60▪️61▪️62▪️63

4.2K 595 16
                                    

အခန်း(၆၀) - ဝိတ်ချ (3)

"အိုး မင်္ဂလာပါ မစ္စရှု၊ ဝင်လာလေ၊ ဝင်လာပါ" ခြံဝန်းထဲက အရိပ်ရတဲ့သစ်ပင်ကြီးအောက်မှာ နားနေတဲ့ လောင်ဟူက ရှုယန်ကို မြင်တော့ နှုတ်ဆက်ဖို့ အလျှင်အမြန်ပဲ ထရပ်လာတယ်။

" ကျွန်မ အကူအညီတောင်းစရာရှိလို့လာတာပါ" ရှုယန် သူ့နောက်က လိုက်ဝင်လိုက်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တယ်။ ဧည့်ခန်းကို ရုံးခန်းအဖြစ် ပြောင်းလဲထားပြီး ဘယ်ဘက် နံရံပေါ်မှာ နန်မြို့တော်ရဲ့ မြေပုံ ချိတ်ဆွဲထားတယ်။ " ဘော့စ်ဟူ၊ ရှင်က နန်မြို့တော်နဲ့ အတော်လေး ရင်းနှီးတယ် မဟုတ်လား"

"မေးနေစရာကို မလိုပါဘူးဗျာ။ နန်မြို့တော်တစ်ခုလုံး ကျွန်တော့် လက်ခုံလိုမျိုးကို သိတယ်။"

ရှုယန်သူ့ကို တုန့်ပြန်ပြုံးပြလိုက်တယ်။ သူ့အမှန်တွေပြောနေတာလားဆိုတာ အချိန်ကပဲ သက်သေပြလိမ့်မယ်။

" နန်မြို့တော်တောင်ဘက်လမ်းမကြီးမှာ အထည်ဆိုင်တို့၊ ဖိနပ်ဆိုင်တို့ ရှိ၊မရှိ နဲ့ အဲ့နေရာက ဘယ်လောက်စည်ကားလဲ သိချင်လို့ပါ"

"အင်း…အဲ့လမ်းတစ်ခုလုံးက အထည်ဆိုင်တွေ၊ ဖိနပ်ဆိုင်တွေချည်းပဲ။ သူတို့က ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်း စည်ကားလာနေပြီလေ။ ဘာလို့ မေးတာလဲ။ အထည်ဆိုင်စီးပွားရေး လုပ်ဖို့ တွေးနေတာလား။ " လောင်ဟူက ရှုယန်ကို ဒွိဟ အကြည့်နဲ့ ကြည့်ရင်း မေးလိုက်တယ်။ အထည်လုပ်ငန်းက လှပဖို့တော့လိုတယ်။ သင့်ကိုယ်ပေါ်က အဝတ်အစားတွေက ကြည့်မကောင်းဘူးဆိုရင် သူတို့က သင့်ဆီက ဝယ်ကြတော့မှာ မဟုတ်ဘူးလေ။

အာ အဲ့တော့ နန်မြို့တော် တောင်ဘက်လမ်းမကြီးက ရှိနေသေးတာပဲ။ အဲစကားကြားတော့ ရှုယန် ဝမ်းသာသွားတယ်။ သူမကမ္ဘာမှာတုန်းက နန်မြို့တော် တောင်ဘက်လမ်းမကြီးက ကော်လံဖြူ အလုပ်သမားတွေအတွက် အလယ်အလတ်မှနေ အရည်အသွေးမြင့်တဲ့ အဝတ်အစားတွေ၊ ဖိနပ်တွေ၊ လက်ဝတ်ရတနာတွေ သွားဝယ်ရာနေရာ ဖြစ်တယ်။ရှုယန်ဆို အချိန်ရှိတာနဲ့ အဲ့နေရာကို သွားလေ့ရှိပြီး သူမကိုယ်သူမ ဆုချီးမြှင့်ဖို့ လှပတဲ့ အဝတ်အစား တစ်စုံ၊ နှစ်စုံလောက် သွားဝယ်ဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now