Ep-65

453 21 0
                                    


Unicode Version

Naymin: 'ဟင်! နင်တိုက်ကားမစီးရဲဘူးမဟုတ်လား?'
Wine: 'အခုစီးချင်နေတယ်လို့'
Naymin: 'ပြီးရော ပြီးရော၊ ငါလိုက်မောင်းပေးမယ်'
Wine: 'မလိုဘူး။ ငါ့ဘာသာမောင်းမယ်'

ထိုနောက် မိုးထက်မြင့်ကိုကြည့်၍
'အမြင်မတော်တာတွေအကုန် တိုက်ပစ်မယ်' ဟုပြောလေသည်။

မိုးထက်မြင့်လည်း မိမိကိုရွဲ့ပြောမှန်းသိသဖြင့် ကြိတ်ပြုံးကာ ဝိုင့်အစီအစဉ်ကိုလက်ခံလိုက်သည်။

တိုက်ကား စ စီးတည်းက နေမင်းကတော့ ဝိုင့်ကိုတကြည့်ကြည့်နဲ့ စိတ်မချဖြစ်နေသည်။ တိုက်ကားကိုကြောက်လို့ဆိုပြီး ဝိုင်တစ်ခါမှ မစီးခဲ့ဖူးဘူးလေ။ မိုးထက်မြင့်ကတော့ ဝိုင့်အတွက် အမြင်မတော်တာဖန်တီးပေးဖို့ ဆမ်မီနဲ့အတူစီးသည်။ ရွှေစင်နဲ့ သူရိန်ကတော့ အပြင်မှာ ကျန်ခဲ့ပြီး တိုက်ပွဲကို စောင့်ကြည့်နေကြသည်။

တိုက်ပွဲစတာနဲ့ ဝိုင်ဦးစွာမောင်းထွက်ပြီး တွေ့သမျှအရာအားလုံး( နံရံပါမကျန်) ကိုဝင်တိုက်တော့သည်။
Wine: (ဒီလောက်နှစ်တွေကြာပြီ ၊ငါ့ကိုမနာလိုဖြစ်နေတုန်းပဲလား? ငါဘာတွေဆုံးရှုံးပြီး၊ ဘာတွေပေးဆပ်လိုက်ရလဲဆိုတာ၊ နင်တို့တွေ ဘာမှမသိဘူး။ ကိုယ်ခံစားရတိုင်း သူများကိုအပြစ်ဖို့ရကြေးဆိုရင်...ငါ့မှာအပြစ်တင်လို့တောင်ကုန်မှာမဟုတ်ဘူး🤬)

-------------------------------------
လွန်ခဲ့သော (၅) နှစ်ကျော်ခန့်....

ShweSin: 'ဟဲ့! နင်ဘာလို့ သူရိန့်အပေါ် ဒီလောက်ချုပ်ချယ်နေတာလဲ?'
Wine: 'တော်ပါရွှေစင်ရာ၊ ငါ နင်နဲ့အဲ့အကြောင်းပြောဖို့မလိုဘူးထင်တာပဲ'
ShweSin: 'ဪ....နင်ကကြောက်နေတာလား? နင့်ကိုထားသွားမှာကိုလေ'

ထားသွားခံရမှာကို သေလောက်အောင်ကြောက်တဲ့ Psycho ရှိနေသဖြင့် ရွှေစင့်စကားက ဝိုင့်အရှိုက်တည့်တည့်ကို ထိသွားတော့သည်။

Wine: 'နင်ဘာစကားပြောတာလဲ?'
ShweSin: 'နောက်တော့နားလည်သွားမှာပေါ့။ သေချာတာတစ်ခုကတော့ နင်ကအထားခဲ့ခံရမယ့်ကောင်မလေးပဲ'
Wine: 'နင်မဟုတ်တာတွေမပြောနဲ့၊ သူရိန်ကငါ့ကိုဒီလောက်ချစ်တာ။ ဘာလို့ထားသွားရမှာလဲ?'
ShweSin: 'ဒါကတော့ အဲ့အချိန်ကျမှ သူ့ကိုမေးကြည့်တော့ပေါ့။ သွားလိုက်ပါဦးမယ်' ဟုပြောပြီး လှည့်ထွက်သွားတော့ ဝိုင်တစ်ယောက်တည်း စိတ်ဒုက္ခများနဲ့ကျန်ခဲ့သည်။
ShweSin: (တစ်လောကလုံးကို မကြောက်တဲ့ ဖိုက်တာမက ဒီကိစ္စလောက်လေးကိုကြောက်တယ်တဲ့လား😅)
Wine: (မဟုတ်ဘူး။ သူရိန်ကငါ့ကိုဘာလို့ထားခဲ့မှာလဲ? သူငါ့ကိုချစ်တယ်၊ ဟုတ်တယ်! သူငါ့ကိုချစ်မှာပါ။ ငါ့ကိုမထားခဲ့လောက်ပါဘူး။ ငါသူ့ကိုဒီထက်ပို ဂရုစိုက်ရမယ်)

PoisonWhere stories live. Discover now