Ep-105

358 22 0
                                    


Unicode Version

Markပေးလိုက်တဲ့ လိပ်စာအတိုင်းထွက်လာပြီး Condo တစ်ခုရှေ့၌ ကားကိုရပ်လိုက်သည်။

MHM: '၇လွှာအထိဘာလို့များသွားနေလဲမသိဘူး။ ဓာတ်လှေကားလည်းပျက်နေတယ်တဲ့😑။ မထူးပါဘူး ရောက်မှတော့သွားတွေ့ရတော့မှာပဲ'

၇လွှာကို လှေကားကနေတက်လာရသဖြင့် အခန်းရှေ့ရောက်တော့ မောဟိုက်လာသည်။ ခဏကြာတော့ မိမိလိုပဲမောမောပန်းပန်းဖြင့် တက်လာသော သူရိန့်ကိုတွေ့ရသည်။

MHM: 'ဟင်! မင်းကဒီကိုဘာလာလုပ်တာလဲ?'
သူရိန်: 'ဝိုင့်ဆီလာတာလေ'
MHM: 'ဘာ! မင်းကိုဘယ်သူက ငါ့မိန်းမဆီလာလို့ရတယ်လို့ပြောလို့လဲ?'
သူရိန်: 'အစ်ကို့ခွင့်ပြုချက်မလိုတော့ပါဘူး။ အစ်ကိုနဲ့ ဝိုင်နဲ့က ဘာမှလည်းဆိုင်တော့တာမဟုတ်ပဲနဲ့'
MHM: 'ဟေ့ရောင်! ငါတို့က တစ်အိမ်တည်းမနေကြရုံပဲရှိတာ။ ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးရသေးဘူးနော်'
သူရိန်: 'အဲ့ဒါအစ်ကို့ကြောင့်လေ၊ အစ်ကို့အမွေတွေမရမှာစိုးလို့ ဝိုင်က လက်မှတ်မထိုးသေးတာ'
MHM: 'ဘာဖြစ်ဖြစ် တရားဥပဒေအရတော့ ငါတို့က အခုထိ လင်မယားပဲ'
သူရိန်: 'ဒါသက်သက်ညစ်တာ'
MHM: 'မင်းကိုအခုပြန်ခိုင်းလိုက်ဖို့ ငါ့မှာအာဏာရှိတယ်နော်'
သူရိန်: 'အစ်ကိုနှင်လို့မရဘူး။ ဒါကနေမင်းအိမ်'

ညီအစ်ကိုနှစ်ယောက်စကားများနေတုန်းမှာပဲ ဘေးကဖြတ်လျှောက်သွားသော လူငယ်လေးက မိုးထက်မြင့်ကိုသတိထားမိသွားသည်။

MHY: 'ဟင်! ကိုမိုးထက်မြင့်!'
MHM: (လာပြန်ပြီ နောက်တစ်ရန်)
'ဪ! မင်းပဲ'
MHY: 'ကိုမိုးထက်မြင့်က ဒီမှာဘာလုပ်နေတာလဲ? ဒီအခန်းက အစ်ကိုနဲ့ ရင်းနှီးလို့လား?'
MHM: 'မင်းက ဒီအခန်းကလူကိုသိလို့လား?'
MHY: 'သိတယ်။ ကျွန်တော်ကပဲသိတာပါ။ ဒီအစ်ကိုကအမြဲ မျက်နှာကြီးဆူပုတ်နေတော့ ကျွန်တော်လည်းစကားမပြောရဲတာနဲ့ မိတ်မဆက်ဖြစ်ဘူး'
MHM: 'ဒါဆို မင်းက ဒီနားမှာနေတာလား?'
MHY: 'ဒီကပ်လျှက်အခန်းက ကျွန်တော့်အခန်းလေ'
MHM: (ထင်တဲ့အတိုင်းပဲ....မလိုပဲ အနားမှာရစ်သီရစ်သီနဲ့။ ခြင်တွေ ယင်တွေ....ဒီကောင်တွေကွာ....)
သူရိန်: (ဒီလူကချောသားပဲ။ ဒီနားကပ်လျှက်နေတာဆိုတော့ ဝိုင့်အတွက်စိတ်မချရဘူး။ ငါဒီထပ်ပိုပြီး အနီးကပ်စောင့်ရှောက်မှဖြစ်မယ်)
MHY: (ကိုမိုးထက်မြင့်ဘေးကလူကို မြင်ဖူးနေသလိုပဲ။ ချောတာတော့ တော်တော်လေးချောတယ်။ ဘယ်လိုပက်သက်တာလဲမသိဘူး)
'ဪ! ဒါနဲ့ ဝိုင်ရော? ဝိုင့်ကိုတောငါမတွေ့ရတာကြာပြီ။ အဖွားလည်းမေးနေတယ်။ ပြောလိုက်ပါဦး'
သူရိန်: (ဒီကောင်က ဝိုင့်ကိုလည်းသိနေတာလား?😐)
MHM: 'အင်း ပြောလိုက်မယ်'
MHY: 'ဒါနဲ့အစ်ကိုတို့က အခန်းရှေ့မှာဘာလုပ်နေကြတာလဲ? မဝင်ဘူးလား?'
MHM: 'ဝင်မှာ....မဝင်ခင် သူနဲ့အရင်ဆွေးနွေးစရာရှိသေးလို့'
MHY: 'ဪ...ဟုတ်ကဲ့။ ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်'
MHM: 'ကောင်းပါပြီ'

PoisonWhere stories live. Discover now