Ep-41

499 27 0
                                    


Unicode Version

ဝိုင်လည်းမိမိအား ရုတ်တရက်လာဖက်သောကြောင့် ကြက်သေ သေနေသည်။ တင်းကြပ်စွာဖက်ထားသဖြင့် တဖြည်းဖြည်းနေရလည်းခက်လာသည်။

Wine: 'ဟို! ဟိုလေ၊ ကျွန်မ အသက်ရှူကြပ်တယ်'

ဝိုင့်စကားသံကြားမှ မိုးထက်မြင့် အသိပြန်ဝင်လာသည်။ မိမိကိုယ်ကိုမိမိလည်း ဘာလုပ်လို့လုပ်မိမှန်းမသိ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

MHM: 'ဒါက...တကယ်တော့လေ...ဟို...ချော်လဲသွားတာ'
Wine: 'ဟင်! အင်း ဒါဆိုလည်း ဖယ်တော့လေ။ အသက်ရှူကြပ်ပါတယ်ဆိုမှပဲ။ ကျွန်မကို သေအောင်သတ်နေတာလား?'

ပြန်ကြည့်လိုက်တော့မှ မိမိလက်တွေက ဝိုင့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားဆဲ။

MHM: 'ဪ! အင်း။ ဖယ်မလို့ပဲ၊ ခြေထောက်နည်းနည်းနာနေလို့'
Wine: 'ဟင်! ဘယ်နား နာလို့လဲ? ပြကြည့်'

မိုးထက်မြင့်က ခြေထောက်နာတယ်ဆိုသော ဆင်ခြေဖြင့် ဖက်ထားရာမှ မှီသလို ပြုမူလိုက်သည်။ ဝိုင်လည်း မိုးထက်မြင့် တကယ်ဒဏ်ရာရနေတယ် အထင်ဖြင့် တွဲခေါ်၍ ခုံပေါ်၌ ထိုင်စေသည်။ မိုးထက်မြင့်ရဲ့ စတိုင်ဘောင်ဘီ မကြပ်မပွလေးကို ဒူးလောက်ထိ မတင်ပြီး ကြည့်သော်လည်း ဒဏ်ရာ တစ်စုံတစ်ရာမျှရှာမတွေ့။

Wine: 'ကိုမိုးထက်မြင့်! ရှင့်ဒဏ်ရာက ဘယ်နေရာမှာလဲ? ရှင့်ဘောင်းဘီလည်း ဒီထက် ထပ်တင်လို့မရတော့ဘူး'
MHM: 'ခြေချင်းဝတ်မှာလေ နာနေတာ'
Wine: 'ဟုတ်လား? ယောင်နေတာလည်းမတွေ့ပါဘူး'
MHM: 'တကယ်နာနေတာ။ လှုပ်တာနဲ့နာတယ်...အား...'

အရှက်ပြေ ပြောမိပြောရာ ပြောလိုက်တာဆိုပေမယ့်လည်း ကိုယ် စ တဲ့ဇာတ် ကိုယ်နိုင်အောင် ကရတော့တာပါပဲ။

Wine: 'ခဏလေးနော် ၊ ကျွန်မ ပရုတ်ဆီ လိမ်းပေးမယ်'
MHM: 'မင်းမှာ ပရုတ်ဆီ ပါလို့လား?'
Wine: 'ပါတာပေါ့။ ကျွန်မက ခေါင်းခဏခဏ ကိုက်တတ်လို့ဆောင်ထားတာ။ ခဏလေးပဲစောင့်'
MHM: 'အင်း၊ အင်း'

ဝိုင် ပရုတ်ဆီသွားယူတုန်း ခုံလေးပေါ်မှာ ထိုင်ကျန်ခဲ့သည်။ ခဏအတွင်းမှာပဲ ဝိုင်ပြန်ရောက်လာသည်။ ကားနှင့် စက်ရုံက ၁၀ မိနစ်စာလောက်ဝေးသည်။ ဝိုင်သွားသည်မှာ ၁ မိနစ်လောက်ပဲရှိဦးမည်။

PoisonWhere stories live. Discover now