Ep-131

578 18 0
                                    

Unicode Version

ShweSin: 'ရှင်ကဘာလို့ သူ့ကိုလာကြိုရတာလဲ? ရှင့်ချစ်သူက သူနဲ့အဆင်မပြေတာသိရဲ့သားနဲ့'
Mark: 'အဲ့ဒါကြောင့် မင်းတစ်မျိုးထင်မှာစိုးလို့ မင်းကိုပါခေါ်လာတာလေ'
ShweSin: 'ဟာ! စိတ်ရှုပ်လိုက်တာ! ဟိုကျောက်ရုပ်မျက်နှာကောင်ကရော? သူကဘာလုပ်နေလို့ ရှင့်ကိုလာကြိုခိုင်းတာလဲ?'
Mark: 'ဆရာက အရေးကြီး Meeting ရှိနေလို့ပါ။ အစကတော့ သူနဲ့မနွယ်နဲ့လာကြိုမလို့ပဲလေ။ မတတ်သာတဲ့အဆုံးမှသာ ကို့ကိုလွှတ်ရတာ'
ShweSin: 'အဲ့ဒါကြောင့်လေ! မတတ်သာတဲ့အဆုံးမှာ ဘာလို့ရှင်ကလာရတာလဲလို့?'
Mark: 'အာ...ဒုက္ခပါပဲ!'
ShweSin: 'ဒုက္ခ? ရှင်က သူနဲ့ပက်သက်ပြီးမှ ကျွန်မကို ဒုက္ခလို့မြင်တယ်ပေါ့?'
Mark: 'မဟုတ်ဘူး! မဟုတ်ဘူး!'

Wine: 'ကဲ! ဘယ်အချိန်ထိရန်ဖြစ်နေကြဦးမှာလဲ?'
Mark: 'ဝိုင်! ဘယ်အချိန်တည်းကရောက်နေတာလဲ?'
Wine: 'ကြာပြီ! ရန်ဖြစ်နေလို့ စောင့်နေပေးတာ။ နင်တို့က မပြီးနိုင်ဘူး'
ShweSin: 'အံမယ်! ငါ့ချစ်သူကိုအော်လားငေါက်လားနဲ့။ ရန်ဖြစ်တာက ငါလေ သူမှမဟုတ်တာ'
Wine: 'ထားပါ! ထားပါ! အတွဲတွေနဲ့ဖက်ပြီး ရန်မဖြစ်တာပဲကောင်းတယ်'
ShweSin: 'အခုတော့ပြောပြီပေါ့လေ!🙄 နင့်တုန်းကလည်း....😐'

Markရဲ့ လက်တို့ကာ သတိပေးမှုကြောင့် ရွှေစင်ပြန်ထိန်းလိုက်သော်လည်း ဝိုင်ကတော့ တစ်စုံတစ်ယောက်ကိုသတိရမိသွားပြီး ဝမ်းနည်းသွားတော့သည်။

ShweSin: 'ဆောရီး...😑'
Wine: 'ထားပါ! ကဲ! သွားကြရအောင်လေ!'
Mark: 'အင်း!'
-------------------------------------------

Naymin: 'နင်နေဖို့အတွက် နင့်အိမ်ကိုပဲပြင်ဆင်ပေးထားတယ်။ ကိုမိုးထက်မြင့်က နင့်အိမ်ကို နင့်နာမည်နဲ့လွှဲပေးခဲ့တယ်လေ။ ဘယ်လိုလဲ? ငါပြန်ပြင်ထားတာ သဘောကျရဲ့လား?'
Wine: 'အင်း! မဆိုးပါဘူး'
Nwe: 'သူတစ်ယောက်တည်းမဟုတ်ဘူးနော်! မမလည်းပါတယ်'
Naymin: 'ဟုတ်ပါတယ်! ဟုတ်ပါတယ်! မင်းလည်းပါပါတယ်။ ငါ့ကိုလက်ညှိုးထိုးပြီးခိုင်းတာလေ သူက'
Wine: '😂 ဒါကအရေးကြီးဆုံးလေ။ လက်ညှိုးထိုးပြီးခိုင်းတယ်ဆိုတာ လက်ကမလုပ်ရပေမယ့် ခေါင်းကတော့ အလုပ်လုပ်နေရတယ်လေ။ ဟုတ်တယ်မှတ်လား မမ?'
Nwe: 'ဒါပေါ့! ညီမလေးပဲ မမကိုနားလည်တယ်'
Naymin: 'မိန်းမတွေများ အပြောင်းအလဲမြန်လိုက်တာကွာ!'
Wine&Nwe: '😂😂'
Naymin: 'ဒါဆို နင်နားတော့လေ။ ငါနဲ့နွယ်နဲ့ အလုပ်ရှိသေးလို့ သွားဦးမယ်။ နောက်နေ့မှ ထပ်လာခဲ့မယ်'
Wine: 'အင်း! သတိထားပြီးသွားကြဦးနော်!'

PoisonWhere stories live. Discover now