Ep-94

368 18 0
                                    

Unicode Version

မွေးနေ့ပွဲက မိုးထက်မြင့်အိမ်မှာပဲကျင်းပပေမယ့် သူငယ်ချင်းမိတ်ဆွေ အစုံအလင်တက်ရောက်သဖြင့် စည်ကားလျှက်ရှိသည်။ မိုးထက်မြင့်ကတော့ မွေးနေ့ရှင်ပီပီ ဧည့်သည်များကိုဧည့်ခံနေသည်။ နေရောင်တို့အုပ်စုကလည်း မိုးထက်မြင့်နှင့်အတူ ဧည့်ခံပေးနေသည်။ ဝိုင်ကတော့ အလှပြင်ခန်း၌ မိုးထက်မြင့်အတွက် မိမိကိုယ်မိမိအလှဆုံးဖြစ်အောင် ပြင်ဆင်နေသည်။

MakeUpmummy: 'သမီး...လည်ဆွဲကိုလေ မာမီယူလာတာလေးဆွဲမလား? သမီးနဲ့ဆို တော်တော်လှမှာ'
Wine: 'ဒီလက်စွပ်နဲ့ လိုက်ဖက်မယ့်ဟာလေးပဲဆင်ပေးပါ'
Mummy: 'လက်စွပ်လေးကလှလိုက်တာ...မာမီ့လည်ဆွဲနဲ့တော့သိပ်မလိုက်လောက်ဘူး။ တခြားတစ်ခုရွေးပေးမယ်နော်'
Wine: 'ဟုတ်'

အားလုံးကိုစိတ်တိုင်းကျပြင်ဆင်ပြီးသည်နှင့် မိတ်ကပ်ပြင်တဲ့မာမီက ဝိုင့်ကိုကြည့်ရင်း သဘောကျနေသည်။

Mummy: 'လှလိုက်တာ...သမီးကဘာနဲ့မဆို လိုက်ဖက်နေတော့တာပဲ'
Wine: 'မာမီကတော့မြှောက်ပြီ'
Mummy: 'တကယ်လှတာ...ဒါနဲ့ ဒီပွဲမှာ မီဒီယာတွေဘာတွေပါသေးလား?'
Wine: 'အာ...မာမီကလည်း သမီးတို့ကအနုပညာရှင်တွေမှမဟုတ်တာ။ ဘာလို့ မီဒီယာခေါ်ရမှာလဲ?'
Mummy: 'ညည်းယောက်ျားက အနုပညာရှင်ထက်နာမည်ကြီးနေတာကိုအေ...မခေါ်ထားလည်းပြီးရော။ ခေါ်ထားရင် မာမီ့အိတ်လေးကိုင်ခိုင်းမလို့။ Brand ကြေငြာပြီးသားဖြစ်တာပေါ့အေ'
Wine: 'မာမီကတော့လုပ်ပြီ။ မီဒီယာရှိရင်တောင် မွေးနေ့ရှင်ကသမီးမှမဟုတ်တာ...ဒီလောက်ပြင်ထားတာတောင် လွန်နေပြီ'
Mummy: 'မလွန်ပါဘူး။ ဒီညမှာ မာမီ့သမီးက မင်းသမီးပဲ'
Wine: 'မဟုတ်တာတွေ'
Mummy: 'သမီးမလုပ်ချင်ရင် မာမီလုပ်မယ်လေ🙄'
Wine: 'မာမီနော်😒'
Mummy: 'အမ်မလေး ဟုတ်ပါပြီအေ။ မရမှန်းသိပါတယ်...တိုနေလိုက်တာများ'

မာမီနှင့်စကားကောင်းနေတုန်းမှာပဲ နေမင်းရုတ်တရက်အခန်းထဲဝင်ပြေးလာသည်။

Naymin: 'ဝိုင်​ရေ လုပ်ပါဦး...'

ထိုနောက် အခန်းထဲမှ အလှပြင်ပြီးသည့်ဝိုင့်ကိုမြင်တော့ အသက်ရှူရပ်သွားသည်။

Mummy: 'ဒီတစ်ယောက်နဲ့ဆိုရင် မာမီမင်းသမီးလုပ်လို့ရတယ်မှတ်လား?'
Wine: 'မာမီကတစ်မျိုး😅....ဟဲ့! ဘာဖြစ်လာတာလဲ?'
Naymin: 'ဟင်! ဪ! အပြင်ကအခြောက်မတွေကဘယ်ကဟာတွေလဲ? ငါ့လိုက်ဆွဲနေတယ် လုပ်ဦး'

PoisonWhere stories live. Discover now