့က ငွေရှင်းကောင်တာအတွက်  ပြောင်းလဲမှု ယွမ်နှစ်ရာကို ရေတွက်လိုက်တယ်။

အခုတင် သူမဆိုင်က အလုပ်သမားနှစ်ယောက်မှာ တရားဝင်ဖြစ်ပြီး ရှုယန်ကတော့ ငွေရှင်းကောင်တာမှာ အများဆုံး တာဝန်ယူတယ်။ သူမထွက်မယ့် အချိန်ကျရင် ကျန်းဟွာရွှီကိုပဲ တာဝန်လွှဲပြောင်းပေးမယ်။ သူမ သူတို့ကို သူတို့ရောင်းချပြီးသွားတဲ့ ပမာဏအတွက် ကော်မရှင်ခ ပေးရအုံးမယ်။ ရှုယန် ရောင်းရငွေအားလုံးရဲ့ အသေးစိတ်အချက်အလက်တွေကို လိုအပ်တယ်။ လကုန်မှ ဘာရှုပ်ထွေးတာမျိုးမှ မလိုချင်ဘူး။

"ကျွန်မ စစ်ပြီး သွားပါပြီ။ ဒီဝါညိုနုရောင် လေကာ အင်္ကျီက အရောင်းရဆုံးပါ။ ကျွန်မတို့မှာ အသေးနဲ့ အကြီး တစ်ထည် ဆီပဲ ကျန်တော့တယ်။ဒုတိယ ရောင်းအားအကောင်းဆုံးက ဒီပန်းရောင် ပါ။ ဘောင်းဘီလည်း အတော်လေး ရောင်းကုန်တယ်။ အလတ်ဆိုဒ်က ပိုမြန်မြန်ကုန်တယ်။အနက်ရောင်ကုပ်ကတော့ ဆိုဒ်ကြီးက ရောင်းအသွက်ဆုံးပဲ။ ရောင်းရကုန်တွေအားလုံးကို ကျွန်မ ဒီမှတ်စုစာအုပ်မှာ ရေးမှတ်ထားပါတယ်။"ကျန်းဟွာရွှီက မှတ်စုစာအုပ်ကို ရှုယန်ကို ကမ်းပေးရင်း ပြောလိုက်တယ်။မှတ်စုထဲမှာ အမျိုးအစားနဲ့ ဆိုဒ်အားလုံးကို စာရင်းပြုထားတယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now