40▪️41▪️42

4.4K 606 13
                                    

Unicode

အခန်း(၄၀)-တိုက်ခန်းရှာဖွေခြင်း (40)

သူတို့က အိပ်ခန်းတွဲရထားနဲ့ စီးလာခဲ့သော်လည်း ရထားပေါ်မှာ ကောင်းကောင်း မအိပ်ခဲ့သေးတုန်းပါပဲ။ ကလေးနှစ်ယောက်က ခြေကုန်လက်ပန်းကျနေခဲ့ပြီ။ ရှုယန်သူတို့ကို ချက်ချင်း အိပ်ခွင့်မပေးခဲ့ဘူး။ သူမ သွားနေတုန်း ယဲ့ကျင်းကျင်းကို ယဲ့ထျန်းပေါင်ကို စောင့်ခိုင်းထားပြီး wonton စွပ်ပြုပ်နှစ်ပွဲ သွားဝယ်လိုက်တယ်။

၉၀ ခုနှစ်တွေရဲ့ တစ်ခါပြင်ပမာဏက များပြားပြီး နှစ်ပွဲက သူမတို့ သုံးယောက်အတွက် လောက်လောက်ငှငှရှိတယ်။

***
သူမတို့ နိုးလာ‌အချိန်မှာ မွန်းတည့်နေပြီ ဖြစ်တယ်။ သူမမှာ နာရီရော၊ ဆဲလ်ဖုန်းရော မရှိတော့ ဘယ်အချိန်ရှိပြီလဲ မသိရဘူး။ ကလေးနှစ်ယောက်က အိပ်ပျော်နေဆဲ ဖြစ်ပြီး ရှုယန် သူတို့ကို နိုးလိုက်တယ်။ သူတို့ တနေကုန် အိပ်နေကြရင် ညကျ အိပ်မပျော်ဘဲ နေလိမ့်မယ်။

"အမေ" ယဲ့ကျင်းကျင်းက သူမမျက်လုံးကို ပွတ်သပ်ရင်း နူးညံ့တဲ့အသံနဲ့ ပြောလိုက်တယ်။

"ထတော့ ၊ အမေ မင်းတို့ကို နေ့လည်စားဖို့ လိုက်ပို့ပေးမယ်"

ဆန့်ကျင်ဘက်အားဖြင့် ယဲ့ထျန်းပေါင်ရဲ့ စိတ်အခြေအနေမှာ အများကြီး ပိုဆိုးလာတယ်။ အိပ်ရာအနိုးခံရပြီးနောက် သူ ဒေါသထွက်နေတယ်။ ရှုယန်သူ့ကို နည်းနည်းလောက် ချော့မော့လိုက်ပြီး အဝတ်အစားလဲဖို့ ကူညီပေးလိုက်တယ်။

"ဘယ်လိုခံစားရလို့လဲ" ရှုယန် ဒီနေရာနဲ့ အတော်လေး ရင်းနှီးခဲ့ပေမယ့် အဲ့ ရင်းနှီးမှုက နှစ်ပေါင်းဒါဇင်ချီ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာသွားပြီ။ သူမ လက်ရှိ အခြေအနေနဲ့ လုံးလုံးမရင်းနှီးတော့ဘူး။ ကံကောင်းတဲ့ အရာကတော့ ဒီနေရာက အများကြီး မပြောင်းလဲသွားခဲ့တာပါပဲ။

သူမ မှတ်ဉာဏ်ထဲက စားသောက်ဆိုင်တစ်ခုကို ရှာတွေ့လိုက်ပေမယ့် ပိုင်ရှင်ကတော့ မတူဘူး။ ရှုယန် နည်းနည်း စိတ်အားလျော့သွားမိတယ်။

ဒီစားသောက်ဆိုင်ရဲ့ မူလပိုင်ရှင်က ရှီမြို့တော်က ဖြစ်တယ်။ မြောက်ပိုင်းက သူမရဲ့လုပ်ဖော်ကိုင်ဖက် အများစုက ဒီမှာ ညစာစားရတာကို နှစ်သက်ကြတယ်။ ရှီမြို့တော်ရဲ့ ဒေသိယစကားလေသံဖြင့် စကားပြောနေတဲ့ လင်မယားနှစ်ယောက်ရဲ့ စကားဝိုင်းကို နားထောင်ရင်း သူတို့လည်း ရှီမြို့တော်က လာတာဖြစ်ကြောင်း ရှုယန် သိလိုက်ရပေမယ့် သူတို့ရဲ့ ဟင်းတွေကတော့ နန်မြို့တော်ရဲ့ အရသာကို ပြောင်းနေပြီဖြစ်တယ်။

သူဌေးလက်သစ်၏ ဇနီးဟောင်း 🍀ဘာသာပြန်||completed||Where stories live. Discover now