Ep-25

636 30 0
                                    


Unicode Version

Nwe: 'မောင်လေး မအိပ်သေးဘူးလား?'
မိုးထက်မြင့်လည်း တွေးနေရာမှ နွယ့်အသံကြောင့် သတိပြန်ဝင်လာသည်။
MHM: 'အိပ်မပျော်သေးလို့ မမ။ ကျွန်တော် ခဏနေအိပ်မှာပါ'
(ဝိုင်က ဘယ်လိုမှ ငွေမက်တဲ့မိန်းကလေးမဖြစ်နိုင်ပါဘူး။ သူရိန်ဘာလို့ ဒီလိုကြီး တစ်ထစ်ချယုံကြည်လိုက်ရတာလဲ? နေမင်းဆီက ပိုက်ဆံချည်းတာကြောင့်လား? ရွှေစင့်ကိုဝိုင်ပြောလိုက်တဲ့စကားကြောင့်လား? ဒါတွေက အကြောင်းအရင်းမှ မခိုင်လုံတာ။ တခြားကိစ္စရှိသေးလို့လား?)
------------------------------
Dawgyi: 'မမလေးတောင် မင်္ဂလာဆောင်ရတော့မယ်။ သူဌေးသာမြင်ရင် ဘယ်လောက်များဝမ်းသာလိုက်မလဲ။ အခုတော့...အဟင့်...'
Wine: 'ဒေါ်ကြီးရယ် စိတ်မကောင်းစရာတွေမပြောပါနဲ့'
Dawgyi: 'မဟုတ်ပါဘူး မမလေးရယ်။ သူဌေးက မမလေးရဲ့ အခုလိုလှပနေတဲ့အချိန်လေးကို မြင်မသွားရလို့ ဒေါ်ကြီး စိတ်မကောင်းဖြစ်မိလို့ပါ'
Wine: 'ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့။ ဖေဖေကဝိုင့်ကို ကြည့်နေမှာပါ'
ခြံစောင့်: 'အင်းလေ။ အဲ့ဒေါ်ကြီး စကားအပြောအဆိုကိုမတတ်ဘူး။ မင်္ဂလာဆောင်ခါနီး ဝမ်းနည်းစရာပြောပြီး ငိုစရာလား'
Dawgyi: 'ဟဲ့! ငါက မမလေးအတွက်စိတ်မကောင်းလို့ပြောတာဟဲ့'
Naymin: 'ဘာတွေစိတ်မကောင်းဖြစ်နေကြတာလဲ?'
ခြံစောင့်: 'ဒီမှာလေ ! ဒေါ်ကြီးပေါ့! မမလေးကိုမင်္ဂလာဆောင်ခါနီးမှ စိတ်မကောင်းဖြစ်အောင်ပြောနေတယ်'
Wine: 'မဟုတ်ပါဘူး။ ဒီအတိုင်း ဒေါ်ကြီးက ဖေဖေ့အတွက် စိတ်မကောင်းဖြစ်လို့နေမှာပါ'
ဝိုင့်မျက်နှာကြည့်ရုံဖြင့် ဝိုင်စိတ်မကောင်းဖြစ်နေမှန်း နေမင်းသိသည်။
Naymin: 'အင်း ဘာဖြစ်ဖြစ်ပါ။ ဒီနေ့ရဲ့ အလှဆုံး မင်းသမီးလေး တစ်ချက်လောက် ပရိတ်သတ်တွေကို ပြုံးပြပါဦး'
Wine: 'ဘယ်မှာလဲ ပရိတ်သတ်က?'
Naymin: 'ဒီမှာလေ ငါ၊ ဒေါ်ကြီး၊ မောင်ထူး'
Wine: 'ငါ့ကိုလာနောက်နေတာလား? ဝတ်စုံကြီးဝတ်ထားလို့ လေးပင်နေလို့ဆိုပြီး နင့်ကိုမချနိုင်တော့ဘူးထင်နေလား?'
Naymin: (စိတ်ပူစရာမလိုတော့ဘူး။ ဝိုင်ပြန်လာပြီ😄)
'စတာပါ။ ပွဲစတော့မယ် အဆင်သင့်ပြင်ထားနော်။ ခဏနေ နင့်အမျိုးသားလောင်း လာခေါ်လိမ့်မယ်'
Wine: 'အေးဒါနဲ့၊ သူဘယ်ရောက်နေတာလဲ? မနက်တည်းက မတွေ့ဘူး'
Dawgyi: 'ဟုတ်တယ်။ ခုဏက သတို့သားအခန်းသွားတော့လည်း မတွေ့ခဲ့ဘူး'
Naymin: 'အပေါ့အပါးတွေဘာတွေသွားလားမှမသိတာ။ စိတ်လှုပ်ရှားနေမှာပေါ့။ ဒီလောက်လှတဲ့ သတို့သမီးလေးကို ပိုင်ဆိုင်ရတော့မှာဆိုတော့'
Wine: 'အံမယ်! ထူးထူးဆန်းဆန်း နင်ငါ့ကိုအကောင်းပြောနေပါလား'
Naymin: 'အင်း ! အခုကစပြီး အကောင်းပဲပြောတော့မှာ'
Wine: 'ဪ! နောက်ဆုံးတော့ နင်အမြင်မှန်ရခဲ့ပြီပေါ့'
Naymin: 'ဟုတ်ပါရဲ့ ငါအမြင်မှန်ရတာ နောက်ကျသွားတယ်'
Wine: 'ဘာဖြစ်နေတာလဲ? ဒီနေ့ နင်ပုံစံပြောင်းနေသလိုပဲ'
Naymin: 'ဘာမှမဖြစ်ပါဘူးဟ။ နည်းနည်းပင်ပန်းနေလို့'
ထိုအချိန်တွင် သတို့သမီးအလှပြင်ခန်းအတွင်းသို့ မိုးထက်မြင့်ရောက်လာသည်။
MHM: 'ဝိုင်! သွားကြတော့မလား?'
မိုးထက်မြင့်အားမြင်သည်နှင့် ဝိုင့်မျက်နှာဆီမှအပြုံးများပြန်ပေါ်လာသည်။ နေမင်းလည်း မိုးထက်မြင့်မျက်နှာကိုတစ်လှည့် ၊ ဝိုင့်မျက်နှာကိုတစ်လှည့်ကြည့်ရင်း သဘောပေါက်လိုက်သည်။
(ကိုမိုးထက်မြင့်က တစ်ဖက်သတ်အချစ်မှမဟုတ်ပဲ...)
--------------------------
လွန်ခဲ့သော တစ်နာရီခန့်

PoisonWhere stories live. Discover now