Ep-28

579 29 0
                                    


Unicode Version

ရေချိုးပြီး Pajamas နှင့်ရေချိုးခန်းမှထွက်လာစဉ် အိပ်ရာပေါ်၌အသင့်နေရာယူနေပြီးဖြစ်သော မိုးထက်မြင့်အားတွေ့ရသည်။
Wine: 'ရှင်! ရှင်ဘာလုပ်နေတာလဲ?'
MHM: 'အနားယူနေတာလေ'
Wine: 'ရှင့်ကို ကျွန်မ ဝင်မလာနဲ့ဦးလို့ပြောထားတယ်လေ'
MHM: 'ကိုနာရီဝက် စောင့်ပြီးမှ ဝင်လာတာပါ။ မင်းကကြာနေတာ'
Wine: 'ကြာကြာပေါ့။ ရှင်ဝင်လာမယ်ဆိုလည်း ကျွန်မကို ကြိုအသိပေးသင့်တယ်'
MHM: 'ကဲ! အမိ၊ အခုကိုက မမြင်သင့်တာတွေမြင်သွားတာလည်းမဟုတ်ဘူး'
Wine: 'ဪ! ရှင်ကမြင်ချင်သေးတယ်ပေါ့?'
MHM: 'ဟေးဟေး! အကျယ်မချဲ့နဲ့။ မြင်ချင်တယ်မပြောမိပါဘူး၊ အမိက ပြချင်တယ်ဆိုရင်တော့လည်း မငြင်းပါဘူး'
Wine: 'ဘာ? ရှင်! စကားပြောရင်တော့ တကိုကိုနဲ့ တစ်စက်မှလည်းယဉ်ကျေးမှုမရှိဘူး။ မသုံးစမ်းနဲ့ အဲ့နာမ်စားက ရှင်နဲ့မလိုက်ဘူး'
MHM: 'ပြီးရောလေ! ဒါဆိုကို! အဲ! ငါလို့ပဲပြောတော့မယ်'
Wine: 'ကို ဆိုတာထက်တော့ ရှင်နဲ့လိုက်ပါတယ်'
MHM: 'ဒါနဲ့မင်းလည်း တစ်စက်မှယဉ်ကျေးမှုမရှိဘူးနော်? ငါကမင်းထက် အသက်အများကြီးကြီးတယ်လေ၊ တစ်ခါမှလေးလေးစားစားမဆက်ဆံဘူး'
Wine: 'အသက်ကြီးလို့ အလေးစားခံချင်ရင်လည်း အသက်အရွယ်နဲ့လိုက်အောင် လူရိုသေရှင်ရိုသေဖြစ်အောင်နေလေ။ ဘာလဲ ! ရှင့်ကို ဘယ်လိုနေထိုင်ရမလဲဆိုတာ ရှင့်မိဘတွေမသင်ခဲ့ဘူးလား?'
ဝိုင့်စကားကြောင့် မိုးထက်မြင့်လည်း ဒေါသထွက်လာကာ ဝိုင့်လက်ကိုဆွဲ၍ ကုတင်ပေါ်လှဲချလိုက်သည်။ ပြီးလျှင် မရုန်းနိုင်အောင် ဝိုင့်လက်နှစ်ဖက်ကို မိမိလက်နှစ်ဖက်နှင့်ချုပ်ကိုင်လျှက် အပေါ်မှ အုပ်မိုးထားသည်။
Wine: 'ရှင်၊ ရှင် ဒါဘာလုပ်တာလဲ? ကတိဖျက်ရင် ယောက်ျားမဟုတ်ဘူးနော်'
MHM: 'မင်းမှာ ဒီလိုပြောခွင့်ရှိလို့လား? ငါ့မှာရှိတဲ့တစ်ဦးတည်းသော မိဘကို ဘယ်သူကငါ့ဆီကနေအပြီးပိုင် ဆွဲခေါ်သွားတာလဲ? ...........သတိမေ့နေတာကို သတိပေးတဲ့အတွက် ကျေးဇူးတင်တယ်'
မိုးထက်မြင့်ကမျက်ရည်များဝဲလျှက် ဒေါသတကြီးပြောလာ၍ ဝိုင်လည်း အံ့ဩသွားပြီး ဆွံ့အနေသည်။ ဝိုင် မိမိအားလန့်နေသည်ကိုမြင်၍ ထထွက်ရန်ပြင်ဆင်ကာ...
MHM: 'ဪ! ဒါနဲ့ပြောရဦးမယ်။ ငါတို့ကချစ်လို့ယူထားတာမဟုတ်ဘူးနော်။ ငါတို့အဖေတွေရဲ့နောက်ဆုံးဆန္ဒကြောင့်ယူထားကြတာ။ မင်းမေ့နေမှာဆိုးလို့ပါ'
ဝိုင်လည်း ဆွံ့အမြဲဖြင့် မိုးထက်မြင့်ထွက်သွားသည်ကို ကြည့်နေမိသည်။
(ရှင်ကျွန်မအပေါ် ဒီထက်မပိုခဲ့ဘူးပေါ့...။ ကျွန်မအဖေကဒီလိုလုပ်ရပ်မျိုးကိုလုပ်ခဲ့တယ်လို့ ဘာကများ ရှင့်အတွက် သေချာနေစေခဲ့တာလဲ...။ ဖေဖေအပြစ်ကင်းကြောင်း သက်သေပြမှာပါ။ အကယ်၍များ ဖေဖေသာ ရှင်ထင်သလိုဖြစ်ခဲ့ရင် ကျွန်မ ဘဝတစ်ခုလုံးနဲ့ရင်းပြီး ရှင့်ကိုပြန်ပေးဆပ်မှာပါ)
------------------------
🎵🎶...........Ringtone
Wine: 'ဟယ်လို!'
Naymin: 'ဝိုင်ရေ ဘယ်လိုလဲ? အဆင်ပြေတယ်မှတ်လား? အဲ့လူနင့်ကိုဂရုစိုက်ရဲ့လား? အလိုရောလိုက်ရဲ့လား? စိတ်ချမ်းသာအောင်ရောထားရဲ့လား?'
Wine: 'ဟဲ့နေမင်းရယ်...ဖြည်းဖြည်းပေ့ါ ၊ ငါထွက်မပြေးပါဘူး။ ဖြည်းဖြည်းမေးလည်းရပါတယ်ဟ။ နင်သိချင်တာကိုငါသိတယ်။ သူငါ့ကိုဂရုစိုက်တယ်။ ရပြီမှတ်လား?'
Naymin: 'အင်း! ငါ နောက်လကျ ပြန်လာခဲ့မယ်'
Wine: 'ဟင်! တစ်ပတ်ပဲဆို?'
Naymin: 'အစကတော့ တစ်ပတ်ပဲ။ ဒီရောက်တော့ အလုပ်တွေပုံနေတာနဲ့ တစ်လလောက်ကြာတော့မယ်။ဒါကြောင့် ငါ့ကိုလွမ်းနေမှာဆိုးလို့ ဖုန်းဆက်ပေးတာ'
Wine: 'အပိုတွေကပြောပြန်ပြီ'
Naymin: 'ဟဲ့! တကယ်မလွမ်းဘူးလား?'
Wine: 'လွမ်းရအောင် နင်ကငါ့ရည်းစားလား?အပိုတွေပြောမနေနဲ့ ဘာကိစ္စရှိလို့ဆက်တာလဲ?'
Naymin: 'ငါမှာစရာရှိလို့ပါ။ နင့်အကြောင်းကိုသိနေတော့ ငါဒီတစ်ခုတော့ သေချာပေါက်မှာရမယ်ထင်လို့။ ပြီးတော့ မှာလိုက်မှလည်း ငါနေသာထိုင်သာရှိမှာမို့လို့ပါ'
Wine: 'နင်နိုင်ငံခြားရောက်မှ တော်တော်လျှာရှည်လာတယ်နော်! လိုရင်းကိုမရောက်တော့ဘူး'
ဝိုင့်ဆီက ရန်ထောင်သံကြားမှ သက်ပြင်းချပြီး စိတ်ချလက်ချရှိသည်။ ဝိုင်စကားကောင်းကောင်းပြောလျှင် သူတစ်စုံတစ်ခုကို ခံစားနေရတယ်ဆိုတာ သေချာသည်။
Naymin: 'ဘာရယ်မဟုတ်ပါဘူး။ နင်အရမ်းအလျှော့မပေးဖို့ပါ။ နင်ကလူတစ်ယောက်ကိုချစ်ရင် အဲ့လူဆိုးသမျှသည်းခံပြီး အရမ်းသည်းခဲအလျှော့ပေးတတ်လွန်းလို့ ငါစိတ်မချဘူး'
Wine: 'အေးပါ! အမ်! နေပါဦး။ ငါကဘယ်သူ့ကိုချစ်လို့လဲ? မချစ်ပါဘူး'
Naymin: 'တခြားလူပဲပြော။ နင်ပြောတာ သူတို့ပဲယုံမယ်။ ငါနဲ့နင်က ဗိုက်ထဲမှာတည်းက ခင်လာတာပါဟ။ နင့်ပါးစပ်ဟတာနဲ့ အူဘယ်နှခွေရှိတယ်ဆိုတာ သိတယ်ဟ'
Wine: 'ဘာ၊ ဘာမှမဟုတ်ဘူး။ မဖြစ်နိုင်တာ။ ငါကလူတစ်ယောက်ကို လွယ်လွယ်ချစ်မယ်တဲ့လား! လုံးဝမဖြစ်နိုင်ဘူး။ ဪ​! အေး ဒါပဲမှတ်လား ဖုန်းချပြီနော်'
Naymin: 'မဟုတ်ဘူးလေ။ ဟဲ့ ဟဲ့...'
'phချသွားပြန်ပြီ။ နင်ဖုန်းပဲချနေလိုက်။ ငါ့မှတ်ဉာဏ်တွေထဲမှာ နင့်ဖုန်းချတဲ့ "တီ..တီ..တီ"ဆိုတဲ့အသံတွေပဲရှိတော့တဲ့ အထိသာချနေလိုက်'

PoisonWhere stories live. Discover now