471▫️472▫️473

1K 130 0
                                    


အခန်း(၄၇၁)

ရှုယန် ဖြစ်စေ၊ ဖုန်ကျယ်ယွီဖြစ်စေ၊ ထျန်းပေါင်ကို တင်းကြပ်တဲ့ ကျင်းကျင်းဖြစ်စေ... သူဘာဖြစ်ခဲ့လဲဆိုတာ မမေးခဲ့ဘူး။ သူတို့က သူက တကယ် နိုင်ငံခြားကို ရှုခင်းကြည့်ဖို့ သွားသယောင် ဟန်ဆောင်ခဲ့တယ်။

မိဘတွေအနေနဲ့ သူ့ကို သူတို့ စိုးရိမ်ပါတယ်။ ဖြစ်ခဲ့တာတွေကို ထျန်းပေါင်ကို တိုက်ရိုက် မမေးပေမယ့် တခြားနည်းနဲ့ သူတို့ သိရှိနိုင်ပါတယ်။

ဖုန်ကျယ်ယွီက ထျန်းပေါင် C နိုင်ငံ သွားတဲ့အချိန်မှာ သူ့ကို တစ်ယောက်တစ်ယောက်အား စောင့်ကြည့်ခိုင်းထားခဲ့တယ်။ ဒါကြောင့် ဘာဖြစ်ခဲ့မှန်း သူတို့သိတယ်။

" ကိုယ်အခုပဲ ဖုန်းပြောခဲ့တယ်။ ထျန်းပေါ်က C နိုင်ငံရောက်တော့ လျိုစီချန်းနဲ့ လမ်းခွဲခဲ့ပြီး ကျောင်းမှာ သူ့ကောင်မလေးကို သွားရှာတယ်တဲ့။ သူ့ကောင်မလေးက သူနဲ့ မတွေ့ခဲ့ဘူး။ သူနဲ့တွေ့ဖို့ သဘောမတူခင် ထျန်းပေါင် နှစ်ရက်စောင့်ခဲ့ပေမယ့် သူမက ကောင်လေးအသစ် ခေါ်လာတယ်တဲ့။ သူတို့က နှစ်ကုန်မှာ စေ့စပ်ထားပြီး ဘွဲ့ရပြီးရင် လက်ထပ်မှာ "

ဆိုလိုရင်းကတော့ ထျန်းပေါင် အသဲကွဲခဲ့တယ်ပေါ့။ ရှုယန် နောင်တအပြည့်နဲ့ ခေါင်းခါလိုက်တယ်။ သူတို့နှစ်ယောက်က ဂျူနီယာတန်း ဒုတိယနှစ်ကနေ စီနီယာ အထက်တန်းကျောင်းတက်စဉ် တစ်လျှောက်လုံး ၅ နှစ်နီးပါး အတူရှိခဲ့တယ်။

ဒီမိန်းကလေးကတော့ အဆင်ပြေနိုင်လိမ့်မယ်လို့ သူမတွေးခဲ့တယ်။ အဆုံးမှာတော့ ဘွဲ့ရပြီးနောက် လမ်းခွဲခြင်းရဲ့ ကျိန်စာကို မလွတ်မြောက်နိုင်ခဲ့ဘူး။

" အဆင်ပြေပါတယ်။ သူက ငယ်သေးတယ်။ နည်းနည်းကြာပြီးရင် သူ ကျော်လွှားနိုင်လိမ့်မယ်။"

ထျန်းပေါင်က အကောင်းမြင်တတ်တဲ့ လူမျိုးဖြစ်ပြီ မကြာခင် ပြန်ကောင်းလာလိမ့်မယ်လို့ သူတို့တွေးခဲ့တယ်။

ရလဒ်အနေနဲ့ သူက ပိုပို တိတ်ဆိတ်လာပြီး တက်ကြွမှု ပျောက်ဆုံးကာ စိတ်ဓာတ်ကျလာခဲ့တယ်။

ဖုန်းကျယ်ယွီ ဒီပုံစံကို သည်းမခံနိုင်တော့ဘူး။ ဖုန်ကျယ်ယွီ အကြီးအကဲဆီကို အကူအညီလှမ်းတောင်းပြီး ထျန်းပေါင်ကို စစ်ထဲထည့်လိုက်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now